ခေါင်းလိမ်းဆီလိမ်းနည်း (The Ultimate Guide)

ခေါင်းလိမ်းဆီလိမ်းတာပဲဗျာ အမြဲဒီလိုလိမ်းနေတာပဲ ဘာတွေသိထားစရာလိုသေးလို့လဲ???

ဒီလိုဗျ...

လူအမျိုးမျိုး ဆံပင်အထွေထွေလို့ဆိုလို့ရသလို၊ ခေါင်းလိမ်းဆီတွေကလဲ အမျိုးမျိုးရှိလာပြီဆိုတော့ ပုံမှန်အားဖြင့် ကိုယ်က အသစ်တစ်မျိုးကို စမ်းသုံးတော့မယ်ဆို ကိုယ်ရွေးချယ်ထားတဲ့ ခေါင်းလိမ်းဆီနဲ့ ကိုယ့်ဆံပင်အမျိုးအစားကိုလိုက်ပြီး ကိုက်ညီမဲ့ လိမ်းပုံလိမ်းနည်းနဲ့ ပုံသွင်းပေးရပါတယ်။

ကိုယ့်အသိတစ်ယောက်ရဲ့ ဆံပင်အမျိုးအစားနဲ့ သူအဆင်ပြေနေတဲ့နည်းက ကိုယ်နဲ့အဆင်ပြေချင်မှပြေမှာကိုး။

ကဲဗျာ မရတော့ဘူးအရမ်းပြောချင်နေပြီ...

ဒီတော့ မိတ်ဆွေတို့အတွက် ခေါင်းလိမ်းဆီလိမ်းတဲ့အခါ သိထားသင့်တဲ့ အချက်အလက်လေးတွေကို တစ်ချက်လောက် ဆက်ပြီးဖတ်ကြည့်သွားကြပါဦး။

သိထားသင့်သည့် Tips များ

Tip 1: ပထမဆုံးနဲ့ အခြေခံကျဆုံးအချက်ကတော့ ခေါင်းလိမ်းဆီလိမ်းတော့မယ်ဆို လျှော်ပြီးခါစသန့်ရှင်းတဲ့ ဆံပင်မှာလိမ်းပေးရပါမယ်။ ဒါမှ ခေါင်းလိမ်းဆီရဲ့ လုပ်ဆောင်ချက်တွေကို အခြားပြင်ပအရောအနှောမပါဝင်ပဲ အပြည့်အဝရရှိမှာပါ။

Tip 2: ဒုတိယအချက်သိထားရမှာကတော့ ခေါင်းလိမ်းဆီကို ဆံပင်ထဲဝင်ပြီး တစ်ခေါင်းလုံးနှံ့အောင်သေချာလိမ်းပေးရပါမယ်။ ဆံပင်အတွက်အဓိက Hold က ဆံပင်အမြစ်ကနေလာတာဖြစ်တဲ့အတွက် ထိန်းအားကောင်းကောင်းရဖို့ Hair Root ထဲအထိရောက်ရှိအောင်လိမ်းပေးသင့်ပါတယ်။ တစ်ခါတည်း အရှေ့ဆံပင်ထဲကို ခေါင်းလိမ်းဆီတွေအများကြီးဝင်မသွားပဲ ညီညီညာညာရှိသွားအောင် ဆံပင်အနောက်ဘက်မှစပြီးလိမ်းပေးသင့်ပါတယ်။

Tip 3: တတိယအချက်ကတော့ ခေါင်းလိမ်းဆီကို ဆံပင်ပေါ်မလိမ်းခင်မှာ လက်ဖြင့်သေချာပျော်ဝင်အောင်ပွတ်တိုက်ပေးရပါမယ်။ တစ်ကြိမ်တည်းအများကြီးယူပြီးလိမ်းပစ်တာမျိုးမဟုတ်ပဲ လိုသလောက်ပမာဏအတိုင်း နဲနဲစီယူလိမ်းပေးပါ။ လိုသေးရင်ထပ်ယူလိမ်းပေးလို့ရသလို၊ ပိုသွားရင်ပြန်နှုတ်လို့မရတော့ပါဘူး။

