သင့်ဆံပင်အမျိုးအစားကို သိအောင်လုပ်မယ်!!

အရင်အပတ်က Blog ထဲကအတိုင်း ဒီကေဆို ဒီ Products တွေသုံးရမယ်ဆိုတာတော့ သိသွားပါပြီတဲ့...

ဒါပေမဲ့ အဲ့ Products တွေသုံးပြီး လိုသလိုမဖြစ်လာဘူးဆိုရင်တော့...

ဒီအကြောင်းအရာတွေကို သိထားဖို့ လိုအပ်ပြီ မိတ်ဆွေ။ 💯💯

ဆံပင်ပုံစံ အမိုက်စား၊ ကေဝေါကြီးတွေကိုရဖို့ အရင်ဆုံး သိဖို့လိုအပ်တာကတော့ ကိုယ့်ရဲ့ဆံပင်က ဘယ်လိုအမျိုးအစားလဲဆိုတာပါ။ ✔️

ဒါကြောင့်လည်း ဒီနေ့မှာတော့ ကျွန်တော်တို့ ယောကျာ်းလေးတွေရဲ့ ဆံပင် အမျိုးအစားတွေအကြောင်းနဲ့ ဘယ်လိုထိန်းသိမ်းပြီး၊ ဘယ်လို စတိုင်မျိုးနဲ့ လိုက်ဖက်မယ်ဆိုတာရယ်ကို ပြောပြသွားပါမယ်။

ကဲ ကျွန်တော်တို့ တစ်ချက်ကြည့်လိုက်ရအောင်ဗျာ။

ကျွန်တော်တို့ဆံပင်ကို
  1. အထူအပါး၊
  2. အမာအပျော့ နဲ့
  3. ဆံပင်ရဲ့ ပုံသဏ္ဌာန် Texture ကိုလိုက်ပြီးအနေအထား သုံးမျိုးနဲ့ခွဲခြားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့...

1. သင့်ဆံပင်ထူသလား ပါးသလား??

အထူအပါးကတော့ တန်းသိတယ်နော့။

(ထူတာနဲ့ ပါးတာပဲဗျ ဘာမခွဲတတ်စရာရှိမလဲဗျာ 😝)

လွယ်လွယ်ပဲပြောရရင် သင့်ခေါင်းပေါ်မှာ ဆံပင်များများပေါက်ရင် ထူတယ်လို့ပြောနိုင်ပြီး၊ ဆံပင်သိပ်များများမပေါက်ရင်တော့ နည်းတယ်ပဲဆိုကြပါတော့။

သတိပြုကြဖို့အတွက်ကတော့ ဆံပင်ပါးတဲ့သူတွေက ပုံမှန်ပြားကပ်ကပ်နဲ့ရှိပြီး၊ တခါတရံမှာ ဦးရေပြားကိုမြင်ရနိုင်တာကြောင့် ထူထူထဲထဲပုံပေါက်စေတဲ့ Volume ရှိတဲ့ ဆံပင်ပုံစံမျိုး (Undercut Comb Over/Quiff) တို့ကို သွားသင့်ပြီး၊ နည်းနည်း အရှည်ထားမယ်ဆိုရင်တော့ Ryan Gosling ရဲ့ Classic Side Part ပုံစံမျိုးနဲ့ ဆိုကြွေဆင်းကုန်ပြီပေါ့ဗျာ။

Ryan Gosling with Classic Side Part (Photo: Google)

ဆံပင်ထူသူတွေကတော့ ဦးရေပြားကို မမြင်ရပဲ ဆံပင်က ထူထူထဲထဲ ဖြစ်နေတဲ့အတွက်၊ သဘောကျသလို ညှပ်နိုင်ကြပြီး၊ ပုံမှန်ခေါင်းလျှော်ပြီးခြောက်ဖို့အချိန်ပေးရပါတယ်။အရှေ့က Blog Post မှာရှင်းပြပေးထားသလိုပါပဲ။ ဆံပင်ထူသူတွေအတွက်တော့ လွယ်လွယ်ကူကူနဲ့နှံ့အောင်လိမ်းနိုင်ဖို့အတွက် အစိုဓာတ်ရှိတဲ့ ခေါင်းလိမ်းဆီမျိုး အသုံးပြုပေးရပါတယ်။ အခြားခြောက်သွေ့တဲ့ ခေါင်းလိမ်းဆီတွေလည်းသုံးနိုင်ပေမဲ့ ရေနဲ့တွဲသုံးပေးရတာကြောင့် ခေါင်းလိမ်းဆီရဲ့ အာနိသင်ကို လျော့နည်းစေပါတယ်။

