အမျိုးသားတို့ရှိထားသင့်တဲ့ Personal Grooming Tools များ

သမိုင်းကြောင်းတစ်လျှောက်မှာ ယောက်ျားသားတွေကတော့ ဓားတွေလှံတွေကိုင်ပြီး တိုက်ပွဲတွေဝင်ခဲ့ကြတယ်ဗျ...

ကိုယ်တွေလို Modern Gentlemen တွေ အတွက်ကတော့ စစ်မျက်နှာတွေက ပုံစံပြောင်းသွားခဲ့ပြီလေ။ 🕺 ➡️🕴️

ဒါကြောင့် အသုံးပြုရတဲ့လက်နက်တွေကလည်း မတူတော့ဘူးပေါ့။ တည်ကြည်ခန့်ညားပြီး စကားအောင်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ Personal Grooming ပစ္စည်းတွေက ကျွန်တော်တို့ ယောက်ျားလေးတွေအတွက် မရှိမဖြစ်လက်နက်ကိရိယာတွေဖြစ်နေပါပြီ။ 💪🏻 👌

ဒါကြောင့် ဒီတစ်ခေါက်တော့ အမျိုးသားတွေအတွက် ရှိထားသင့်တဲ့ Personal Grooming Tools တွေအကြောင်းကို ပြောကြရအောင်ဗျာ။

ဒီထဲက တချို့ပစ္စည်းတွေကတော့ ကျွန်တော်တို့အားလုံးနဲ့ ရင်းနှီးပြီးဖြစ်ပေမဲ့ ကျန်တာတွေကတော့ ဒီလို အလေ့အထလေးတွေလုပ်ရမယ်ဆိုတာကို မသိတာ အမှုမဲ့အမှတ်မဲ့နေမိတာလည်း ရှိမယ်ဗျ။ 😅😅

အဲဒီတော့.......

အခြေအနေအရပ်ရပ်အတွက် အသင့်ဖြစ်နေဖို့ ကျွန်တော်တို့ ရွေးချယ်ထားတဲ့ Personal Grooming Weapons တွေက ဘာတွေဖြစ်မလဲ။ မိတ်ဆွေမှာရော ဘယ်လောက်ပြည့်စုံပြီလဲ။ ကျွန်တော့်တို့ စာရင်းထဲမှာကော ဘာများလိုအပ်နေဦးမလဲဆိုတာ တစ်ချက်ကြည့်လိုက်ကြစို့ဗျာ။ အားလုံးသိပြီးသားအရာတွေကတော့ မရေးပဲချန်ထားခဲ့ပါတယ်။ ⤵️

၁) Oral Care 🌬

ပထမဆုံးကတော့ ယောက်ျားလေးတိုင်း ဂရုပြုသင့်တဲ့ Oral Care ပါ။ ပေါင်းသင်းဆက်ဆံရေးမှာ အထူးသဖြင့် ကျွန်တော်တို့ ပုရိသတွေက ခံတွင်းရနံကို့ အထူးသတိထားရတယ်ဗျ။ သွားတိုက်ဖို့အရေးကြီးတာကတော့ တော်တော်များများသိပြီးကြလောက်ပါပြီ။ သွားကျန်းမာရေးအပြင် ခံတွင်းရနံ့ဆိုးကင်းဖို့အတွက် Mouthwash နဲ့ နောက်ထပ် လျှာပေါ်ကအညှိတစ်ထပ်ကို ရှင်းပေးဖို့ Tongue Cleaner ဆိုတဲ့ လျှာတိုက်တံကိုတော့ ပထမဆုံးအနေနဲ့ အကြံပြုပါရစေ။ သူတို့ကို အသုံးပြုပြီး ရဲဘော်တို့ရဲ့ ခံတွင်းရနံ့ကိုအကျိုးပြုစေသလို ဆေးလိပ်သောက်တတ်သူတို့အတွက်လည်း Breath Mint လေးတွေလည်း ကိုယ်နဲ့မကွာဆောင်ထားဖို့ မမေ့နဲ့ဗျို့။ 🙊

၂) ကိုယ်သင်းရနံ့ 🍃

ခံတွင်းရနံ့ပြီးရင် လူတော်တော်များများက ချွေးနံ့တော့ရှိကြတာပဲလေ။ ချွေးနံ့ရှိတာက မထူးဆန်းပေမဲ့၊ ကိုယ်ကမထိန်းသိမ်းဘူးဆိုရင်တော့ လူကြားထဲတိုးရအဆင်မပြေပါဘူး။ Gentleman တစ်ယောက်အနေနဲ့ ပတ်ဝင်းကျင်ကိုလည်း အားနာသင့်ပါတယ်။ ဒါကြောင့်လည်း ကိုယ်သင်းရနံ့ထိန်းသိမ်းဖို့ Roll On, Body Spray, Cologne အစရှိသည်တို့ကိုလဲ ကိုယ့်အကြိုက်ရွေးချယ်အသုံးပြုသင့်ပါတယ်။ ကိုယ်ကလှုပ်လှုပ်ရှားရှားရှိတတ်တယ်ဆိုရင်တော့ Travel Size လေးတွေဆောင်ထားဖို့အကြံပြုမယ်ဗျ။ 🎒

