အမျိုးသားတို့ဆံပင် ဘာလို့ထိခိုက်ပျက်စီးရလဲ??

ဆံပင်ပျက်စီးတယ်ဆိုတာ စိတ်ညစ်စရာကိစ္စတစ်ခုပဲဗျ။ အမျိုးသားတို့ ဆံပင်အကြောင်းပြောဖြစ်၊ တွေးဖြစ်တဲ့အခါ ဘယ်ဆံပင်ပုံစံက ခေတ်ထနေတာ၊ ဆံပင်ညှပ်တာ၊ ဆံပင်အတွက် Product & Accessories တွေအကြောင်းကိုပဲ အရင်စဉ်းစားမိကြတာပါ။ ဆံပင်ပျက်စီးတာ၊ ထိခိုက်တာတွေအတွက်တော့ ကိုယ်တိုင်ဖြစ်တဲ့အချိန်မှပဲ ဘာတွေလုပ်ရမလဲဆိုတာတွေ စဉ်းစားဖြစ်ကြတာများပါတယ်။

ကျွန်တော်တို့အမျိုးသားတွေမှာ အဖြစ်များတာကတော့ ဆံပင်ကျွတ်တာနဲ့ ဆံသားခြောက်တဲ့ပြဿနာပါ။ အမျိုးသားတစ်ဦးက တစ်နေ့ကို ဆံပင်အချောင်း ၅၀ မှ ၁၀၀ကြား သဘာဝအတိုင်းကျွတ်တတ်ကြပါတယ်။ ဒီပမာဏက ဆံပင်ရဲ့ သက်တမ်းကုန်ဆုံးချိန်ကြောင့် သဘာအတိုင်းကျွတ်တတ်ကြတာဖြစ်ပြီး စိတ်ပူစရာသိပ်မရှိပါဘူး။ တကယ်လို့များဆံပင်တွေ အထွေးလိုက်ကျွတ်ထွက်လာပြီဆိုရင်တော့ သတိထားစရာတစ်ခုဖြစ်လာပါပြီ။ ဒါ့အပြင် ဆံသားခြောက်ခြင်းကိုဂရုမပြုမိရင်လည်း နောက်ဆက်တွဲအနေနဲ့ ဗောက်ထခြင်းကလိုက်ပါလာမှာဖြစ်ပါတယ်။

အမျိုးသားတို့အနေနဲ့ ဒီလိုဆံပင်ကျန်းမာရေးကို သတိပြုမိခြင်းမရှိတဲ့အလျောက် နောက်ပိုင်းမှာဆံပင်ထိခိုက်ခြင်းတွေရှိလာတဲ့အတွက် ဒီမှာ ပြောပြချင်တာကတော့ ပျက်စီးနေတဲ့ဆံပင်ကို ဘယ်လိုပြန်သက်သာအောင်လုပ်မလဲဆိုတာနဲ့ မပျက်စီးခင်ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာတွေအတွက် သေးစိတ်အချက်လေးတွေပါ။ ဒီတော့ ပထမဆုံးအနေနဲ့ ဆံပင်ပျက်စီးရခြင်းရဲ့ တရားခံများကိုအရင်ကြည့်လိုက်ကြရအောင် –

1. ခေါင်းလျှော်ခြင်း

ဆံပင်ကျွတ်မှုနဲ့ ဆံသားခြောက်တဲ့ပြဿနာတွေအတွက် ပထမဦးဆုံး ဂရုစိုက်ရမယ့်အချက်ကတော့ ခေါင်းလျှော်တဲ့အပိုင်းပါ။ အမျိုးသားအများစု လုပ်ဖြစ်ကြတာက ခေါင်းလျှော်ရည်နဲ့ခေါင်းခဏခဏလျှော်ကြတာပါပဲ။

ဟုတ်တယ်လေ များသောအားဖြင့်ဆံပင်တိုတိုရှိကြပြီး အမျိုးသမီးတွေလောက် ကရိကထ သိပ်မများတော့လျှော်ချင်သလောက်လျှော်ဖြစ်ကြတာပေါ့ဗျာ။ ခေါင်းခဏခဏလျှော်တဲ့အခါ ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေက ဆံပင်အတွက် စိတ်မချမ်းမြေ့စရာပဲဗျ။

