Suavecito Matte Pomade Review

Suavecito Review

ဆံပင်ပြောင်နေတာကိုရှောင်ချင်ပြီး၊ ပေါ့ပေါ့ပါးပါး သဘာဝဆန်ဆန် ဆံပင်ပုံစံသွားချင်သူတို့နှင့် ဆံပင်ပါးသူ ညီအစ်ကိုတို့အတွက် ကမ္ဘာကျော် ခေါင်းလိမ်းဆီတံဆိပ် Suavecito USA မှ ထုတ်လုပ်ထားသော အားစိုက်မထုတ်ထားသလို ဆံပင်အရောင် Natural Matte Finish နှင့် ပေါ့ပေါ့ပါးပါး Medium Hold ထိန်းအားကိုပေးမည့် Water-Based အမျိုးအစား USA Made, Suavecito Matte Pomade ခေါင်းလိမ်းဆီ။

ဒီတစ်ခေါက်မှာတော့ Suavecito Matte Pomade ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့လက်တွေ့စမ်းကြည့်လိုက်ကြရအောင်.... ? 

1. ပထမဆုံးအမြင်

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 

ဘူးအနေအထားကတော့ Suavecito Firme Hold Pomade ရဲ့ မူရင်းပုံစံအတိုင်း အရိုး Hombre လေး ကေသနေပုံကို အစိမ်းရောင် Theme သုံးထားပါတယ်။ တစ်ခုသတိထားမိတာက Matte Pomade ဆိုတဲ့အတိုင်း ဘူးပေါ်က ဒီဇိုင်းအပြင်အဆင်ကအစ Matte စက္ကူအသားလေးသုံးထားတာပါ။ ဘူးအသွင်အပြင်အဆင်ကအစ အားစိုက်ထုတ်ထားတယ်လို့ပြောလို့ရပါတယ်။

အထဲမှာပါဝင်တဲ့ အလေးချိန်ကတော့ 4 ounces/113 gram ဖြစ်ပြီး အတော်အသုံးခံပါတယ်။ ပုံမှန်ဆံပင်အရှည်လောက်နဲ့ နေ့စဉ်သုံးမယ်ဆို နှစ်လကျော်ကျော်လောက်အေးဆေးသွားနိုင်တဲ့ အနေအထားပါ။

2. ရနံ့

ဘူးကိုစဖွင့်ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးသိလိုက်မှာက Suavecito Firme Hold Pomade သုံးဖူးသူတော်တော်များများ ရှယ်ကြွေကြတဲ့ Suavecito ရဲ့ မူလဘူတ ရနံ့သင်းသင်းလေးပါပဲ။

3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

 ခေါင်းလိမ်းဆီပုံစံကတော့ ကိုင်ကြည့်ရင်လက်မှာအလွယ်တကူပျော်ဝင်နိုင်တဲ့ အဖြူရောင်အနှစ်အခဲပုံစံ Creamy Texture ပါ။ ကြည့်ရုံနဲ့တင် ပထမဆုံးမိတ်ဆက်ပေးထားတဲ့ Suavecito Firme Hold Pomade နဲ့ လုံးဝမတူပဲ အခြားသက်ရောက်မှုများကို ပေးသွားမယ်ဆိုတာပြောလို့ရနေပါပြီ။

4. ဆံပင်ပုံသွင်းခြင်း

ပထမဆုံးအနေနဲ့ ဖန်ဂေါ်လီလုံးအရွယ်လောက်ကို ဘူးထဲမှ အလွယ်တကူကော်ယူပြီး အပူဓာတ်ပေးတဲ့အနေနဲ့လက်နဲ့ ပွတ်ပေးပါ။ နည်းနည်းချင်းစီနဲ့ လိုအပ်မယ်ထင်တဲ့နေရာမှစပြီး တစ်ခေါင်းလုံးနှံ့အောင်ဖွလိမ်းပေးပါ။ ပြီးရင်တော့ လက်နဲ့ပဲဖြစ်ဖြစ် ဘီးပဲသုံးသုံး စပြီးပုံသွင်းနိုင်ပါပြီ။

စလိမ်းလိုက်တဲ့အခါ ဆံပင်ပေါ်မှာ အဖြူရောင်အသားတစ်ထပ် တင်နေသလိုထင်ရပါတယ်။ အဲ့ဒါက ခေါင်းလိမ်းဆီသေချာပျော်မဝင်သေးဘူးလို့ဆိုလိုတာပါ။ ဆံပင်ပုံစံတသားထဲဖြစ်သွားဖို့ Matte Pomade ကို နှံ့အောင်လိမ်းပေးဖို့မမေ့ပါနဲ့ဦး ရဲဘော်။ ဆံပင်ဖြီးသွားရင်းနဲ့ အမှိန် Matte Finish ပုံစံတဖြေးဖြေးနဲ့ ပေါ်လွင်လာပါလိမ့်မယ်။ 👏

