အမျိုးသားတို့ကြားဂယက်ထနေတဲ့ Pomade အကြောင်း

Pomade

[pəˈmeɪd,pəˈmɑːd] (ပေါမိတ်) 

Noun:

A scented ointment, especially one used for the scalp or for dressing the hair.

 

Pomade ဆိုတာ ဘာလဲ??? 

မြန်မာနိုင်ငံက အမျိုးသားအများစု အသုံးများတာက Gel နဲ့ Wax ပါ။ တကယ်တော့ Men's Hair Grooming မှာ ဒီနှစ်ခုတင်မဟုတ်ပဲ Pomade, Clay, Cream, Paste စသည်ဖြင့် ထပ်ရှိပါသေးတယ်။

Pomade ဆိုတာ ပြင်သစ်နာမည် Pommade ကနေပြောင်းလဲလာတာပါ။ လိမ်းဆေး အဆီ လို့ အဓိပ္ပာယ်ရပါတယ်။ Latin စကားနဲ့ဆိုရင်တော့ Pomum (ပန်းသီး) ပါ။ လိမ်းဆေးအဆီကို အရင်ခေတ်က ပန်းသီးနဲ့လုပ်ကြလို့ပါတဲ့။

ခေါင်းလိမ်းဆီဆိုတာ အမှန်တော့ အဆီဓာတ်ကိုအခြေခံတဲ့ Pomade ကဆင်းသက်လာတာဖြစ်ပြီး၊Pomade တွေက Hair spray နဲ့ Hair gel တွေလိုမဟုတ်ပဲ ပိုပြီး တာရှည်ခံသလို ဆံသားကိုလည်း မခြောက်သွေ့စေပါဘူး။ Pomade က ပိုပြီး Darker, slicker, shinier look ကို ပိုပေးနိုင်ပါတယ်။ Hair spray သုံးစရာလဲမလိုတော့ပဲ ပုံထိန်းနိုင်စွမ်းလဲရှိကြပါတယ်။ အဓိကအနေနဲ့ ဘေးခွဲ၊ လှန်ဖြီး အစရှိတဲ့ သန့်သန့်ဖြောင့်ဖြောင့်အနေအထားတွေ ဖြီးတဲ့နေရာမှာအသုံးပြုကြပါတယ်။ ပုံသွင်းရုံတင်မကပဲ ဆံပင်အစိုဓာတ်ထိန်းသိမ်းပေးဖို့အတွက်ပါ သုံးကြပါတယ်။

Pomade တွေရဲ့အဓိကအားသာချက်ကတော့ ဆံပင်ပုံစံကိုအလွယ်တကူ ပြောင်းလဲနိုင်ခြင်းပါပဲ။ ဒါ့ကြောင့် တစ်နေ့တာအတွင်း အခြေအနေနဲ့ လိုက်ဖက်မဲ့ပုံစံတွေကို လိုသလို ပြောင်းလဲနိုင်ပါတယ်။ ဆံပင်ကိုပြန်ပုံသွင်းရလွယ်ကူတော့ လှုပ်လှုပ်ရှားရှားလုပ်ရသူတွေအတွက်  အလွန်အဆင်ပြေတာပေါ့ဗျာ။ ပြီးတော့ နေ့တိုင်းခေါင်းမလျှော်နိုင်သူတွေအတွက်လည်း လိမ်းပြီးနောက်နေ့ ဆံပင်ကို အလွယ်တကူပြန်ဖြီးနိုင်ပြီး အကုန်အကျသက်သာစေပါတယ်။

Pomade ကိုထင်ထင်ရှားရှား အသုံးပြုကြတဲ့ ဆယ်လီဆံပင်ပုံစံတွေကတော့ David Beckham ရဲ့ Undercut တွေနဲ့ Rapper, G-Eazy ရဲ့ Sidepart တွေဖြစ်ပါတယ်။

Photo by H&M and BOBBY BRUDERLE

Pomade ရဲ့ နာမည်အကြီးဆုံး ခေတ်ကာလကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာပါ။ အဲ့ခေတ်ကလူငယ်တွေကြားမှာ အခုခေတ်ထက်တောင် Pomade ကရေပန်းစားခဲ့ပါတယ်တဲ့။ (ဒါ့ကြောင့် Captain America ရဲ့ ဆံပင်က လန်းတာ ဖြစ်မယ်ဟ :P) 

