အမျိုးသားခေါင်းလိမ်းဆီအမျိုးမျိုးတို့အကြောင်း

ညီအစ်ကိုတို့...👏👏

ကျနော်တို့နေ့တိုင်း Pomade တွေ Wax တွေ Cream တွေ သုံးပြီး ကေရွှိုင်းကြပေမဲ့ များသောအားဖြင့် ဘယ်အမျိုးအစားက ဘယ်လိုကောင်းလို့ ဘာအတွက်သုံးနေရတယ်ဆိုတာ တော်ရုံသတိမပြုမိကြပါဘူး။
သတိထားမိကြလားမသိဘူးဗျ...

ကျနော်တို့ ငယ်ငယ်ကတည်းကစပြီး ခေါင်းလိမ်းဆီတွေ အမျိုးအစားတွေ ခေတ်အလိုက်ပြောင်းလဲလာကြတာလေ။ 😏

အမှန်တော့ ခေါင်းလိမ်းဆီတွေပြောင်းလဲလာမဟုတ်ဘူးဗျ။ ဆံပင်ပုံစံတွေက ခေတ်အလိုက်ပြောင်းလဲလာကြပြီး အဲ့ဒီဆံပင်ပုံစံတွေကို ဖြီးနိုင်ဖို့အတွက် သင့်တော်မဲ့ ခေါင်းလိမ်းဆီအမျိုးအစားအသစ်တွေကို ရှာဖွေအသုံးပြုလာကြတာပါ။ 

ဒါပေမဲ့လည်း မသိခင်ငယ်ငယ်တုန်းကတော့ သုံးနေကြခေါင်းလိမ်းဆီတစ်မျိုးနဲ့ပဲ ပုံစံမျိုးစုံ မရမကဖြီး၊ Spray အတင်းဆွတ်ပြီး သွားရတာပါပဲ။
(မတတ်နိုင်ဘူးလေ ကျောင်းမှာဂေါ်နေဖို့ အဲ့လောက်တော့လုပ်ရတာပေါ့... ဟဲဟဲ 😈😈)

အမှန်ဆိုခေါင်းလိမ်းဆီတွေက သူ့အမျိုးအစားအလိုက် သင့်တော်တဲ့ဆံပင်ပုံစံကို ဖြီးမယ်ဆိုရင် အလွယ်တကူ သူ့ဟာနဲ့သူ ထိန်းနိုင်စွမ်းရှိကြပြီး Spray တွေဘာတွေနဲ့ အတင်းကြီးအားထုတ်နေစရာမလိုဘူးဗျ။
ဆိုတော့ကာ...

ဒီတစ်ခါမှာတော့ မိတ်ဆွေတို့ ရွေးချယ်ရလွယ်ကူအောင် Hair Styling Products မျိုးပေါင်းစုံရှိတဲ့အထဲက ဘယ်လိုတွေကွဲပြားသွားကြပြီး ဘယ်နေရာမှာသုံးဖို့သင့်တော်နိုင်မယ်ဆိုတာကို ကျနော်သိသလောက် ဝေမျှပေးခြင်ပါတယ်။

အရင်ဆုံး Hair Products တွေကို နားလည်ဖို့အတွက် အချက် ၂ ချက်ကို အရင်သိထားဖို့လိုမယ်ဗျ။

၁- Hold 💪

ဒါကတော့ ထိန်းထားနိုင်မှု၊ ပုံမပျက်မှု၊ နေရာမရွေ့မှုပေါ့ဗျာ။ သူကတော့ Loose Hold, Medium Hold, Strong Hold, Heavy Hold စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ Loose Hold ကတော့ ထိန်းနိုင်စွမ်းအနဲဆုံးဖြစ်ပြီး Heavy Hold ကတော့အများဆုံးပေါ့နော်။

၂- Shine 🌅

လွယ်လွယ်ပြောရမယ်ဆိုရင်တော့ Shine ဆိုတာ ဆံပင်အရောင်တောက်ပမှုပါပဲ။ ဘယ် Product ပဲသုံးသုံး ဆံပင်က အလင်းအရောင်ကို ပြန်တယ်ဆိုရင် Shine ဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ သူ့မှာလည်း Matte Shine, Medium Shine, High Shine စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ Matte Shine ကတော့ အမှောင်ပုံစံဖြစ်ပြီး High Shine ကတော့ အတောက်ပဆုံးပေါ့ဗျာ။