(ဘယ်လိုခေါင်းလိမ်းဆီကို ရွေးချယ်ရမလဲ ဆိုတဲ့ ဆောင်းပါးကို ဒီ link မှာဖတ်ရှုနိုင်ပါတယ်။)

ယောကျာ်းလေးတော်တော်များများက အသက်အရွယ်ရလာတဲ့အခါ ဆံပင်ကျွတ်ပြီး ပါးလာတဲ့ ပြဿနာကို ကြုံရတတ်ပါတယ်။ ကျွန်တော်တို့ အသက် ၂၀လောက်မှာ ဆံပင်ဘယ်လောက်ပဲထူထူ အသက် ၃၀ကျော် ၄၀ထဲရောက်လာတဲ့အခါ ဆံပင်ပါးလာတတ်တယ်လို့ပြောကြတယ်ဗျ။

2. သင့်ဆံပင် ပျော့သလား မာသလား??

ဒီအကြောင်းကို ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ ဆံပင်အလုံးသေးတာနဲ့ ကြီးတာမတူခြင်းပါပဲ။

သံချောင်းအကြီးနဲ့အသေးကို ကွေးရတာကွာသလိုပါပဲ၊ ဆံပင်အလုံးသေးတွေက ပျော့ပျော့ပြောင်းပြောင်းနဲ့ တိုတဲ့အချိန်မှာ လိမ်းရဖြီးရ၊ ပုံသွင်းရလွယ်ကူပြီး၊ ရှည်လာတဲ့အချိန်မှာတော့ ကွေးညွတ်လွယ်ပါတယ်။ ဆံပင်အလုံးကြီးတွေကတော့ မာမာတင်းတင်းရှိကြတဲ့အတွက် တိုတဲ့အချိန်မှာ ထိုးထိုးထောင်ထောင်တွေရှိတတ်ကြပြီး၊ ရှည်လာချိန်မှာတော့ ဖြီးလိမ်းရပိုပြီးလွယ်ကူလာပါတယ်။ ဆံပင်အလုံးကြီးတွေက ဆံပင်အလုံးသေးတွေထက်ပိုပြီး အလေးချိန်လည်းရှိကြပါတယ်။

ဆံပင် ပုံစံကိုရွေးချယ်တဲ့အခါမှာတော့ ဆံလုံးသေးသူတို့အတွက် ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် ပုံကို ရွေးနိုင်မယ်ဆိုရင် ဘယ်လို အရှည်မျိုးနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။ ဆံလုံးကြီးသူတွေအတွက် အကောင်းဆုံးကတော့ အတိုကိုတော့ရှောင်သင့်ပြီး၊ ဖြီးလိမ်းရလွယ်မဲ့ အလယ်အလတ် သို့မဟုတ် အရှည်ထားသင့်ပါတယ်။ အတိုဆိုရင်လည်း ကတုံးဆံပင်ပေါက် ပုံစံ (Crew Cut/Buzz Cut) ထားပေးသင့်ပါတယ်။

ခေါင်းလိမ်းဆီရွေးချယ်ရာမှာလည်း ယေဘူယအားဖြင့် ပျော့ပျော့ပြောင်းပြောင်း ဆံလုံးသေးသူတွေအတွက် Hold အများကြီးလိုအပ်ခြင်းမရှိပဲ၊ မာမာတင်းတင်း ဆံလုံးကြီးသူများအတွက်ကတော့ ထိန်းနိုင်စွမ်းလိုအပ်တဲ့အတွက် Strong/Heavy Hold စတာတို့ကိုရွေးချယ်ပေးရပါတယ်။

တစ်ခုရှိတာကတော့ ဆံလုံးသေးသူတွေအတွက်ဆံပင်က အလွယ်တကူထိခိုက်နိုင်တာကြောင့် ဆံပင်လေမှုတ်အခြောက်ခံ (Blowdry) လုပ်တဲ့အခါ သတိထားသင့်ပြီး လိုအပ်ရင်၊ Heat Protection Product တွေအရင်လိမ်းပေးသင့်ပါတယ်။

3. သင့်ဆံပင်ပုံသဏ္ဌာန် Texture ဘယ်လိုရှိလဲ??