၃) Shaving Tools 🧔

ယောက်ျားမှန်ရင် မျက်နှာအမွေးအမှင်တော့ ထွက်မှာပဲပေါ့ဗျာ။ နှုတ်ခမ်းမွေးရေးရေးလေးဆိုရင် ကြည့်ကောင်းပေမဲ့ ကွက်တိကွက်ကျားနဲ့ ထိန်းသိမ်းမှုမလုပ်ပေးဖြစ်ဘူးဆိုရင်တော့ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးထားမယ့်အစား... အပြောင် Clean Shaven look ကိုပဲရွေးရမှာပေါ့။ 💯

မုတ်ဆိတ်ရိတ်ကိရိယာ ရွေးချယ်တဲ့အခါမှာတော့ သေချာ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးထားချင် ညှိချင်သူတို့အတွက် Electric Shaver က အဆင်ပြေပါတယ်။ Electric Shaver တွေက များသောအားဖြင့် Clipper Guard Size အမျိုးမျိုးလဲပါတတ်တော့ ကိုယ်လိုသလောက်အရှည်ကို ညှိရတာအလွန်အဆင်ပြေပါတယ်။ တချို့အပြောင် Clean Shaved သွားခြင်သူတွေအတွက်လဲ Clipper Guard မတတ်ပဲရိတ်ရင် ရိုးရိုး Razor တွေထက်အချိန်ကုန်သက်သာစေပါတယ်။ ✔️✔️

ကိုယ်က ရိုးရိုး Razor ကို အသုံးပြုမယ်ဆိုရင်တော့ Blade သုံးခု ဒါမှမဟုတ် လေးခုနဲ့ Brand အရည်အသွေးကောင်းကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ အရည်အသွေးညံ့တဲ့ Blade တွေကိုသုံးတာ၊ တုံးနေတဲ့အဟောင်းပြန်သုံးတာမျိုးတွေက ဓားရှတာ Razor Burn ရတာတွေဖြစ်နိုင်ပြီး အပြောင်ရိတ်ထားတဲ့ ပုံစံမှာ ပိုပြီး ကြည့်ရဆိုးစေပါတယ်။ အခုဆိုအပေါ်ကပုံအတိုင်း နည်းပညာအသစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ ရှေးရိုး Classic Shaving Tools တွေပြန်ခေတ်စားလာကြပါတယ်။ Clean Shaven Look အတွက် ဓားနဲ့ရိတ်ခြင်းက Electric Shaver အသုံးပြုခြင်းထက် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်စေပြီး တိတိကျကျရိတ်ပေး၊ ညှိပေးနိုင်ပါတယ်။ 💪

မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးရိတ်တဲ့အခါ ထိရှခြင်းကင်းပြီး ချောချောမွေ့မွေ့ရိတ်ပေးနိုင်ဖို့ Shaving Cream/Gel/Oil ကို သေချာပေါက်အသုံးပြုပေးပါ။ ပြီးရင်တော့ ရိတ်ပြီးခါစမျက်နှာပြင်နဲ့ ဓားထိရာများရှိခဲ့ရင် ပိုးဝင်ခြင်းမှကာကွယ်ပေးနိုင်ဖို့ After-shave ကို အသုံးပြုလို့ရပါတယ်။

၎) Skincare ☀️

ကျနော်တို့နိုင်ငံမှာ ဖုန်ထူထပ်တော့ မျက်နှာအသားရည်ကို ကောင်းစွာသန့်ရှင်းပေးဖို့ Facial Cleanser တွေကလဲ မရှိမဖြစ်ပါ။ တစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့အတွက် ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်တဲ့ အမျိုးအစားကို ရှာဖွေပြီး တစိုက်မက်မက်အသုံးပြုပေးတာအကောင်းဆုံးပါ။ ရေမွှေးအမျိုးမျိုးပြောင်းသုံးတာမှန်ပေမဲ့ ကိုယ်နဲ့အဆင်မပြေတဲ့ Facial Cleanser မျိုးတွေဆို အဖုအပိမ့်တွေနဲ့ အီစလံဝေပြီး ကိုယ်ပဲအာရုံနောက်မှာပါ။ ပြီးတော့ကျွန်တော်တို့နိုင်ငံလို အပူပြင်းတဲ့နေရာမှာ နေလောင်ဒဏ်ကိုခံနိုင်ဖို့ SPF (Sun Protection Factor) ပါဝင်တဲ့ Protection တစ်ခုခုလည်းဖြစ်နိုင်ရင် လိမ်းပေးသင့်ပါတယ်။