ဒီနှစ်ခုကိုသိပြီးရင်တော့ ရွေးချယ်ရလွယ်ကူသွားပါပြီ။

ကိုယ့်ဆံပင်ရဲ့ အနေအထားနဲ့လိုက်ပြီး ကွဲပြားသွားနိုင်တဲ့ တချို့အချက်တွေလဲရှိတယ်ဗျ။ ဒါတွေကိုတော့ အောက်ကအကြောင်းအရာတွေကို ဖတ်ရင်းနဲ့ပဲ တဖြေးဖြေးနဲ့သိသွားမှာပါ။

လေရှည်နေတာကြာပြီဆိုတော့...စပြီးပြောလိုက်ကြရအောင်ဗျာ။

မှတ်မိကြသေးလားဗျ...

ကျွန်တော်တို့ငယ်ငယ်က ဆံပင်ပုံစံ ဘယ်လိုလေးတွေဆိုတာ။

အုန်းမုတ်ခွက်ကေလေ...😏

(အဲ့ပုံစံဘော်ဒါတွေကိုယ့်မှာ ရှိရင်ရှိ... မရှိရင် ကိုယ်တိုင်က အဲ့ပုံစံ ထားထားလို့ပဲ 😝😝)

အဲ့တုန်းက ဆံပင်ပုံစံက ခပ်ဆန်းဆန်းသိပ်မရှိဘူးရယ်။ အုန်းမုတ်ခွက်ကေကို ဘေးခွဲလေးဖြီးရင်ဖြီး မဟုတ်ရင်တော့ ကတုံးဆံထောက်၊ ဒါမှမဟုတ် ရာဇာနေဝင်းဆံပင်ပုံ။ ဒါပဲရွေးစရာရှိတယ်။ အဲ့တုန်းက Hair Styling Products တွေလည်း ရွေးစရာသိပ်မရှိဘူး။ သိပ်မရှိတာထက်ကို Cream တစ်မျိုးပဲရွေးစရာရှိတယ်ဗျ။

Hair Cream

Cream ရဲ့ အဓိကပေးစွမ်းနိုင်တာတွေကတော့ Loose Hold နဲ့ Medium Shine ပါပဲ။ Cream တွေကများသောအားဖြင့် Lotion လိုမျိုးလာကြတယ်။ သူကအဆီဓာတ်ရှိတော့ အပြင်မှာ ဆံပင်ပြန်ပြင်လို့လည်း အဆင်ပြေတယ်၊ ဆံပင်ထူတဲ့သူတွေအတွက် နှံ့အောင်လိမ်းပေးဖို့လည်းလွယ်ပါတယ်။ ။ အဲ့ဒါကြောင့်လည်း လက်နဲ့ပဲဖြီးဖြီး ဘီးပဲသုံးသုံး အဆင်ပြေတယ်ဗျ။ ကလေးတုန်းကတော့ ဖားသားကြီး Hair Cream တွေယူလိမ်းပြီး၊ တော်ရုံဆို အမေဇွတ်လိမ်းပေးတဲ့ အုန်းဆီကိုပဲ ကျေနပ်ရတာပေါ့ဗျာ။

Cream ကို အခုအချိန်အထိ ပုံမှန် Hair Styling လုပ်စရာမလိုတဲ့ ဆံပင်ပုံတွေအတွက် သုံးကြပါတယ်။ Hold သိပ်မလိုတဲ့ဆံပင်တွေ နဲ့ Freestyle တွေအတွက် အဓိကပေါ့။ အလွင့်ပဲဆိုပါတော့။

Gel

ကျနော်တို့ တော်တော်များများ ထိတွေ့မှတ်မိကြမှာကတော့ Gel ပဲဖြစ်မှာပါ။ ဆံထောင်တွေ ဘဲမြှီးတွေစပြီးခေတ်ထလာတော့ ရေချိုးခန်းထဲ ရေတွေ၊ ဂျယ် ဘူးတွေနဲ့ စိုစိပွထနေတဲ့အထိ ဆံပင်အထောင်ရအောင် ကျွန်တော်တို့ ကြိုးစားကြတာ အမှတ်တရပေါ့။ ဆံပင် ထိုးထိုးထောင်ထောင်တွေကိုလည်း ကျောင်းကဆရာတွေ ဆရာမတွေက ညှပ်ပစ်မယ် ဘာညာ အော်ဆူကြရတဲ့အထိပဲဗျ။