Pomade မှာ အဓိကအားဖြင့် အမျိုးအစား ၂ မျိုးရှိပါတယ်ဗျ။ Oil Based နဲ့ Water Based ပါ။

အဆီဓာတ်နဲ့ ရေဓာတ်ကို အခြေခံထားတဲ့နေရာမှာ ကွဲပြားသွားတာဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကတော့ အားသာ/အားနည်းချက်တွေ ကိုယ်စီရှိကြပြီး၊ သုံးစွဲသူရဲ့ရွေးချယ်မှုကိုပဲ မူတည်ပါတယ်။ စတင်မသုံးခင်တော့ လက်ဖမိုးမှာ အနည်းငယ်စမ်းလိမ်းကြည့်ပြီး အသားအရေနဲ့ကိုက်ညီမှုရှိမရှိ စမ်းသပ်စေလိုပါတယ်။

Oil Based Pomade ရဲ့အကြောင်း

Photo by atomicredhead.com

Pomade အကြောင်းပြောရရင်တော့ မူလပထမဖြစ်တဲ့ Oil Based အမျိုးအစားကို မပြောလို့မဖြစ်ပါဘူး။ Petrolatum, mineral oil အစရှိတဲ့အဆီဓာတ်တွေကို အခြေခံထားတဲ့အတွက် Oil Based လို့ကျွန်တော်တို့သတ်မှတ်ပါတယ်။ 

Water based တွေက နောက်ပိုင်းမှ ထွက်လာတာဖြစ်ပြီး တကယ့်ရှေးဦးပမာဏထွက်ခဲ့တာကတော့ Oil Based တွေပါ။ ဒါ့ကြောင့် နောက်ထွက်တဲ့ Water Based ထက် chemical ပါဝင်မှုနည်းပါတယ်။

Oil Based တွေကတော့ အဆီဓာတ်တွေကို အခြေခံထားတဲ့အတွက် ဆံပင်ကိုပုံမပျက်ပဲရှိစေတဲ့အပြင်၊ ခြောက်သွားခြင်းမရှိပဲ ဘီးသို့မဟုတ် လက်နဲ့နေရာမရွေး ဆံပင်ကိုပြန်လည်ပြင်ဆင်နိုင်တာကြောင့် ဆံပင်ပုံအလွယ်တကူပျက်တတ်တဲ့ ချွေးထွက်လွယ်သူတွေ၊ အလုပ်အတွက် ဦးထုပ်ပုံမှန်ဆောင်းရသူတွေ၊ ဆိုင်ကယ်စီး Biker ဘရားသားတွေအတွက်အထူး သင့်တော်ပါတယ်။

ခေါင်းလျှော်ပြီးရင်တော့ Oil Based Pomade က အနည်းငယ် ကျန်နေတတ်တာမို့ သေချာတာကတော့ နောက်တစ်ရက်မှာ အများကြီး လိမ်းစရာမလိုတော့တာပေါ့ဗျာ။ (အကုန်သက်သာတာပေါ့ :P)

Water Based Pomade ရဲ့အကြောင်း

Photo by The Pomp

Water Based Pomade အမျိုးအစားဟာ သူ့နာမည်အရ ရေဓာတ်ကိုအခြေခံထားတာဖြစ်ပြီး Oil Based ထက် ပိုပြီး ခေါင်းလျှော်ရတာလွယ်ကူပါတယ်။ ခေတ်သစ် Pomade များလို့လဲသူတို့ကိုခေါ်နိုင်ပြီး ရေမှာအလွယ်တကူပျော်ဝင်နိုင်တဲ့အတွက် Water Soluble လို့လည်း အဓိပ္ပာယ်ယူနိုင်ပါတယ်။

အသုံးပြုရလွယ်ကူတဲ့အတွက်လည်း Pomade စတင်သုံးစွဲကြည့်မဲ့သူတွေအတွက်သင့်တော်ပါတယ်။

အဆီဓာတ်ပါဝင်မှုလည်းအလွန်နည်းပါးတာကြောင့် ခြောက်သွေ့တာမြန်ပြီး ဆံပင်ကိုတောင့်တောင့်တင်းတင်းနဲ့ ထိန်းထားနိုင်ပါတယ်။ 