တကယ်တမ်း Texture အရကြည့်မယ်ဆိုရင်တော့ အဖြောင့် (Straight Hair) နဲ့ အကောက် (Curly Hair) ၂မျိုးကိုပဲ တွေ့ရမှာပါ။ ဒါပေမဲ့ အကောက်ထဲမှာမှ သူ့ရဲ့ကောက်ပုံကောက်နည်းတွေအပေါ် မူတည်ပြီး ၃မျိုးလောက်ထပ်ခွဲထားနိုင်ပါသေးတယ်။

ဒီတော့ကျနော်တို့... ကိုဖြောင့်တို့အကြောင်းအရင်ပြောလိုက်ကြရအောင်ဗျာ။ 😁😁

Straight Hair

ဒါကတော့ မကောက်မကွေးပဲပေါက်တဲ့ ဆံပင်တွေပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က Blow Dry လုပ်တာတွေ၊ နေ့စဉ်ဆံပင်ဖီးတဲ့ပုံစံတွေကြောင့် တစ်ခါတစ်ရံမှာ ကောက်သွားတတ်ပါတယ်။ သေချာတဲ့စမ်းသပ်နည်းတစ်ခုကတော့ ဦးရေကနေ ဆံပင် ၃လက်မအထိ လုံးဝမကောက်ကွေးပဲ အဖြောင့်ထွက်တယ်ဆိုရင် ဘော်ဒါရဲ့ ဆံပင်က အဖြောင့်လို့ သတ်မှတ်နိုင်ပါတယ်။ ဆံပင်အဖြောင့်သမားတွေကတော့ Chris Hemsworth, Jared Leto နဲ့ Brad Pitt တို့ပုံစံတွေဖြစ်ပါတယ်။

Photo: Google

ကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင်တော့ သေချာတာက ဆံပင်အဖြောင့်သမားတွေက ကံကောင်းပြီး စိတ်ကြိုက်ဖြီးလိမ်းပုံသွင်းလို့ရတာပါပဲ။ မကောင်းတဲ့အချက်ကတော့ ဆံပင်ကပုံမှန်အချိန်ဆို ပြားကပ်နေတတ်တော့ တော်ရုံတန်ရုံ ဆံပင်ရှည်တဲ့အခါ ဖြီးလိမ်းမထားပဲနဲ့ အပြင်ထွက်ဖို့မလွယ်ပါဘူး။

ကိုယ်နဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံအမျိုးမျိုးကိုလည်းညှပ်နိုင်ကြပြီး၊ ခေါင်းလိမ်းဆီလည်းမရွေးပဲသုံးနိုင်ကြပါတယ်။

Curly Hair

Curly Hair ထဲမှာတော့ ဆံပင်ကောက်တဲ့အနေအထားအပေါ်မူတည်ပြီး Wavy Hair, Coiled Hair နဲ့ Kinky Hair ဆိုပြီးခွဲထားနိုင်ပါတယ်။ Wavy Hair ကတော့ ပြေပြေလေးကောက်တာဖြစ်ပြီး Kinky Hair ကတော့အကောက်ဆုံးဖြစ်ပါတယ်။

Wavy Hair တို့အတွက်ကတော့ Straight Hair နဲ့အတူတူလောက်ရှိပြီး၊ လှိုင်းပုံစံကောက်သွားတာမျိုးဖြစ်ပါတယ်။ သူက ဦးရေပြားကနေ စပြီး ပြေပြေလေးကောက်သွားတတ်တယ်။ အရှည်ဖြစ်လာပြီဆိုရင်တော့ လှိုင်းကောက်လေးတွေ သိသိသာသာပေါ်လာတယ်။ ဆံပင်တိုနေတဲ့အချိန် ၁.၅ လက်မ ဝန်းကျင်လောက်မှာ သူက Straight Hair နဲ့ မှားတတ်ပါတယ်။ ဒါ့ကြောင့် Hair type ကို ဆုံးဖြတ်ဖို့ အနည်းဆုံး ၃လက်မလောက်အထိ အရှည်ထားပေးဖို့ လိုပါတယ်။ ၃လက်မလောက်အထိ ဆံပင်ရှည်လာတဲ့အခါ Coil လိုတစ်ပတ်ပြည့်အောင်ကောက်တာမျိုးမဟုတ်ပဲ ပြေပြေလေးကောက်တာမျိုးက Wavy Hair ဖြစ်ပါတယ်။