ဒီတော့ ပြောရမယ်ဆို Gel ကတော့ Hold တော်တော်ကောင်းတယ်ပေါ့ဗျာ၊ Shine လဲရှိကြတယ်။ ဆံပင်တိုတိုနဲ့ ထိန်းအားကောင်းကောင်းလိုခြင်တဲ့ bro တွေအတွက် အဆင်ပြေတယ်။ သူက ရေဓာတ်ကိုပဲ အဓိကအခြေခံထားတော့ လိမ်းပြီးဖြီးနေရင်းနဲ့ ခြောက်သွားတတ်တယ်ဗျ။ အဲ့တော့များသောအားဖြင့် ဆံပင်ကို ရေနဲနဲတောက်ပေးပြီးလိမ်းပေးရတယ်။ လက်ကောဘီးကောသုံးပြီး ဖြီးနိုင်ပါတယ်။ ရေနဲ့စွတ်ပြီး လမ်းမှာကေပြန် သ လို့လည်းရတတ်ကြပါတယ်။ ဆံပင်ရှည်သူ/ထူသူ အတွက်တော့ သုံးရခက်ပါလိမ့်မယ်။

တစ်ခုရှိတာက သူက လိမ်းပြီး ခြောက်သွားတဲ့အခါကျ အဖြူအဖတ်တွေတော့ ထွက်လာတတ်တယ်။ ကိုယ်က လှခြင်လို့လိမ်းတာကို သူကအဲ့လိုခြောက်ပြီး အဖြူဖတ်တွေထွက်လာတတ်တော့ တဖြေးဖြေးလူသုံးတော့နဲလာကြတယ်ဗျ။ ဒါပေမယ့် ကိုယ့်မျက်နှာက ဆံပင်အထောင်နဲ့ပဲ လိုက်ဖက်လို့ အခုထိ ဆံပင်အထောင်ပဲထားတယ်ဆိုတဲ့ bro တွေအတွက်ကတော့ Gel မှ Gel ပါပဲ။

Wax

နောက်ပိုင်းတော့ Korea Culture စပြီး ခေတ်စားလာတော့ အရှည်တွေထားပြီး Wax ခေတ်ကိုရောက်လာတယ်။ Wax တွေကပုံမှန်အားဖြင့် Cream ထက်ပျစ်ပြီး စေးကပ်မှုရှိကြတယ်။ အနီးစပ်ဆုံးပြောရရင် ပန်းချီဆွဲတဲ့ ဆီဆေးလိုမျိုးဆိုပါတော့။ သူက အဆီဓာတ်နည်းပြီး စေးကပ်မှုဘက်ကိုပိုသွားတော့ အိပ်ရာက ထလာကာစ စုတ်ဖွာဖွာ Bed Head ဆံပင်ပုံစံတွေအတွက် Wax ကို သုံးကြတာများတယ်ဗျ။ Hold လိုအပ်မဲ့ Messy Style တွေပေါ့။ ဆံပင်ကိုထူထူထဲထဲနဲ့ Volume ရှိတဲ့ပုံပေါက်စေတယ်။

Strong Hold လောက်အထိရှိကြပေမဲ့၊ အလေးချိန်နဲနဲပါတော့ ထောင်ဖို့တွေ၊ အမောက်ဖြစ်ဖို့တွေဆို Hair Spray တွဲသုံးပေးမှ ပိုပြီးထိန်းနိုင်အားကောင်းကောင်းနဲ့ တာရှည်ခံကြတယ်။ Hair Wax တွေက နည်းနည်းခြောက်တဲ့ဘက်ရောက်ပြီး Shine ကတော့ အမှိန်ဘက်သွားကြတယ်။ Low to Matte Shine လောက်ရှိကြတာများပါတယ်။ နဲနဲခြောက်သွေ့တဲ့ဘက်သွားတော့ ဘီးသုံးလို့သိပ်အဆင်မပြေပဲ လက်နဲ့ဖြီးပေးကြရတယ်ဗျ။ Messy Casual Look ကိုလိုချင်တဲ့အခါကျရင်တော့ Wax ကိုပဲသေချာပေါက် ပြေးရွေးရုံပေါ့ဗျာ။