ခေါင်းလျှော်ရည်က အညစ်အကြေးများကိုဖယ်ရှားပေးချိန်မှာ ဆံသားကိုကာကွယ်ပေးတဲ့ အစိုဓာတ်များကိုပါနှုတ်ယူသွားတဲ့အတွက် ဆံသားခြောက်တာ၊ ဆံပင်ကွဲအက်လာတာကနေ နောက်ဆုံး ဆံပင်ကျိုးတာ၊ ကျွတ်တာတွေအထိ ဖြစ်လာစေတာမို့ ခေါင်းလျှော်တဲ့အပိုင်းကို မစဉ်းစားဘဲနေလို့မရဘူးဗျ။

2. အပူ

နောက်တစ်ချက်က အပူဒဏ်ပါ။ ရေပူနဲ့ လေပူတွေက ဆံပင်တစ်ချောင်းချင်းစီကို တကယ်ဒုက္ခပေးနိုင်တဲ့ကောင်တွေပါ။ ရေပူတွေသုံးပြီး အကြိမ်ကြိမ် ခေါင်းလျှော်မိတာတွေနဲ့ ခေါင်းမြန်မြန်ခြောက်ချင်လို့ Hair Dryer အပူကြီးတွေ သုံးတာတွေက ကျွန်တော်တို့ သိပ်ပြီး သတိမထားမိနိုင်တဲ့အချက်တွေအနေနဲ့ရှိနေပြီး ဆံပင်ကို အဓိက ပျက်စီးစေတဲ့အပိုင်းမှာပါနေပါတယ်။

ဒီထက်ပိုပြီး သတိမထားမိနိုင်တဲ့အချက်ကတော့ ဦးထုပ်အကြာကြီးဆောင်းထားမိတာပါ။ ကျွန်တော်တို့တွေက ဦးထုပ်ဆောင်းရတာကို သိပ်သဘောကျတတ်တဲ့ အမျိုးသားတွေပါ။ ဥပမာ - ဆံပင်ကိုပုံသွင်းမထားချင်တဲ့အခါ၊ ခရီးထွက်တဲ့အခါနဲ့ ကားမောင်းနေတဲ့အချိန်မျိုးတွေမှာ ဦးထုပ်တွေကို ခေါင်းမှာ အကြာကြီးစွပ်ထားတတ်ကြပါတယ်။

အဲ့ဒီအခါ ဦးထုပ်ထဲမှာ စုပြီးပိတ်နေတဲ့ လေတွေကလှောင်ထားသလို တဖြည်းဖြည်းပူလာပြီး ဦးရေပြားအပေါ်ယံလွှာတွေကို ထိခိုက်စေလို့ ဆံပင်ပျက်စီးတဲ့ပြဿနာတွေက နောက်ဆက်တွဲအဖြစ် လိုက်လာနိုင်ပါတယ်။ ဒါ့အပြင် ဦးထုပ်ရဲ့ တင်းကျပ်မှုကြောင့်လဲ ဆံပင်ကွေးခြင်း၊ ကျိုးခြင်းများကိုဖြစ်စေနိုင်ပါတယ်။

3. ဆံပင်အတွက်ထုတ်ကုန်များရွေးချယ်ခြင်း

နောက်ဆုံးတစ်ချက်အနေနဲ့ဂရုပြုရမှာကတော့ ဆံပင်အတွက် ထုတ်ကုန်တွေရွေးချယ်တဲ့နေရာမှာပါ။ ဆံပင်ထုတ်ကုန်တွေထဲမှာ အမျိုးသားများအတွက် ခေါင်းလျှော်ရည်နဲ့ ခေါင်းလိမ်းဆီတို့က အဓိကဖြစ်ပါတယ်။ နိုင်ငံတကာ အသိမှတ်ပြုခံရခြင်း၊ အရည်အသွေးပြည့်မှီခြင်းမရှိတဲ့ ထုတ်ကုန်တွေကိုရွေးသုံးမိတဲ့အခါမှာ ပါဝင်ပစ္စည်းတွေက လက်ငင်းရလဒ်များအတွက်ကိုသာ ဦးစားပေးထုတ်လုပ်ထားပြီး၊ တာရှည်ဆံပင်ကျန်းမာရေးကို ထည့်သွင်းစဉ်းစားထားခြင်းမရှိတတ်ကြတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်လာနိုင်ပါတယ်။

ဆံပင်ထုတ်ကုန်တွေအဖြစ် ခေါင်းလျှော်ရည်နဲ့ ခေါင်းလိမ်းဆီများရွေးချယ်တဲ့အခါမှာတော့ ကိုယ်နဲ့ အဆင်ပြေမယ့် အမျိုးအစားတွေကိုသေချာလေ့လာပြီးမှဝယ်သင့်ပါတယ်။ Internet ပေါ်မှ Review တွေလည်း အလွယ်တကူဖတ်ရှုနိုင်ပြီး၊ နိုင်ငံတကာမှ အသိအမှတ်ပြုယုံကြည်ထားတဲ့ အမျိုးအစားများကို ရွေးချယ်တာကတော့ စိတ်အချရဆုံးနဲ့ အလွယ်ကူဆုံးဖြစ်မှာပါ။

