Uppercut Deluxe - Deluxe Pomade သည် ကမ္ဘာကျော် အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Uppercut Deluxe - Australia နိုင်ငံမှထုတ်လုပ်ထားသော အကောင်းဆုံး Super Strong Hold ထိန်းအားပါရှိပြီး၊ ဆံပင်ကို Medium to High Shine တောက်ပြောင်စေမှုနှင့် ခေါင်းလျှော်ရလွယ်ကူသော Water Based Pomade အမျိုးအစားဖြစ်ပါသည်။
ဆံပင်ကို ခြောက်သွေ့သွားခြင်းမရှိပဲ ချောချောမွေ့မွေ့ပုံသွင်းရလွယ်ကူစေပြီး၊ စိုစိုတောင့်တောင့်ဖြင့်ပုံကျနေစေကာ ရာသီဥတုဒဏ်ကိုလဲခံနိုင်မည့် ကမ္ဘာတစ်ဝှမ်းလူကြိုက်များအသုံးပြုနေကြသော ခေါင်းလိမ်းဆီဖြစ်ပါသည်။
Uppercut Deluxe - Deluxe Pomade ရဲ့ အသေးစိတ်အချက်အလက်များကို ကျနော်တို့တစ်ချက်ကြည့်လိုက်ကြရအောင်ဗျာ...
1. ပထမဆုံးအမြင်
#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။
Uppercut Deluxe - Deluxe Pomade ကို စမြင်လိုက်တာနဲ့ Classic ဆန်တဲ့ ခပ်ဝိုင်းဝိုင်းပုပုနဲ့သတ္ထုဘူးကို တွေ့လိုက်ရမှာပါ။ ဘူးအဖုံးပေါ်မှာတော့ ဘေးပတ်လည် အနီရောင်အပတ်နဲ့ Uppercut Deluxe - Deluxe Pomade ရဲ့ အမှတ်တံဆိပ်နဲ့အတူ လက်ဝှေ့သမားနှစ်ယောက်ကို တွေ့ရပါတယ်။ လက်ဝှေ့ထိုးနေရင်းနဲ့တောင် ခံ့ညားနေမယ်လို့ပြောချင်တာဖြစ်မယ်ဆိုပြီး ထင်မိရပါတယ်။
ဘူးရဲ့ အပေါ်ဖက် အဖုံးလက်ကိုင်နေရာနဲ့ ဘူးအောက်ဖက်အစွန်တွေမှာ လက်ကိုင်ပြီး ဘူးကိုဖွင့်ပိတ်လုပ်တဲ့အခါ ချော်မထွက်သွားအောင် Grip ကောင်းကောင်းရဖို့ အထစ်လေးတွေကို ပတ်ပတ်လည် ထည့်ထားပေးတာ တွေ့ရပါသေးတယ်။ အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်တဲ့အလျောက် သုံးဆွဲသူများအဆင်ပြေစေရန် အသေးစိတ် စဉ်းစားထုပ်လုပ်ထားတာအသေအချာပါပဲ။
2. ရနံ့
ဘူးကို လှည့်ဖွင့်လိုက်တာနဲ့ရလိုက်မှာကတော့ အုံးသီးနဲ့ပျားရည် ပေါင်းထားတဲ့ Dessert အချိုပွဲဆန်ဆန်အနံ့ပါ။ ပြောရမယ်ဆို မြန်မာရိုးရာ ရွှေကြည်မုန့်နဲ့ ခက်ဆင်ဆင်သွားတူနေပြီး လက်နဲ့နှိုက်စားချင်စိတ်ပေါက်လောက်အောင်မွှေးပါတယ်။ သိပ်ကိုမွှေးတယ်ဆိုပေမယ့် သူ့အနံ့က ပြေပြစ်ပါတယ်။ လိမ်းပြီးသွားတဲ့အခါ ကိုယ့်ခေါင်းပေါ်မှာ စွဲကျန်ပြီးရနေမဲ့အနံ့မျိုးမဟုတ်ပါဘူး။