Clay

သိပ်ပြီး မြန်မာပြည်မှာ သိသိသာသာ မတွင်ကျယ်လိုက်တာက Clay ပါ။ သူက ရွှံ့စေး/မြေစေးလို ခဲပြီးလာကြတယ်။ အဲ့ဒီတော့ လက်နဲ့ ကော်ထုတ်ဖို့ နဲနဲတော့အားသုံးရတယ်ဗျ။ ပြီးရင်လက်ထဲမှာ အသေအချာနှံ့သွားအောင် ပွတ်တိုက်ပြီး အပူပေးဖို့လိုပါတယ်။ ခေါင်းလိမ်းဆီတွေထဲမှာ အဆီဓာတ်အနဲဆုံးလောက်ဖြစ်ပြီး ခြောက်သွေ့တဲ့ဘက်ကိုသွားကြတယ်။ များသောအားဖြင့် သူ့ကို ဆံပင်လှိုင်း Texture တွေရအောင် နဲ့ ပေါ့ပေါ့ပါးပါး Matte Shine ကိုပေးတဲ့ ပုံစံမျိုးတွေမှာ သုံးကြတယ်။ သိပ်အားမစိုက်ထားသလို ပုံမျိုးတွေပေါ့။ Strong Hold - Matte Shine နဲ့လာကြတာများပါတယ်။ ဆံပင်ကို ပိုထူတယ်လို့ထင်ရစေတယ်။ Clay ဆို လက်နဲ့ပဲဖြီးတာပိုအဆင်ပြေကြတယ်ဗျ။

Wax ရော၊ Clay ရောက ဆံပင်အရှည် ပုံမှန်လောက်ရှိသူတွေအတွက် သုံးနိုင်တယ်ဗျ။ ဆံပင် အုံထူတဲ့သူတွေအတွက် လိမ်းရတာ နဲနဲခက်ပါလိမ့်မယ်။ အဆီဓာတ်နည်းပါးကြတော့ ချောချောမွေ့မွေ့နဲ့ အထဲထိ နှံ့အောင် မရောက်နိုင်ဖြစ်တတ်ပါတယ်။ Wax နဲ့ Clay ဆို Wax ကပိုပြီး အစိုဓာတ်ရှိတယ်။ Clay ကတော့ အခြောက်ဆုံးလောက် သွားကျတယ်ဗျ။ အဲ့ဒါကြောင့်လဲ များသောအားဖြင့် Wax နဲ့ Clay တွေက ဆံပင်ပြန်ပြင်လို့ အဆင်မပြေတတ်ကြပါဘူး။

Pomade

အခုနောက်ပိုင်းကျတော့ ဘေးပါး Undercut တွေနဲ့ Side Part, Slick Back လိုမျိုး သန့်သန့်ပြန့်ပြန့် Classic ပုံစံတွေ ပြန်ခေတ်စားလာတယ်ဗျ။ The Great Gasby ထဲက Leonardo ရဲ့ ဆံပင်လို၊ David Beckham ရဲ့ ဆံပင်လိုမျိုးတွေပေါ့။ သပ်ရပ်ပြီး ကြော့နေတဲ့ Slick Look ဆံပင်မျိုးကိုရဖို့အတွက် Pomade ကိုသုံးရတယ်။

သူကတော့ ယခင်က အဆီဓာတ်ကိုအဓိက အခြေခံထားတဲ့ Oil-Based တွေဖြစ်ကြပြီး၊ နောက်ပိုင်းပြန်ခေတ်ထလာတော့ ရေဓာတ်ပါဝင်တဲ့ Water-Based အမျိုးအစားတွေထွက်လာကြတယ်ဗျ။ သူက Cheese တုံးလိုမျိုး အနေအထားရှိတတ်ကြတယ်။ အဆီဓာတ်ပါဝင်မှုရှိတော့ လိမ်းပေးရတာလဲ လွယ်ကူသလို အချိန်မရွေး ပြန်ရွှိုင်းလို့လဲရတယ်။ ဆံပင်အုံထူတဲ့သူတွေအတွက်တော့ အဆင်ပြေကြတယ်ဗျ။ (ကျနော်အပါအဝင်ပေါ့နော်)

