Reuzel - Hair Tonic

Regular price MMK 56,000

Holland's Finest
အမျိုးအစား: စွယ်စုံသုံးဦးရေပြားနှင့်ဆံသားအားဖြည့် ထိန်းသိမ်းဆီ

--Light Hold | Nourishing | Oil-Free--

(English Description Below)

၁၉၀၀ ပြည့်နှစ်များမှစ၍ အမျိုးသား၊ အမျိုးသမီးတိုင်း နှင့် ဆံသဆိုင်တိုင်းမရှိမဖြစ် အသုံးပြုခဲ့သည့် Hair Tonic ကို အသွင်ပြောင်း ဆန်းသစ်ထုတ်လုပ်ထားသည့် ဆီမပါသည့် ဦးရေပြားနှင့်ဆံသားအားဖြည့် ထိန်းသိမ်းဆီ Oil-Free Hair Tonic...

ဦးရေပြား နှင့် ဆံသားကျန်းမာရေးအတွက် Reuzel - Hair Tonic သည် Holland's Finest Pomade ဟုတင်စားခေါ်ဝေါ်ရသည့် ကမ္ဘာကျော်အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Reuzel - Holland မှ ထုတ်လုပ်ထားပြီး ဦးရေပြား နှင့် ဆံသားအတွက်အကျိုးရှိသောအာနိသင် များစွာ ပါဝင်ပါသည်။

Witch Hazel နှင့် အခြားသဘာဝအကျိုးပြု ပါဝင်ပစ္စည်းများက ဆံသားအစိုဓါတ်ကို ဖြည့်တင်းပေးပြီး ဦးရေပြားယားရံခြင်း၊ ဗောက်ထခြင်း နှင့် ဆံသားနှစ်ခွဖြစ်ခြင်း၊ ကျိုးခြင်းတို့ကို တားဆီးကာကွယ် ပြုပြင်ပေးကာ ဆံသားကို ပိုမိုပြောင်လက်ချောမွေ့‌ စေသည်။ Reuzel Hair Tonic ကို ဆံပင်ပေါ်တွင် ဖြီးလိမ်းပေးခြင်းဖြင့် ပေါ့ပေါ့ပါးပါး Light Hold နှင့် Low Shine တောက်ပြောင် မှုကို ရရှိစေကာ သဘာဝဆံဆံပုံစံကို ပေးစွမ်းနိုင်ပါတယ်။

ခေါင်းလိမ်းဆီလိမ်းပြီး ခေါင်းပြန်လျှော်လိုခြင်း မရှိပါကလည်း Rezuel - Hair Tonic ကို အသုံးပြုပေးခြင်းဖြင့် ဆံပင်ပုံစံ ကို အလွယ်တကူ အသစ်တဖန် ပြန်လည်ပုံသွင်းထားနိုင်မည်ဖြစ်ပါသည်။ Oil-Based ခေါင်းလိမ်းဆီ အသုံးပြုသူများအတွက် ခေါင်းပြန်လျှော်စရာမလိုပဲ ဆံပင်ကိုသန့်ရှင်းစေပါသည်။

ဆံသဆိုင်များတွင် Rezuel - Hair Tonic အား ‎ဆံပင်ညှပ်သည့်အခါ ရေနှင့်ရော်စပ်ပြီး ဆံသားထဲသို့ နှံ့စပ်စွာ ဖြန်း ပေး ပါက ဆံပင်ခွဲကြောင်းပေးခြင်း နှင့် ဆံပင်ခွဲသိမ်းယူရာတွင် လွယ်ကူ စေပြီး၊ အမြဲစိုစွတ်နေ၍ ကတ်ကြေး အသုံးပြုရာတွင်ချောမွေ့ တိကျ စေကာ နောက်ဆုံး အပြီးသပ် ပုံထွက် ပိုမိုသပ်ရပ်စေသည်။

ကြာကြာအသုံးခံမည့် 350ml ဘူးကြီး ပမာဏပါဝင်ပြီး၊ လန်းလန်းဆန်းဆန်း Classic Barbershop Scent ရနံ့ဖြင့်ထုတ်လုပ်ထားသော သင့်ဆံသားအားမွှေးပြံ့စေပြီး၊ ဆံသဆိုင်များအတွက်လဲ Customer များအား စိတ်ကျေနပ်အောင်စွဲဆောင်နိုင်စေမည့် ကမ္ဘာ့လူကြိုက်အများဆုံး Oil-Free Hair Tonic အရည်ဖြစ်ပါသည်။

  • Holland's Finest Pomade
  • လူမျိုးဘာသာမရွေးအသုံးပြုနိုင်ပါသည်
  • Light hold - Low shine - Oil free
  • ဆံသားအစိုဓာတ်ကိုထိန်းပေးခြင်း
  • Witch Hazel ၊ Rosemary ၊ Horsetail Root နှင့် အခြားဦးရေပြားနှင့် ဆံသားအကျိုးပြု အာနိသင်များ ပါဝင်ခြင်း
  • ဦးရေပြားယားရံခြင်း၊ ဗောက်ထခြင်းနှင့် ဆံသားနှစ်ခွဖြစ်ခြင်း၊ ကျိုးခြင်း တို့ကို တားဆီးကာကွယ်ပြုပြင်ပေးခြင်း
  • Oil-Based ခေါင်းလိမ်းဆီ အသုံးပြုသူများအတွက် ခေါင်းပြန်လျှော်စရာမလိုပဲ အလွယ်တကူ သန့်ရှင်းပေးနိုင်ခြင်း
  • လန်းလန်းဆန်းဆန်း Classic Masculine Barbershop Scent ရနံ့
  • ကြာကြာအသုံးခံမည့် 350ml ဘူး size

    ခေါင်းလိမ်းဆီရွေးချယ်နည်း

    https://mmgents.com/blogs/grooming-fashion-lifestyle/choosing-suitable-hair-products

    ခေါင်းလိမ်းဆီ လိမ်းနည်းများ

    https://mmgents.com/blogs/grooming-fashion-lifestyle/how-to-apply-hair-products

    How to Order

    https://mmgents.com/pages/how-to-order

    --------------------------------------------------------


      Share this Product


      Related Products