ဆံပင်ပျက်စီးစေတဲ့အဓိက အကြောင်းအရာတွေက အပေါ်မှာပြောထားသလိုဆိုရင် နေ့စဉ်လုပ်နေကျ အမှားတွေလိုဖြစ်နေပါတယ်။ အဲ့ဒီအမှားတွေကို ပြုပြင်ပြီး ဆံပင်နဲ့ ဦးရေပြားပျက်စီးတာကို ကာကွယ်ဖို့ ကာကွယ်ခြင်းနဲ့ ပြန်လည်အားဖြည့်ခြင်းနည်းလမ်းများကို အကြံပြုပြောပြပေးသွားပါဦးမယ်။ အောက်မှာဆက်လက်ဖတ်ရှုပေးသွားကြပါဦး။

ကာကွယ်ခြင်း

ပထမဆုံးအချက်အနေနဲ့ ခေါင်းလျှော်တဲ့အပိုင်းအတွက်ကို လွယ်လွယ်ပြောရရင်တော့ နေ့တိုင်းခေါင်းလျှော်ခြင်းထက် ရက်ခြားပြီး လျှော်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ခေါင်းလျှော်တဲ့နေရာမှာလည်း အာနိသင်ပြင်းတဲ့ လက်ဆေးဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာများကို အသုံးမပြုသင့်ပါဘူး။ ဖြစ်နိုင်ရင် ဆံပင်ကိုပြန်လည်အားဖြည့်ပေးဖို့ Conditioner ကိုပါတွဲဖက်အသုံးပြုပေးသင့်ပါတယ်။ Conditioning အကြောင်းကို အောက်မှာအသေးစိတ်ထပ်ပြီးပြောပြပေးသွားပါဦးမယ်။

ဒုတိယအချက်ဖြစ်တဲ့ အပူဒဏ်ကနေ ဖြစ်လာစေမယ့် ဆံပင်ပြဿနာတွေကို ကာကွယ်ဖို့ကတော့ ခေါင်းလျှော်တဲ့အခါ ရေပူကိုမသုံးဘဲ အနွေးဓာတ်ရှိရုံ ရေနွေးလောက်နဲ့သာလျှော်သင့်ပါတယ်။ ခေါင်းလျှော်ပြီးသွားတဲ့အခါမှာလည်း Hair Dryer တွေကို လေပူပြင်းပြင်းအသုံးပြုပြီး ဆံပင်အမြန်အခြောက်ခံမယ့်အစား ရေစုပ်မယ့် ချည်သား Towel တွေကိုသုံးပြီးတော့ပဲ အကျမ်းပတမ်း ပွတ်တိုက်ခြင်းမပြုပဲ ဦးရေပြားနဲ့ ဆံပင်တွေကို ဖွဖိပြီးအခြောက်ခံသင့်ပါတယ်။

အလျှင်လိုမယ်ဆိုရင်တော့ ဆံပင်အပူဒဏ်ခံနိုင်ဖို့ pre-styler အဖြစ် သင့်တော်မဲ့ ခေါင်းလိမ်းဆီတစ်မျိုးမျိုးကို ဆံပင်စိုနေချိန်မှာ အနည်းငယ်အရင်လိမ်းပေးပြီးမှ လေမှုတ်အခြောက်ခံသင့်ပါတယ်။ ဦးထုပ်တွေကို အချိန်အကြာကြီးဆောင်းတာမျိုးကို သတိထားပြီးရှောင်တာက ဦးရေပြားနဲ့ ဆံပင်ပြဿနာတွေမဖြစ်လာအောင် ကာကွယ်တဲ့အပိုင်းမှာ ကူညီရာရောက်ပါတယ်။