ဒါတွေကိုသိပြီဆိုရင်တော့ ညီကိုတို့ရဲ့ဆံပင်နဲ့ အသုံးပြုမဲ့ခေါင်းလိမ်းဆီအတွက် အကိုက်ညီဆုံးဖြစ်နိုင်မဲ့နည်းလမ်းတွေကို ဝေမျှပေးသွားပါမယ်။

လိမ်းနည်း (၁) - Dry Styling

အခုခေါင်းလိမ်းဆီကိုစလိမ်းပြီး ပုံသွင်းတော့မယ်ဆိုကြပါစို့... လိမ်းနည်း (၁) ကတော့ မိတ်ဆွေတို့အားလုံးသိထားပြီးသားနည်းလမ်းဖြစ်တဲ့ ဆံပင်ကိုခြောက်သွေ့နေတဲ့ အချိန်မှာလိမ်းပေးတာပါ။

ဆံပင်ရေစိုနေတဲ့အချိန်မှာ ဖြီးလိမ်းပုံသွင်းပြီးဒီတိုင်းထားလိုက်ခြင်းက ဆံပင်အရောင်ကို ရှိသင့်တဲ့ Shine ထက်ပိုပြီး တောက်ပစေသလို၊ Hold ကိုလည်းကျသွားစေပါတယ်။

ဒါကြောင့် ခေါင်းလိမ်းဆီရဲ့ စွမ်းဆောင်ရည်အပြည့်အဝကိုရရှိစေဖို့ ဆံပင်ကိုခြောက်သွေ့နေတဲ့အချိန်မှာလိမ်းပေးပါ။ Matte Product ဆိုလဲ ဆံပင်ကိုတောက်ပစေမှုမရှိသလို၊ ပါရှိတဲ့ Hold ကိုလဲ အကောင်းဆုံးပေးသွားမှာဖြစ်ပါတယ်။ ထွေထွေထူးထူးတွေမရှိပဲ ဆံပင်ကိုခြောက်သွေ့နေချိန်မှာ တစ်ခေါင်းလုံးနှံ့အောင်လိမ်းပေးရုံပါပဲ။ ပြီးမှကိုယ်လိုသလိုပုံသွင်းနိုင်ပါတယ်။

ဒီ Dry Styling Method မှာသတိပြုရမှာကတော့ ဆံပင်ကခြောက်သွေ့နေတဲ့အတွက် များသောအားဖြင့် Dry Application ပေးတဲ့ ခေါင်းလိမ်းဆီတွေ အသုံးပြုတဲ့အခါ ဆံပင်ကပ်တာတို့၊ နှံ့အောင်လိမ်းရတာမလွယ်ကူတာမျိုးတို့ရှိလာတတ်ပါတယ်။ ဆံပင်တိုသူ၊ ဆံပင်အနေတော်ထူသူတို့နဲ့ ဆံပင်ပါးသူတို့အတွက် ကိစ္စသိပ်မရှိပေမဲ့ ဆံပင်ထူသူ၊ ဆံပင်ရှည်သူတို့မှာဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါကြောင့် ဆံပင်ထူသူတွေနဲ့ ဆံပင်ရှည်သူတို့အတွက် Dry Styling Method နဲ့လိမ်းတဲ့အခါ ချောချောမွေ့မွေ့ Medium to Smooth Application ကိုပေးနိုင်မဲ့ ခေါင်းလိမ်းဆီမျိုးကိုအသုံးပြုပေးသင့်ပါတယ်။ များသောအားဖြင့် Shine ရှိပြီး ဆံပင်တောက်ပမှုကိုပေးတဲ့ Product တွေက ချောချောမွေ့မွေ့နဲ့ ဆံပင်ထဲကောင်းကောင်းပျော်ဝင်သွားပြီး နှံ့အောင်လိမ်းပေးလို့ရစေပါတယ်။ ဒီ အမျိုးအစားတွေကို ဆံပင်လုံးဝခြောက်သွေ့နေချိန်မှာ Dry Styling Method ဖြင့်လိမ်းပေးတာ အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်။ ဆံပင်ရှည်ရှည်၊ တိုတို၊ ထူထူ၊ ပါးပါး အားလုံးအတွက်အခက်ခဲမရှိ နှံ့အောင်လိမ်းပေးနိုင်တာကိုတွေ့ရပါလိမ့်မယ်။