Pomade တွေရဲ့ အဓိကအချက်တွေဖြစ်တဲ့ တစ်နေကုန် ပုံမပျက်ပဲ ထိန်းသိမ်းနိုင်စွမ်း၊ ဆံသားတောက်ပခြင်း၊ အလွယ်တကူ ရေအနည်းအကျဉ်းသုံးပြီး အချိန်မရွေးဆံပင်ပုံစံပြောင်းလဲနိုင်ခြင်းတို့ကိုပေးစွမ်းနိုင်တဲ့အပြင်၊ တစ်ရက်လိမ်းပြီး နောက်နေ့ ရေချိုးခန်းထဲမှာ အကြာကြီး ခေါင်းထိုင်လျှော်စရာ မလိုလို့ ဆောင်းတွင်း မသုံးရဲစရာလည်း မလိုတော့ဘူးလေ။ ဒီလိုအသုံးပြုရလွယ်ကူတာကတော့ Water-Based Pomade ရဲ့အားသာချက်တွေပါ။

သုံးသပ်ချက်

သေချာတာကတော့ Oil Based ရော၊ Water Based ရော ရွေးချယ်ခြင်းကတော့ ကိုယ့်ရဲ့ Lifestyle နဲ့ပဲသက်ဆိုင်ပါတယ်။ နေရာဒေသ၊ ကိုယ်လိုချင်တဲ့ Style နဲ့ အချိန်ကိုလိုက်ပြီး တစ်လှည့်စီလည်းသုံးလို့ရတာပါပဲ။

Pomade ကိုအသုံးပြုမယ်ဆိုရင်တော့ တစ်ခေါင်းလုံး ညီပြီးခန့်နေဖို့အတွက် ဆံပင်ကိုနှံ့အောင်တော့လိမ်းပေးရပါတယ်။

၂ မျိုးစလုံးမှာ Hold လို့ခေါ်တဲ့ တာရှည်ခံမှု ရွေးချယ်စရာအမျိုးမျိုး ရှိပါတယ်။ Strong Hold ကြိုက်လား၊ Medium Hold ကြိုက်လား၊ Loose Hold ပဲလား ကြိုက်တာရွေးချယ်လို့ရပါတယ်။ Heavy Hold အမျိုးအစားတွေပါရှိပါတယ်။

ဆံသားတောက်ပမှုအတွက်လည်း High Shine, Medium Shine, Low Shine, Matte Shine အစရှိသည်ဖြင့် အစားစားလဲရှိကြပါတယ်။

လိုက်ဖက်မဲ့ဆံပင်ပုံစံတွေ Google မှာရှာကြည့်ခြင်ရင်တော့ Slicked Back, Sidepart, Pompadour, Comb-Over, Quiff စတာတွေကို ရှာကြည့်နိုင်ပါတယ်။

ဒါ့ကြောင့် လူကြီးမင်းတို့အတွက် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ဘယ်အချိန်ကြည့်ကြည့် အထာကျနေဖို့ ကမ္ဘာ့လူကြိုက်အများဆုံး Water-Based Pomade တွေထဲကတစ်ခုဖြစ်တဲ့ Heavy Hold and Medium Shine, Suavecito Firme Hold Pomade ကို The Myanmar Gentlemen Supplies @ #mmgents ကနေ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ 

အမျိုးသမီးတွေတင် အသွင်အပြင်ကို ဂရုစိုက်ရမှာမဟုတ်ပဲ အမျိုးသားများလည်း စတင်ဂရုစိုက်ပြီး အချိန်တိုင်း သန့်ရှင်းသပ်ရပ်နေတဲ့ မြန်မာ အမျိုးသားတွေ အဖြစ် ကူညီပေးမယ့် Suavecito Firme Hold Pomade မြန်မာနိုင်ငံသို့ရောက်ရှိလာပါပြီ။

ဝယ်ယူမှုများကို 

🌎Webstore: www.mmgents.com 
☎️Hotline: 09789 20 6464
📱Facebook Messenger: www.m.me/mmgents 

အစရှိသည်တို့မှဆက်သွယ်မှာယူနိုင်ပြီး၊

🚚Home Delivery 
💰Cash on Delivery တို့ဖြင့်လဲဝန်ဆောင်မှုများရှိပါတယ်။

နယ်များကိုလဲ ငွေကြိုလွှဲပြီး ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

Pomade အကြောင်းစုံသိပြီဆိုတော့ကာ

ကဲ.....ရွှိုင်းလို့ရပြီလေ မိတ်ဆွေတို့ရေ!!

🎩The Myanmar Gentlemen Supplies🎩

Myanmar's First Men's Grooming Webstore


Newer Post