Suavecito - Beard Balm

Regular price MMK 45,000
Made in USA
အမျိုးအစား: မုတ်ဆိတ်နှင့် ပါးသိုင်းမွှေး ပုံသွင်းထိန်းသိမ်းဖယောင်းဆီ

--Control & Nourishment for your Beard--

(English Description Below)

Suavecito - Beard Balm - Original သည် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးထူထူရှိသူတို့အတွက် နေရာတကျ သပ်သပ်ရပ်ရပ်ဖြစ်အောင် ထိန်းသိမ်းပုံသွင်းထားနိုင်ပြီး သဘာဝအဆီများနဲ့အားဖြည့်သန်စွမ်းစေမဲ့ ဖယောင်းဆီဖြစ်ပါတယ်။ ကမ္ဘာကျော် အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Suavecito - USA မှထုတ်လုပ်ထားပြီး နိုင်ငံအသီးသီးမှာလူကြိုက်များအသုံးပြုနေကြပါသည်။

အရည်အမျိုးအစား Beard Oil ထက် အာနိသင် တာရှည်ပိုခံသောကြောင့် မုတ်ဆိတ်မွှေးထူသူတို့အတွက် ပိုကိုက်ညီပြီး၊ မုတ်ဆိတ်အောက်ရှိ အရေပြားခြောက်သွေ့၊ ယားယံမှုများကိုလည်း ကင်းဝေးစေကာ လိုအပ်သည့်ရေဓာတ်ကိုလည်းဖြည့်တင်းပေးပါသည်။ 

မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးအတွက်သာမက သင့်ခန္ဓာကိုယ်အရေပြားအတွက် လိုအပ်သည့်နေရာများတွင် Skin Moisturizer အဖြစ် အသုံးပြုနိုင်ပါသည်။ 

Suavecito ရဲ့ လူကြိုက်များသော Original အမွှေးရနံ့ဖြင့်ထုတ်လုပ်ထားသောကြောင့် Suavecito - Beard Balm - Original ကို နေ့စဉ်အသုံးပြုခြင်းအားဖြင့် သပ်ရပ်ပျော့ပြောင်းမွှေးပျံ့သော မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးတစ်စုံကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

အသုံးပြုပုံ:  Suavecito - Beard Balm - Original ကို သင့်လက်ချောင်းထိပ်ဖြင့် အနည်းငယ်ကော်ယူပါ။ လက်ချောင်းထိပ်များဖြင့် ဖိတိုက်အပူပေးပြီး မုတ်ဆိတ်မွှေးနှင့် ပါးသိုင်းမွှေးတို့၏ အမြစ်မှအဖျားအထိ လိမ်းပေးပါ။ ဘီးဖြင့် ညီညီညာညာဖြစ်အောင် ဖြီးသင်ပေးနိုင်ပါသည်။

  • Made in USA
  • မုတ်ဆိတ်မွှေးကို သပ်သပ်ရပ်ရပ်ထိန်းသိမ်းပေးပြီး ချောချောမွေ့မွေ့အားဖြည့်ပေးခြင်း
  • အရေပြားခြောက်သွေ့ယားယံခြင်းများမှကာကွယ်ပေးခြင်း
  • သဘာဝတောက်ပမှုအနေအထားကိုပေးခြင်း
  • Skin Moisturizer အဖြစ်လည်းအသုံးပြုနိုင်
  • Suavecito Original ရနံ့ဖြင့်သင်းပြံ့စေခြင်း
How to Order

https://mmgents.com/pages/how-to-order

-------------------------------------------------------- 

Suavecito Beard Balm will give you power over those unruly stray hairs in your beard and mustache while nourishing your hair and skin to help fight dryness, itchiness, and flaking. Not only will your beard look great and appear neater, it will benefit from the daily nourishment.

Directions: Use your fingertip to scoop out a small amount of product. Warm Beard Balm between hands and run fingers through beard from root to tip. Brush through to evenly distribute product.

  • Made in USA
  • Control your beard
  • Softening and conditioning
  • Protects against skin dryness and itches
  • Provides healthy shine
  • Can be used as Skin Moisturizer
  • Original Suavecito Fragrance
-------------------------------------------------------- 
The Myanmar Gentlemen Supplies

Myanmar's First Men's Grooming Webstore


Share this Product


Related Products