လိမ်းနည်း (၂) - Blowdry Styling

ဒီဒုတိယနည်းကတော့ ဆံပင်ပုံစံကို Hold ပိုကောင်းစေပြီး၊ ပို၍တာရှည်ခံစေပါတယ်။ Volume ကို ထူထူထဲထဲရှိစေပြီး၊ Dry Product မှာရှိတတ်တဲ့ ခေါင်းလိမ်းဆီခြောက်ကပ်ခြင်း၊ လိမ်းရခက်ခဲခြင်းတွေကိုလဲသက်သာစေပါတယ်။ ဒါကြောင့် Matte Finish ရချင်ပေမဲ့ ဆံပင်ရှည်သူတွေ၊ ဆံပင်ထူသူတွေအတွက်အဆင်ပြေမဲ့ နည်းလမ်းဖြစ်ပါတယ်။ Blowdry Application လို့နာမည်ပေးထားတဲ့အတိုင်း Hairdryer တစ်ခုတော့လိုမယ်ဗျ။

ဒီနည်းနဲ့ ပုံသွင်းဖို့အတွက်ဆိုရင်တော့ ဆံပင်ကိုလျှော်ပြီးခါစ ပဝါဖြင့်သုတ်ပြီး အစိုဓာတ်ရှိနေတဲ့ Towel Dried အနေအထားမျိုးမှာ လိမ်းနေကျခေါင်းလိမ်းဆီရဲ့ တစ်ဝက်လောက်ပမာဏကိုလိမ်းပေးပါ။ ရှေ့မှာပြောခဲ့သလို ခြောက်သွေ့တဲ့ Dry Application ရှိတဲ့ Product တွေ ကိုဒီနည်းနဲ့ လိမ်းပေးတာကအကောင်းဆုံးဖြစ်မှာပါ။ ရေအစိုဓာတ်ရှိတဲ့အတွက် လိမ်းတဲ့အခါ ဆံပင်ခြောက်ကပ်ခြင်းလုံးဝမရှိတော့ပဲ ချောချောမွေ့မွေ့နဲ့ ဆံပင်အမြစ်အထိနှံ့အောင် လိမ်းပေးသွားနိုင်တာကိုတွေ့ရမှာပါ။

နှံ့အောင်လိမ်းပြီးပြီဆိုတော့မှ Hair Dryer ကိုသုံး၊ ဖွပြီး လေမှုတ်အခြောက်ခံပါ။ ဆံပင်အစိုဓာတ်သိပ်မကျန်တော့တဲ့အချိန်မှာ Hair Dryer နဲ့ မှုတ်ရင်း ကိုယ်သွားချင်တဲ့ ဆံပင်ပုံစံကို လက်နဲ့ထိုးဖွပြီး ဆံပင်ခြောက်တဲ့အထိ လမ်းကြောင်းပြပြီးဖြီးပေးသွားပါ။ ဆံပင်လုံးဝခြောက်သွားတဲ့အချိန်မှာ ထူထူထဲထဲနဲ့ ပုံပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ ခေါင်းလိမ်းဆီက ဆံပင်အမြစ်ထဲအထိဝင်သွားတဲ့အတွက်လဲ ပိုပြီးထိန်းအားကောင်းသွားစေတာကို တွေ့ရမှာပါ။

ဆံပင်ခြောက်သွားတဲ့အခါမှ ခေါင်းလိမ်းဆီကိုထပ်ယူ၊ ဆံပင်အပေါ်ယံအတွက် လိုသလောက်လိမ်းပေးပြီး ပုံမှန်အတိုင်း တိတိကျကျပုံသွင်းပေးလို့ရပါပြီ။ ဒီအခါဆံပင်ကလဲခြောက်နေပြီဖြစ်တဲ့အတွက် ခေါင်းလိမ်းဆီရဲ့ Hold နဲ့ Shine/Matte Finish အစွမ်းကိုအပြည့်အဝပေးသွားမှာဖြစ်ပါတယ်။ အချိန်ကလဲအပိုသိပ်ကုန်ခြင်းမရှိပါဘူး။