Coiled Hair ကတော့ Wavy ထက်ကောက်တယ် ဒါပေမယ့် Kinky လောက်တော့ မကောက်သေးတဲ့အနေအထားကိုခေါ်တာပါ။ ဆံပင်က အလိပ်အလိပ်လေးတွေနဲ့ ကောက်နေတဲ့ပုံစံမျိုးဖြစ်နေရင်တော့ အဲ့ဒါ Coiled Hair ပါပဲ။

Kinky Hair ကတော့ အကောက်ဆုံးဆံပင်ပဲဗျ။ ဘယ်နားက စကောက်နေမှန်းကိုရှာမရအောင်ပါပဲ။ များသောအားဖြင့် ရှည်လာရင် Afro တို့ဘာတို့ဖြစ်လာတဲ့ ဆံပင်မျိုးပေါ့။

ပြောရမယ်ဆိုရင်တော့ Wavy Hair က Man Of Steel မင်းသား Henry Cavill လိုမျိုးပါ။ Coiled Hair ကတော့ James Franco လိုမျိုးဖြစ်ပြီး၊ Kinky Hair ကတော့ Rapper J. Cole လိုမျိုးဆိုပါတော့။

Photo: Google

ဆံပင်ကောက်သူတွေက ပုံမှန်အားဖြင့် ဘာမှဖြီးလိမ်းမထားပဲ ဆံပင်က Volume နဲ့ ထူထူထဲထဲရှိကြပြီး ဆံပင်ဖြောင့်သူ တို့ထက်ကြည့်လို့ကောင်းကြပါတယ်။ ဒါပေမဲ့ ဖြီးလိမ်းတဲ့အခါမှာတော့ ဆံပင်တွေက နည်းနည်းခေါင်းမာတတ်ပြီး၊ လိုခြင်တဲ့ပုံရဖို့ကို Strong/Heavy Hold ခေါင်းလိမ်းဆီတွေနဲ့ ဖြီးပေးရပါတယ်။ ဆံပင်ရှည်လာတဲ့အလျောက်လည်း ဖြီးရပိုပြီးခက်ခဲသွားတတ်ပါတယ်။ Coiled နဲ့ Kinky Hair မှာပိုသိသာပါတယ်။

ဒီတော့ဆံပင်ကောက်သူတို့အတွက် အကြံပေးချင်တာကတော့ ဆံပင်ကို တော်တော်ရှည်လာတဲ့အထိမထားကြပဲ ကိုယ်ကြည့်ရကောင်းရုံလောက်အထိနဲ့ အလယ်အလတ်လောက်အထိပဲထားဖို့ပါ။ Kinky Hair များရှိခဲ့မယ်ဆိုရင်တော့ Rapper Drake လိုမျိုး Crew Cut နဲ့သာအလိုက်ဖက်ဆုံးလို့ထင်မိပါတယ်။ ဆံပင်ကောက်သူတို့ ခေါင်းလိမ်းဆီသုံးရာမှာလဲ ဆံပင်က ခေါင်းမာတတ်တဲ့အတွက် ကိုယ်လိုချင်တဲ့ ဆံပင်ပုံစံနဲ့ကိုက်ညီမဲ့အမျိုးအစားကို Strong Hold/Heavy Hold ရွေးချယ်ပြီးသုံးပေးသင့်ပါတယ်။

များသောအားဖြင့် ဆံပင်အလယ်အလတ်လောက်နဲ့ Classic ဘေးခွဲထားပြီး Pomade လိမ်းပေးတာပဲဖြစ်ဖြစ်၊ တိုတိုထားမယ်ဆို... ဖွထားတဲ့ Messy Look ပုံစံမျိုးကို Wax နဲ့ ဖြီးပေးရင်တော့ သေချာပေါက် အိုကေမှာစိုပြေလောက်ပါပဲ။ Pomade ကတော့ပိုပြီး Hold ကောင်းတတ်ကြတဲ့အတွက် ဆံပင်ကောက်သူတို့အတွက် ပိုသင့်တော်မယ်လို့ထင်မိပါတယ်။

Blow Dry လုပ်တဲ့နေရာမှာတော့သတိထားကြပါ။ အပူထိရင် ဆံပင်တွေကပိုကွေးသွားတတ်ကြတာမို့ Heat Protection Cream ဖြစ်ဖြစ်ခံပြီးလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

လိုက်ဖက်တဲ့ ဆံပင်ပုံစံနဲ့ ခေါင်းလိမ်းဆီကို ဘယ်လိုရွေးမလဲ??