Heavy Hold အထိရှိတတ်ကြပြီး Shine မှာလည်း High Shine to Matte Shine အထိရွေးချယ်မှုတွေရှိတတ်ကြတော့ ကိုယ့်ဆံပင်နဲ့ ကိုက်ညီတာကိုလည်းရွေးချယ်လို့ရတယ်။ ထိန်းအားကောင်းတော့ တော်ရုံဆို Spray တွေဘာတွေ မလိုတတ်ကြဘူးဗျ။ ဘီးနဲ့ဖြီးပေးမယ်ဆိုရင်တော့ ကျစ်ကျစ်လျစ်လျစ်ပုံဆံမျိုးရနိုင်ပြီး၊ လက်နဲ့နဲနဲလေးဖွလိုက်ရင်လဲ Messy/Casual ပုံစံမျိုးသွားနိုင်ပါတယ်။ ပြောရမယ်ဆိုရင် လောလောဆယ် ခေတ်အစားဆုံး ဆံပင်ပုံစံတွေနဲ့ကတော့ Pomade ပဲပေါ့ဗျာ။

ဒီလောက်ဆို ဆရာသမားတို့ ရွေးချယ်နိုင်ဖို့အခြေခံတွေ သိလောက်ကြပြီပေါ့။ တချို့အရာတွေကတော့ ဆံပင်တွေကမတူကြတော့ ကိုယ်ကိုတိုင်ပဲသုံးရင်းနဲ့ အဖြေရှာကြရတာပါပဲ။ တစ်ခုကတော့ ဘယ်အမျိုးအစားပဲသုံးသုံး လိမ်းတဲ့အခါ ရေကိုနဲနဲသုံးပေးရင် Shine ပိုရစေတယ်ဗျ။ Hold တော့နဲနဲကျသွားနိုင်ပါတယ်။ ကိုယ်လိုသလောက် ကစားပေးနိုင်တာပေါ့နော်။ ပြီးရင်လည်း ပုံထွက်ညီရန် ဆံပင်ကိုနှံ့အောင်လိမ်းပေးဖို့လဲလိုမယ် ကိုယ့်ဆရာရေ...🤗🤗

ဒီကနေ့တော့ ဒီလောက်နဲ့ပဲရပ်ကြမယ်ဗျာ။
နောက်လဲ မိတ်ဆွေတို့ သိလို/စိတ်ဝင်စားကြမဲ့ အကြောင်းအရာလေးတွေ ရှိရင်လည်းပြောပြခဲ့ဖို့မှာခြင်ပါတယ်။ ဒီလို အမျိုးသားတို့ ကြည့်ကောင်းဖို့ အကြောင်းအရာတွေ နှစ်သက်တယ်ဆိုရင်တော့ ကျနော်တို့ Page ကို Like and Follow လုပ်ထားဖို့အကြံပြုမယ်နော့။
---------------------------------------------
ဒါကတော့ စာရေးသူ Suavecito Firme Hold Pomade ကိုအသုံးပြုပြီး ရွှိုင်းထားတဲ့ပုံပါ။

အခုဆို The Myanmar Gentlemen Supplies ကနေပြီးတော့ Heavy Hold and Medium Shine, Suavecito Firme Hold Pomade ကို စတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ ကမ္ဘာ့လူကြိုက်အများဆုံး Pomade ထဲမှတစ်ခုဖြစ်ပြီး၊ Water-Based မလို့ ဆောင်းတွင်း ခေါင်း လျှော်ရတာလဲအေးဆေး၊ Heavy Hold မို့လဲ တစ်နေကုန် ပုံမပျက်စေပါဘူး။

ဘာညာ အနေအထား ဘယ်လိုလဲသိချင်ရင်တော့ ပုံထဲက ဆံပင်ကိုသာ ရှိုး...

လုံးဝ အငြိမ်...။ 😉
---------------------------------------------
🔥Suavecito Firme Hold Pomade🔥
🔥Made in USA🔥

ကို
🎩The Myanmar Gentlemen Supplies🎩
Myanmar's First Men's Grooming Webstore

တွင်စတင်၍ မှာယူနိုင်ပါပြီ။
---------------------------------------------
ဝယ်ယူမှုများကို
🌎Webstore: www.mmgents.com
☎️Hotline: 09789 20 6464
📱Facebook Messenger: www.m.me/mmgents
အစရှိသည်တို့မှဆက်သွယ်မှာယူနိုင်ပြီး၊

🚚Home Delivery
💰Cash on Delivery တို့ဖြင့်လဲဝန်ဆောင်မှုများရှိပါတယ်။
နယ်မြို့များကိုလဲ ငွေကြိုလွှဲပြီး ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်။

#mmgents နှင့်အတူ ပုံမှန်များထဲမှ ဖောက်ထွက်လိုက်ပါ။

Older Post Newer Post