Re-Conditioning - ပြန်လည်အားဖြည့်ခြင်း

ခေါင်းလျှော်သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ ဆံသားကိုကာကွယ်ပေးတဲ့ သဘာဝအစိုဓာတ်တွေက အနည်းနဲ့အများကျွတ်ပါသွားတတ်ကြတဲ့အတွက် အပြင်လောကရဲ့ဒဏ်ကိုပိုခံရပါတယ်။ ဒါကြောင့်ဆံပင်ရဲ့ ဆုံးရှုံးသွားတဲ့အစိုဓာတ်များကို ပြန်လည်အားဖြည့်တင်းပေးဖို့အတွက် Conditioning ဆိုတဲ့အဆင့်ကို ကျော်လို့မရပါဘူး။ အမျိုးသားများ ဆံပင်ထိခိုက်ခြင်းများကိုလျှော့ချနိုင်ဖို့အတွက် Conditioner သို့မဟုတ် Conditioning အာနိသင်တွေပါဝင်တဲ့ ခေါင်းလိမ်းဆီကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီအမျိုးအစားတွေက ခေါင်းလျှော်ပြီးတိုင်း သင့်ဆံပင်ရဲ့ ဆုံးရှုံးသွားတဲ့ သဘာဝအစိုဓာတ်များကိုအစားထိုးပေးပြီး ဆံပင်ထိခိုက်ခြင်း၊ ဆံပင်ခြောက်ခြင်းများမှ အကာအကွယ်ပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့်အမျိုးသားတို့အနေနဲ့ ဆံပင်အတွက်ဂရုစိုက်ရာမှာ ထွေထွေထူးထူးတွေပြုလုပ်စရာမလိုပဲ၊ ကိုယ်လုပ်နေကြအရာတွေထဲမှာ ဘယ်အချက်တွေကဒီလိုမျိုး ဆံပင်ထိခိုက်မှုများကိုဖြစ်စေနိုင်နေလဲဆိုတာကို သတိထားပြီး ဆင်ခြင်ပေးလိုက်ဖို့ပဲလိုပါတယ်။

ဆံသားထိခိုက်မှုရှိထားသူတွေနဲ့ ဆံသားကိုဂရုစိုက်ပေးချင်သူတို့အတွက် ဒီနေရာမှာအကြံပြုချင်တာကတော့ #mmgents မှ အသစ်မိတ်ဆက်ပေးထားတဲ့ အဆီအမျိုးအစားခေါင်းလိမ်းဆီ Suavecito Oil Based Pomade နဲ့ Suavecito Premium Blends Hair Pomade တို့ပါပဲ။ ဒီခေါင်းလိမ်းဆီတွေက သဘာဝအဆီဓာတ်များနဲ့ ရောစပ်ထုပ်လုပ်ထားတဲ့အတွက် ဆံသားပျက်စီးနေတာကို ကာကွယ်ထိန်းသိမ်းပေးရုံသာမက၊ ဆံပင်ကို High Hold နဲ့ ကြည့်ကောင်းပြီးပြောင်နေတဲ့အဆင့်မှာ တစ်နေကုန်ထိန်းထားပေးနိုင်တာကြောင့် ဆံပင်ထူတာ၊ ရှည်တာ ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။

#mmgents မှ ရရှိနိုင်မဲ့ အမျိုးသားခေါင်းလိမ်းဆီနှင့် အခြားဆက်စပ်ပစ္စည်းများအားလုံးကလည်း နိုင်ငံတကာအသိမှတ်ပြု လူကြိုက်အများဆုံး ထုတ်ကုန်များ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးများကင်းဝေးပြီး၊ သင့်ရဲ့ နေ့စဉ်ခံ့ညားမှုအတွက် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာဖြစ်လို့ ရရှိနိုင်မည့် ပစ္စည်းများ၊ ဈေးနှုန်းနှင့် အချက်အလက်အပြည့်အစုံတို့ကို www.mmgents.com မှာဝင်ရောက်ကြည့်ရှုပြီး Home Delivery, Cash On Delivery စနစ်တို့ဖြင့် လွယ်ကူလျှင်မြန်စွာမှာယူလိုက်နိုင်ပါပြီ။

အခုလောက်ဆိုရင်တော့ ဆံပင်ပျက်စီးတာနဲ့ပတ်သက်လို့ ဖြစ်တတ်တဲ့အကြောင်းတွေနဲ့ အဓိက သတိထားရမယ့်အချက်လေးတွေကို သိသွားပြီလို့ မျှော်လင့်ပါတယ်။ နောက်မှာလည်း အခုလို မိတ်ဆွေတို့အတွက် အကျိုးရှိစေမဲ့ အကြောင်းအရာများကို မျှဝေပေးသွားဦးမှာမို့ လို့ www.facebook.com/mmgents နဲ့ www.instagram.com/mmgents တို့မှာ Like နဲ့ Follow လေးချီးမြှင့်ရင်း စောင့်ကြည့်ပါဦးလို့…

သင့်နေ့စဉ်ခန့်ညားမှုအတွက်...

-The Myanmar Gentlemen Supplies-

Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား မှာယူရရှိနိုင်ပါပြီ။

Visit Shop


Older Post Newer Post