3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား
ခရီးသွား၊ လေယာဉ်ပေါ်အလွယ်တကူယူဆောင်သွားနိုင်မဲ့ 3.5oz/100g ပါရှိတဲ့ ဒီခေါင်းလိမ်းဆီက နီညိုရောင်အကြည်လေးဖြစ်ပါတယ်။ အခဲလို့ထင်ရပေမယ့် ကိုင်ကြည့်တော့ ခပ်ပြစ်ပြစ်ရှိတဲ့ ပျားရည်အပြစ်စားလိုဖြစ်နေတာတွေ့ရတယ်။ လိမ်းဖို့ပြင်လိုက်တော့ လက်ထဲမှာ ချောချောမွေ့မွေ့ ပွတ်တိုက်နိုင်ပြီး ဆံပင်ကိုပုံသွင်းရာမှာအကူအညီပေးမဲ့ စေးကပ်မှုပါရှိတာကိုလည်း တွေ့ရပါသေးတယ်။
4. ဆံပင်ပုံသွင်းခြင်း
Uppercut Deluxe - Deluxe Pomade ကို လက်နဲ့ပျော်ဝင်အောင်ပွတ်တိုက်ပြီး စလိမ်းကြည့်တဲ့အချိန်မှာ ဆံပင်ထဲကို ချောချောမွေ့မွေ့ဝင်သွားရုံသာမက ဆံပင်ပုံသွင်းရာမှာ အထောက်အကူဖြစ်စေမဲ့ စေးကပ်မှုပါရှိတာကိုတွေ့ရပါတယ်။ ဆံပင်ထဲကို စိုစိုလေးနဲ့ဝင်သွားပြီး ဆံပင်ပုံသွင်းချိန်ကိုလဲ အကြာကြီးရတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဆံပင်ထူသူနဲ့ ရှည်သူတို့အတွက် အချိန်ကြာကြာစိတ်ကြိုက်ပုံသွင်းနိုင်မှာဖြစ်ပါတယ်။ ဆံပင်ရေစိုနေချိန်မှာပဲဖြစ်ဖြစ်၊ ဆံပင်ရေခြောက်နေချိန်မှာပဲဖြစ်ဖြစ် လိမ်းပေးနိုင်သလို ဘီးနဲ့ပဲဖြစ်ဖြစ်၊ လက်နဲ့ပဲထိုးဖွပြီးပဲဖြစ်ဖြစ် ပုံသွင်းပေးနိုင်ပါတယ်။ ဆံပင်အကောက်သားရှိသူတို့အတွက်လည်း ဘီးနဲ့ကောက်သားကိုပြေတဲ့ပုံသွင်းနိုင်စေပါတယ်။
5. ပုံသွင်းပြီးရလဒ်
Uppercut Deluxe - Deluxe Pomade ကိုစပြီးဆံပင်ပေါ်လိမ်းပေးချိန်မှာတော့ ဆံပင်ကိုတောက်ပြောင်မှုကောင်းကောင်းပေးတာကိုတွေ့ရပြီး၊ ဆံပင်ပုံစံ Settle ဖြစ်တဲ့အချိန်မှာတော့ တောက်ပြောင်မှု အနည်းငယ်ပြန်မှိန်ကာ အနေတော် Medium Shine လောက်မှာရှိနေတာကိုတွေ့ရပါတယ်။ သူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုက ပေါ့ပေါ့ပါးပါးရှိခြင်းလဲဖြစ်ပါတယ်။ ဆံပင်ကို စစပုံသွင်းသွင်းပြီးခြင်းမှာ ဘာမှရှိတယ်လို့တောင်မထင်ရပဲ အချိန်အကြာကြီးစိတ်ကြိုက်ပုံသွင်းနိုင်စေပြီး၊ အနည်းငယ်အကြာမှာတော့ သူ့ရဲ့ Super Strong Hold ထိန်းအားကဝင်လာပြီး လုံဝတောင့်တောင့်တင်းတင်းနဲ့ တစ်နေကုန်ပုံကျနေစေတာကိုတွေ့ရမှာပါ။ အပူချိန်နဲ့ ချွေးဒဏ်ကိုလဲ အတော်ခံနိုင်တာကိုတွေ့ရပါတယ်။
