Reuzel - Daily Conditioner

Regular price MMK 53,000

Holland's Finest
အမျိုးအစား: ဆံသားနူးညံ့ပျော့ပြောင်းအားဖြည့် Conditioner

--Nourish | Smoothen | Degrease--

(English Description Below)

နူးညံ့ချောမွေ့သောဆံပင်ကို ချက်ခြင်းရရှိစေပြီး၊ သင့်ဆံကေသာနှင့် ဦးရေပြား ကျန်းမာသန်စွမ်းမှုအတွက်မရှိမဖြစ်...

Reuzel - Daily Conditioner သည် ခေါင်းလျှော်ပြီးအချိန်တွင် အသုံးပြုပေးပြီး၊ ရေဖြင့်ပြန်လည်ဆေးချပေးရုံဖြင့် သင့်ဆံသားခြောက်သွေ့ကြမ်းတမ်းမှုများကို လျော့နည်းစေကာ ချောမွေ့ပျော့ပြောင်းနူးညံ့မှုကို ချက်ခြင်းပေးစွမ်းနိုင်မည့် နေ့စဉ်အသုံးပြုနိုင်သော Daily Conditioner ဖြစ်ပါသည်။ 

ပါရှိသော အရည်အသွေးမြင့် သဘာဝအဆီဓာတ်များဖြင့် ဆံပင်နှင့် ဦးရေပြားအတွက် လိုအပ်သော အစိုဓာတ်ကိုဖြည့်တင်းပေးပြီး၊ အသစ်တဖန်ပြန်လည် အသက်သွင်းပေးသောကြောင့် နေ့စဉ်အသုံးပြုပေးခြင်းဖြင့် ဆံသားထိခိုက်ခြောက်သွေ့မှုများမှ ကာကွယ်ပေးကာ ကျန်းမာသန်စွမ်းသော ဦးရေပြားနှင့် ဆံကေသာကို ရရှိစေမှာဖြစ်ပါတယ်။ ဆံသားပျော့ပြောင်းနူးညံ့စေခြင်းကြောင့် ဆံပင်ရစ်ခြင်း၊ ထွေးခြင်းများကိုလျော့နည်းစေပြီး ဖြီးလိမ်းရပိုပြီးလွယ်ကူစေပါတယ်။

Degreasing Effect ပါရှိခြင်းကြောင့် ဆံပင်ပေါ်ရှိ ခေါင်းလိမ်းဆီများကို ဆေးကြောရာတွင် အထောက်အကူပြုပေးပြီး၊ Oil-Based Product များကို ပြန်လည် ခေါင်းလျှော်ရာတွင်လည်း ပို၍လျှင်မြန်စေပါတယ်။ 

သင့်တစ်နေ့တာအတွက် အားပြည့်၊ လန်းဆန်း ခွန်အားပေးမဲ့ သင်းပြံ့သော Peppermint ပူရှိန်းရနံ့ပါဝင်ပြီး၊ Reuzel ရဲ့  Signature Key Ingredients ဖြစ်တဲ့ T-4 Tonic Blend တွင်ပါဝင်သော သဘာဝ Witch Hazel Extract, Nettle Leaf Extract, Rosemary Extract, Horsetail Root Extract အစရှိသည့် သဘာဝအဆီဓာတ်များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။

Reuzel - Daily Conditioner ကို Holland's Finest Pomade ဟုတင်စားခေါ်ဝေါ်ရသည့် ကမ္ဘာကျော်အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Reuzel - Holland မှ ထုတ်လုပ်ထားပြီး၊ အမျိုးသားတိုင်း နေ့စဉ်အသုံးပြုပေးသင့်သော အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။