၅) အထွေထွေ Maintenance Kit ✂

အမျိုးသားတို့အတွက် လက်သည်း၊ ခြေသည်းသန့်ရှင်းရေးကလဲ လွန်စွာအရေးပါတဲ့အချက်တစ်ခုပါ။ ရဲဘော်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် ကိရိယာတွေထဲမှာ အရည်အသွေးကောင်းတဲ့ လက်သည်းညှပ်တစ်ခု၊ တံစဉ်းတစ်ခု၊ ကတ်ကြေးအသေးတစ်လက်နဲ့ ဇာဂနာတစ်ခု ပါကို ပါသင့်ပါတယ်။

လက်သည်းညှပ်နဲ့ တံစဉ်းကတော့ လက်တွေ၊ ခြေတွေကလည်း မိန်းကလေးတွေ အကဲခတ်တဲ့အခါ ဆွဲဆောင်နိုင်တဲ့တစ်နေရာဖြစ်လို့ အမှတ်ရအောင် သေချာလေး ထိန်းသိမ်းနိုင်ဖို့ပေါ့ဗျာ။ 😏

ကတ်ကြေးအသေးနဲ့ ဇာဂနာကတော့ အထွေထွေသုံးဖြစ်ပြီး၊ ကိုယ့်ရဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်နဲ့ မျက်ခုံးမွေးတွေကို ညှိတဲ့အခါမှာလည်းသုံးနိုင်ပါတယ်။ နှာခေါင်းထဲက အမွှေးတွေကလဲ ရှည်ပြီး နှာခေါင်းပေါက်အပြင်ထွက်နေရင် အလွန်ကြည့်ရဆိုးတဲ့အတွက် ကတ်ကြေးအသေးနဲ့ ပုံမှန်ညှပ်ပေး၊ တိပေးရပါတယ်။ ✌

၆) ခေါင်းကို ဖြီးလိမ်းချယ်သဖို့ရာ လက်နက်စုံ 💇‍♂️

ခေါင်းအစခြေအဆုံးကြည့်တယ်ဆိုသလိုပဲ ယောက်ျားလေးတွေအတွက် ကေသာက ကိုယ့်ရဲ့ ပင်ကိုအရည်အသွေး Personality ကိုဖော်ပြတဲ့နေရာကြီးတစ်နေရာဖြစ်နေတော့ မိုးရွာရွာ၊ လေတိုက်တိုက် အချိန်မရွေး အသင့်ဖြစ်နေဖို့ အိတ်ဆောင် Pocket Comb အသေးတစ်ချောင်းကလည်း ဆောင်ထားသင့်တဲ့အထဲမှာပါပါတယ်။ နေ့စဉ်သုံးဘီးအနေနဲ့ အစိပ်အကျဲနှစ်ဖက်ပါတဲ့အမျိုးသားသုံးဘီးကို သုံးတာအကောင်းဆုံးပါ။

ဆံပင်တိုရင်မသိသာပေမဲ့၊ ဆံပင်အတော်အသင့်ရှည်ပြီး အုံထူသူတွေအတွက်တော့ ခေါင်းလျှော်ပြီးခြောက်အောင်သုတ်ဖို့ဆိုတာ အတော်အချိန်ယူရပါတယ်။ ဒါကြောင့် Hair Dryer တစ်လက်ကလည်းလိုအပ်ပါတယ်။ ရွေးချယ်မယ်ဆိုရင်တော့ အပူ၊ အအေးနှစ်မျိုးပေးနိုင်ရင်တော့အကောင်းဆုံးပါ။ ခေါင်းလိမ်းဆီတွေက ပုံသွင်းပြီး မိနစ်အနည်းငယ်ကြာမှ စွမ်းအားအပြည့်ပေးလေ့ရှိကြတော့ မစောင့်ချင်သူတို့အတွက် ပုံသွင်းပြီး လေအေးလေးနဲ့ မှုတ်လိုက်ရင် အိုကေမှာစိုပြေပေါ့ဗျာ။ ဆံပင်ကို Volume ထူထူလိုချင်ရင်တော့ 👱 ဘီးအလုံး (Round Brush) ဒါမှမဟုတ် ဝက်မှင်ဘီးတွေကို သုံးပြီး Dryer နဲ့ မှုတ်ယူနိုင်ပါတယ်။