6. ခေါင်းပြန်လျှော်ခြင်း
သူက ရေဓာတ်ကိုအခြေခံထားတဲ့ Water-Based Pomade ဖြစ်တဲ့အလျောက် ရေနဲ့ဆံပင်ပုံစံကိုပြန်ပြင်နိုင်တာကိုတွေ့ရပြီး၊ ခေါင်းပြန်လျှော်တဲ့အခါမှာလည်း ရေနဲ့တင်အလွယ်တကူဆေးချသွားနိုင်တာကိုတွေ့ရပါတယ်။
7. နိဂုံး သုံးသပ်ချက်များ
ဒီအချက်တွေအားလုံးကိုချုံပြောရမယ်ဆိုရင်တော့ Uppercut Deluxe - Deluxe Pomade က Super Strong Hold ထိန်းအားအကောင်းဆုံးလိုအပ်ပြီး တောင့်တောင့်တင်းတင်းနဲ့ ဆံပင်ပုံမပျက်ချင်သူတို့အတွက် ဆံပင်အမျိုးအစားမရွေးပဲတောက်ပြောင်စွာ ခန့်ညားနိုင်စေမှာဖြစ်ပါတယ်။ သူ့ရဲ့ ချောချောမွေ့မွေ့ပုံသွင်းနိုင်မှုကြောင့် ဆံပင်ထူသူတွေနဲ့ ဆံပင်ရှည်သူတို့အတွက် ရွေးချယ်ရန်အထူးသင့်တော်တဲ့ အမျိုးအစားတစ်ခုလဲဖြစ်ပါတယ်။ လုံးဝသပ်သပ်ရပ်ရပ် ဘေးခွဲ၊ လှန်ဖြီး၊ ပုံစံတွေထားချင်တာပဲဖြစ်ဖြစ်၊ လက်နဲ့ထိုးခွဲအနည်းငယ်ဖွထားပြီးတော့ပဲဖြစ်ဖြစ် တောင့်တောင့်တင်းတင်းပုံကျနေချင်သူတွေအတွက်ကတော့ ရွေးချယ်စရာအမျိုးအစားတစ်ခု သေချာပေါက်ဖြစ်မှာပါပဲခင်ဗျာ။
ဒီတော့ အခုပဲ Uppercut Deluxe - Deluxe Pomade ကို #mmgents မှ အိမ်အရောက်မှာယူပြီး အပြည့်အဝ ခံ့ညားလိုက်နိုင်ပါပြီ။
🔥Uppercut Deluxe - Deluxe Pomade🔥
🔥Made in Australia🔥
✅တောင့်တောင့်တင်းတင်းတစ်နေကုန်ပုံကျစေသည်
✅အကောင်းဆုံး Strong Hold ထိန်းအား
✅ဆံသားတောက်ပြောင်စေမှုကောင်းကောင်း Medium to High Shine
✅ ဖြီးလိမ်းရချောမွေ့စေမည့် Smooth Application
✅ပုံသွင်းရာတွင်အထောက်အကူပြုမည့် စေးကပ်မှုအနည်းငယ်ပါဝင်ခြင်း
✅ဘီးကိုအသုံးပြုပြီး ဆံပင်ကောက်သားကိုပြေစေနိုင်ခြင်း
✅ရေနှင့် လွယ်လွယ်ကူကူ ဆံပင်ပြန်ပြင်နိုင်
✅ခေါင်းပြန်လျှော်ရလွယ်ကူ
✅ချိုမွှေးသော Coconut နှင့် Honey ရနံ့
✅3.5oz/100g ဘူး size
AVAILABLE NOW at:
🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore
အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။