ဒီ Blog နဲ့အတူ ဒီ Blog ရဲ့အရှေ့က “ခေါင်းလိမ်းဆီအမျိုးမျိုးရဲ့အကြောင်း” Blog (link) တွေကိုဖတ်ပြီးသွားရင်တော့ သင့်အတွက် နေ့စဉ် ခန့်ညားမှုကိုရရှိဖို့ အရမ်းလွယ်ကူသွားပါပြီ။ ကျနော်တို့အခုပြောပြခဲ့တဲ့ ဆံပင်ကိုခွဲခြားပေးနိုင်တဲ့ အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားပြီး၊ ကိုယ်သွားခြင်တဲ့ဆံပင်ပုံစံနဲ့ လိုက်ဖက်မဲ့ ခေါင်းလိမ်းဆီကိုသုံးပေးမယ်ဆိုရင်တော့ မိတ်ဆွေတို့အတွက် လမ်းသွားတိုင်း သေချာပေါက် အငေးခံရတော့မှာပါပဲဗျ။

ဥပမာ ကျနော်ဆိုရင် ဆံပင်ဖြောင့်ဖြောင့်၊ ထူထူနဲ့ ဆံလုံးအလယ်အလတ်လောက်ရှိပါတယ်။ ဆံလုံးအလယ်အလတ်လောက်ရှိတော့ ပုံမှန်ဆံပင်တိုဆို ဖြီးရခက်ခဲပြီး ထိုးထိုးထောင်ထောင်တွေဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့် တစ်ခေါင်းလုံး မရှည်တရှည်ထားပြီး ကျနော်နဲ့လိုက်လောက်မဲ့ Classic Side Part/Comb Over ပုံစံမျိုးသွားလိုက်ပါတယ်။ ကိုယ်ရွေးလိုက်တဲ့ဆံပင်ပုံစံနဲ့လိုက်ဖက်တဲ့အပြင်၊ ဆံပင်ထူတော့လည်း အစိုဓာတ်ရှိတဲ့ ခေါင်းလိမ်းဆီနဲ့မှအဆင်ပြေတဲ့အတွက် Pomade ကိုရွေးချယ်ဖြစ်ပါတယ်။ ဆံပင်ဆံလုံးကြောင့်ပဲ Strong/Heavy Hold ကိုရွေးရပါတယ်။

---------------------------------------------

အခုနေ့တိုင်းအသုံးပြုမိနေတဲ့ခေါင်းလိမ်းဆီကတော့ Suavecito Firme Hold Pomade ပါ။ သူ့အကူအညီနဲ့ပဲ ကျနော်နဲ့အဆင်ပြေမဲ့ ဆံပင်ပုံစံကိုထားနိုင်ပါပြီ။ ဒါကြောင့်မိတ်ဆွေတို့လည်း နေ့တိုင်းဖြီးလိမ်းရမဲ့လိုအပ်ချက်များ အဆင်ပြေဖို့အတွက်...

🔥Suavecito Firme Hold Pomade🔥
🔥Made in USA🔥

ကို
🎩The Myanmar Gentlemen Supplies🎩
Myanmar's First Men's Grooming Webstore

တွင်စတင်၍ မှာယူနိုင်ပါပြီ။
---------------------------------------------
ဝယ်ယူမှုများကို
🌎Webstore: www.mmgents.com
☎️Hotline: 09789 20 6464
📱Facebook Messenger: www.m.me/mmgents
အစရှိသည်တို့မှဆက်သွယ်မှာယူနိုင်ပြီး၊

🚚Home Delivery
💰Cash on Delivery တို့ဖြင့်လဲဝန်ဆောင်မှုများရှိပါတယ်။
နယ်မြို့များကိုလဲ ငွေကြိုလွှဲပြီး ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

#mmgents နှင့်အတူ ပုံမှန်များထဲမှ ဖောက်ထွက်လိုက်ပါ။

Older Post Newer Post