ကေပျက်လို့အနေခက်ရတဲ့အဖြစ်တွေ ကျော်လွှားနိုင်ပြီး၊ ပုံသွင်းထားတဲ့ဆံပင်ပုံစံ တစ်နေ့လုံးစိတ်တိုင်းကျအဆင်ပြေနေဖို့ အရည်အသွေးကောင်းကောင်း ခေါင်းလိမ်းဆီတွေကလည်း မရှိမဖြစ်ပါ။ ရွေးချယ်မယ်ဆိုရင်တော့ ကိုယ်သွားခြင်တဲ့ ဆံပင်ပုံစံရယ်၊ ကိုယ်သုံးတဲ့ ခေါင်းလိမ်းဆီဟာ ဘယ်လောက်အရောင်တောက်စေသလဲဆိုတဲ့ Shine ရယ်၊ ဘယ်လောက်နေသားတကျဖြစ်စေသလဲဆိုတဲ့ Hold ရယ်ပေါ်မှာ မူတည်ပြီး ရနံ့ကလည်း ယောက်ျားပီသတဲ့ ရနံ့မျိုးကို ရွေးသင့်တာပါ။

ဥပမာ #mmgents မှ မိတ်ဆက်ပေးထားတဲ့ Suavecito Firme Hold Pomade ဆိုရင် လုံးဝအသန့်ပုံစံတွေသွားဖို့ ဆံသားပြောင်ပြောင် Medium Shine၊ တစ်နေ့လုံးခံပြီး Spray မလိုတဲ့ Strong Hold တို့နဲ့ ဆံပင်အရှည်မရွေးအသုံးပြုနိုင်ပါတယ်။ Suavecito Matte Pomade ဆိုရင် တက်တက်ကြွကြွ လူငယ်ပုံစံအတွက် အမှိန်အရောင် Matte Finish၊ အနေတော် Medium Hold နဲ့ ဆံပင်အရှည်အလယ်အလတ်အထိအသုံးပြုနိုင်ပါတယ်။ www.mmgents.com မှာအလွယ်တကူကြည့်ရှု၊ မှာယူနိုင်ပြီး၊ #mmgents က အလျှင်မြန်ဆုံးပို့ဆောင်ပေးနေပါတယ်။ 💯

Pomade တွေက Shine နဲ့ Hold အမျိုးမျိုးရှိကြတဲ့အတွက် ခုနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းခေတ်စားလာပြီး ဆံပင်ပုံစံတော်တော်များများနဲ့အဆင်ပြေနေကြတော့ ခေတ်နောက်ကျကျန်မနေခဲ့ဖို့ စမ်းသပ်အသုံးပြုကြည့်သင့်ပါတယ်။

ဒီလောက်ဆို အခြေခံ Grooming အတွက်တော်တော်လေးပြည့်စုံပြီလို့ထင်ပါတယ်။ ကျွန်တော်ပြောခဲ့တာတွေထဲ လိုအပ်တာတွေရှိမယ်ဆိုရင်လည်း ထပ်ဖြည့် ထပ်ဆွေးနွေးပေးပါဦးလို့ မေတ္တာရပ်ခံမယ်ဗျ။ မိတ်ဆွေရဲ့ အလေ့အထတွေကိုလည်း သိရတာပေါ့ဗျာ။ နောက်လည်း ဒီလို ယောက်ျားသားတို့သိသင့် သိထိုက်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာမို့ Like နဲ့ Follow လေးချီးမြှင့်ရင်း စောင့်ကြည့်ပါဦးလို့...

အမျိုးသားထုကြီး ဒီ Grooming Weapons တွေကို နေ့တိုင်း အသုံးချပြီး လောကကြီးကို အကောင်းဆုံးတိုက်ပွဲတွေဝင်နိုင်ပါစေဗျို့။ 🤝🤜🏻🤛🏻

----------------------------------------------

သင့်ရဲ့ နေ့စဉ်ခန့်ညားမှုအတွက်...💪

🎩 The Myanmar Gentlemen Supplies 🎩

Myanmar's First Men's Grooming Webstore

မှာယူရန်နှင့် ကြည့်ရှုရန်... 👇
📱Facebook Messenger: m.me/mmgents
ဝန်ဆောင်မှုများ... 👇
🚚Home Delivery (YGN, MDY | 2-5 days)
💰Cash on Delivery (YGN | MDY)

🚛Express Gates (OTHER CITIES)

----------------------------------------------

🇲🇲 #mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။

Older Post Newer Post