  • Holland's Finest 
  • လူမျိုးဘာသာမရွေးအသုံးပြုနိုင်ပါသည်
  • နူးညံ့ချောမွေ့သောဆံပင်ကို ချက်ခြင်းရရှိစေခြင်း
  • ဆံပင်နှင့် ဦးရေပြားအတွက် အစိုဓာတ်ကိုဖြည့်တင်းပေးပြီး၊ အသစ်တဖန်ပြန်လည် အသက်သွင်းပေးခြင်း
  • ဆံပင်အမျိုးအစားများအားလုံးအတွက် နေ့စဉ်အသုံးပြုရန်သင့်တော်ခြင်း
  • ခေါင်းလိမ်းဆီများကို ဆေးကြောရာတွင် အထောက်အကူပြုပေးခြင်း
  • Oil-Based Products များကိုပြန်လည်ဆေးကြောရာ အဆင့်သုံးဆင့်၌ ပထမအဆင့်တွင်အသုံးပြုပေးနိုင်ပါသည်
  • သဘာဝအဆီဓာတ်များနှင့် ဆံသားကိုအားဖြည့်ပေးခြင်း
  • Peppermint ပူရှိန်းရနံ့ဖြင့် အားပြည့်၊ လန်းဆန်းစေခြင်း
  • ကြာကြာအသုံးခံမည့် 350ml ဘူး size

Oil-Based Pomade များအား Degrease လုပ်နည်း

တာရှည်ခံ Oil-Based ခေါင်းလိမ်းဆီများအား ပြောင်စင်အောင်ခေါင်းလျှော်ဆေးကြောလိုပါက Reuzel Wash Products များနှင့် အောက်ပါအတိုင်း အဆင့်သုံးဆင့်ဖြင့်လုပ်ဆောင်နိုင်ပါသည်။

1. Reuzel - Daily Conditioner ကို ဆံပင်ရေမစိုခင် နှံ့အောင်လိမ်းပေးပြီး 2-3 မိနစ်ခန့်ထား၍ ရေဆေးချပေးပါ။
2. Reuzel - Scrub Shampoo ဖြင့် ခေါင်းလျှော်ပါ။

3. Reuzel - Daily Shampoo ဖြင့် နောက်ဆုံးကျန်ရှိ အဆီများအားပြောင်စင်အောင်ဆေးကြောလိုက်နိုင်ပါပြီ။

Degrease လုပ်ရန် အထက်ပါ Product များပါရှိသော Reuzel - Degrease Travel Kit ကို ကြည့်ရှုမှာယူလိုပါက: https://mmgents.com/products/reuzel-degrease-travel-kit

ခေါင်းလိမ်းဆီရွေးချယ်နည်း

https://mmgents.com/blogs/grooming-fashion-lifestyle/choosing-suitable-hair-products

ခေါင်းလိမ်းဆီ လိမ်းနည်းများ

https://mmgents.com/blogs/grooming-fashion-lifestyle/how-to-apply-hair-products

How to Order

https://mmgents.com/pages/how-to-order

--------------------------------------------------------

Step out of the shower feeling like your scalp’s come right back to life. Reuzel - Daily
Conditioner does the trick with the signature T4 tonic blend of witch hazel, nettle leaf,
rosemary and horsetail root extracts. 

This product is ideal for daily use on all hair types. Helps leave hair feeling conditioned and looking healthy while cooling and stimulating the scalp. Use this lightweight hair conditioner every day to keep your scalp cool and hair soft. It is an invigorating, hardworking product. 

Apply evenly from scalp to ends of hair and rinse well. For best results, use with Reuzel - Daily Shampoo.

  • Holland's Finest
  • NO LARD
  • Provide smooth hair instantly
  • Moisturize and bring your hair and scalp back to life
  • For all hair types
  • Helps in degreasing
  • 1st step in the 3-steps method of Oil-Based Products degreasing
  • Nourishing Natural Extracts 
  • Refreshing Peppermint Scent
  • Long lasting 350ml size
How to Degrease Oil-Based Pomades

Follow the 3 steps below to thoroughly rinse off your Oil-Based Pomades buildup.

1. Coat dry hair with Reuzel - Daily Conditioner and leave on for 2-3 minutes. Rinse off.
2. Apply Reuzel - Scrub Shampoo. Lather & Rinse.
3. Finish with Reuzel - Daily Shampoo. Lather & Rinse.

Check out our Reuzel - Degrease Travel Kit which includes all three of the above products: https://mmgents.com/products/reuzel-degrease-travel-kit

-------------------------------------------------------- 
The Myanmar Gentlemen Supplies

Myanmar's First Men's Grooming Webstore


    Share this Product


    Related Products