Dry to Medium Application ရှိတဲ့ Product တွေကို ဒီနည်းနဲ့ လိမ်းပေးရင် ဆံပင်ပါးသူတွေအတွက် ထူထူထဲထဲဆံပင်ပုံစံကိုပေးသွားပြီး၊ ဆံပင်ထူသူတွေအတွက်လည်း ချောချောမွေ့မွေ့နဲ့ Matte Finish ကိုရစေပါတယ်။ တစ်နေ့တာဆံပင်ထိန်းအားကိုလည်းပိုပြီး ကောင်းစေတာကိုတွေ့ရမှာပါ။

လိမ်းနည်း (၃) - Pomade Priming

ဒီနောက်ဆုံးလိမ်းနည်းကတော့ Hold ကိုအကောင်းဆုံးရစေပြီး လိမ်းရတာလဲချောမွေ့စေမဲ့ နည်းလမ်းကောင်းတစ်ခုပါ။ ဒီနည်းလမ်းကတော့ Pomade Primer လို့ခေါ်ရမဲ့ Grooming Spray ကိုအသုံးပြုပြီး လိမ်းပေးခြင်းပါပဲ။ #mmgents မှ မိတ်ဆက်ပေးထားတဲ့ Suavecito Grooming Spray ကိုဒီနည်းလမ်းအတွက်အသုံးပြုပေးနိုင်ပါတယ်။

Dry Application လိုမျိုး ဆံပင်ခြောက်သွေ့တဲ့ အချိန်မှာ Grooming Spray ကို ဆံပင်ပေါ်နှံ့သွားအောင်ဖြန်းပေးပြီး သင်နှစ်သက်ရာခေါင်းလိမ်းဆီကိုလိမ်းပေး၊ ပုံသွင်းပေးရုံပါပဲ။ Grooming Spray က Non-Aerosol အရည် Type ဖြစ်တဲ့အတွက် ခေါင်းလိမ်းဆီလိမ်းရာမှာ ချောမွေ့စေပြီး၊ Hold ကိုလည်းပိုကောင်းသွားအောင်ကူညီပေးသွားမှာဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်အတွက် Blowdry Application မှာ ရေအစား Grooming Spray ကိုအစားထိုးဖြန်းပေးပြီး လိမ်းနည်း (၂) အတိုင်းလုပ်ဆောင်သွားနိုင်ပါတယ်။ ဆံပင် Volume ကို ပိုပြီးထူထူထဲထဲရှိစေပြီး သင့်တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအတွက် Hold ကိုလည်းထပ်တိုးပြီးပေးသွားမှာဖြစ်ပါတယ်။

ဒီနည်းလမ်းတွေကို သိပြီဆိုလျှင် မိတ်ဆွေတို့ရဲ့ ဆံပင်အမျိုးအစား၊ အသုံးပြုတဲ့ Product အမျိုးမျိုးနဲ့ လိုက်ဖက်ညီမဲ့ လိမ်းနည်းကို စမ်းသပ်ကြည့်ပြီး အခုပဲစတင်ရွှိုင်းလိုက်လို့ရပါပြီ။ လူတစ်ဦးနဲ့ တစ်ဦးမတူကြတော့ ဘယ်နည်းကကိုယ်နဲ့ကိုက်ညီတယ်ဆိုတာ ကွက်တိမှန်းဖို့မလွယ်တဲ့အတွက် စမ်းသပ်အဖြေရှာကြည့်ဖို့တော့လိုမယ်ဗျ။

ဒါ့အပြင် သင့်လိုအပ်တဲ့ ဆံပင်ပုံစံအတွက် အဖက်ဖက်မှကူညီပေးမဲ့ #mmgents မှ စွယ်စုံသုံး Suavecito Grooming Spray ကိုလည်းအခုအချိန်မှစပြီး အိမ်အရောက်မှာယူလို့ သင့်စိတ်တိုင်းကျ ဆံပင်ပုံစံ၊ Confidence အပြည့်နဲ့ ချီတက်နိုင်ကြပါပြီခင်ဗျာ။

#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။

သင့်နေ့စဉ်ခန့်ညားမှုအတွက်...

-The Myanmar Gentlemen Supplies-
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား မှာယူရရှိနိုင်ပါပြီ။

Visit Shop


Older Post Newer Post