ပုံသွင်းချိန် သတိပြုမိမှာကတော့ Suavecito Matte Pomade ပေါ့ပေါ့ပါးပါး၊ ခြောက်ခြောက်သွေ့သွေ့ပုံစံမျိုးပါ။ ဆံပင်ကို Messy Look အတွက် ပုံမှန်လက်နဲ့ထိုးဖွဖြီးတတ်သူတွေအကြိုက်ဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါးရှိတဲ့အတွက်လည်း ဆံပင်ကိုလိပ်တင်ပြီး၊ ထူထူထဲထဲ Volume ရှိတဲ့ပုံစံပဲသွားသွား၊ ဖွပြီးပဲချထားထား အိုကေမှာစိုပြေပါ။ သန့်သန့်ပြန့်ပြန့် Sleek Look အတွက် ဘီးနဲ့ဖြီးမယ်ဆိုရင်တော့ ရေအနည်းငယ်အသုံးပြုပေးနိုင်ပါတယ်။

5. ပုံသွင်းပြီးရလဒ်

ဆံသားရဲ့ မူလအရောင်ကို Natural Matte Finish နဲ့ ထပ်မြှင့်ပေးတာ Suavecito Matte Pomade ရဲ့ အဓိကလုပ်ဆောင်ချက်ပါ။ နဂိုဆံပင်အရောင်စိုသူတွေပဲဖြစ်ဖြစ်၊ မွဲခြောက်ခြောက်ဖြစ်နေသူတွေပဲဖြစ်ဖြစ်၊ လိမ်းလိုက်ရင် သဘာဝဆံပင်ကောင်းတဲ့အမှိန်ပုံစံမျိုးပေးသွားပါတယ်။

အဲ့တော့ "ဒီနေ့ဘာမှထွေထွေထူးထူးပြင်ဆင်မလာဘူးကွာ" ဆိုတဲ့ အနေအထားကိုလိုချင်သူတွေအနေနဲ့ ထသွားထလာ ဒီဇိုင်းတွေအတွက်ကတော့ အဆင်ပြေမဲ့ Product တစ်ခုပါ။

နောက်ပြီး ဆံပင်ပါးသူတွေအတွက်လဲသတင်းကောင်းဗျ။ Matte က ပေါ့ပေါ့ပါးပါးနဲ့ ထူထူထဲထဲ Volume ရအောင်ဖန်တီးပေးနိုင်တော့ သူ့ကိုအသုံးပြုပြီး ဖွဖြီးပေးထားရင် အုံထူသွားတယ်လို့ ထင်ရစေပါတယ်။ ဆံပင်ပါးသူ၊ ဦးရေပြားကိုမြင်နေရသူတို့အတွက်လည်း သင့်တော်မဲ့ အမျိုးအစားတစ်ခုပါပဲ။

6. တစ်နေ့တာရလဒ်

Hold ကတော့ Medium ဖြစ်တဲ့အတွက် ဆံပင်အတိုနဲ့ အနေတော်အရှည်ရှိတဲ့သူတွေအတွက် သင့်တော်မှာပါ။ တစ်နေကုန် မတောင့်တတောင့်လေးနဲ့ အချိန်မရွေး ရေစွတ်ပြီး ကေပြန်သနိုင်တယ်။ စေးကပ်ကပ်နဲ့ ဆံပင်ကပိကျမနေပဲ လုံးဝအထာကျကျ ပေါ့ပါးတယ်။

လိမ်းထားပြီး အဖြူဖတ်တွေထွက်တာမရှိသလို Water-Based Pomade ဆိုတော့ ခေါင်းလျှော်ရတာလဲ အေးဆေး။

7. နိဂုံး သုံးသပ်ချက်များ

ဒီအချက်အလက်တွေကိုဖတ်ပြီးသွားလို့ မဟူရာအရောင် ဆံပင်အမှိန်လေးနဲ့ပဲ ပေါ့ပေါ့ပါးပါး လမ်းထွက်မယ်လို့စဉ်းစားထားရင် ဘယ်ခေါင်းလိမ်းဆီကိုရွေးရမလဲဆိုတာ မိတ်ဆွေတို့တန်းသိနိုင်ကြပြီပေါ့ဗျာ။

Medium Hold, Natural Matte Finish နဲ့ Water-Based အမျိုးအစားဖြစ်ပြီး Matte Pomade လို့ နာမည်ပေးထားတဲ့အတိုင်း ဆံပင်ကို ပြောင်ပြောင်စိုစိုဖြစ်နေခြင်းမရှိပဲ၊ အမှိန်လေးနဲ့ ပေါ့ပေါ့ပါးပါး အားစိုက်မထုတ်ထားသလို Natural Look ဆံပင်ပုံစံမျိုးသွားချင်သူတို့အတွက် ရည်ရွယ်ထားတယ်လို့ပြောနိုင်ပါတယ်။ ဆံသားပါးတဲ့သူတွေရဲ့ အခက်အခဲကိုတွေကိုလည်း ဖြေရှင်းပေးနိုင်မယ့် Product လည်းဖြစ်ပါတယ်။

ဒီလိုအရည်အသွေးကောင်း Men's Grooming Product တွေကို အမြန်ဆုံး၊ အတန်ဆုံး ပို့ဆောင်ပေးမယ့် #mmgents ကနေ Suavecito Matte Pomade ကို အခုပဲမှာယူနိုင်ပါပြီ။

🔥Suavecito Matte Pomade🔥

🔥Made in USA🔥

✅Water-Based Pomade
✅Gives Natural Hair Texture
✅Medium hold that lasts through the day
✅Natural matte finish (no shine)
✅Re-style and reactivate with water
✅Comb & Hand styling
✅Removes easily with just water
✅Thin Hair Suitable

✅4oz/113g

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။


Older Post Newer Post