ဆံပင်ညှပ်ချိန် ဆံသဆရာနဲ့ ဘယ်လိုဆွေးနွေးရမလဲ ??

"ဒီအရှေ့ဘက်လေးတိုပေးပါ နောက်လေးတွေ ပါးပေးပါလို့ ပြောပြီး ထိုင်နေလိုက်တာ … နာရီဝက်လောက်ကြာတော့ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ ကိုယ့်ဆံပင်ကိုယ်တောင် မမှတ်မိ" 😨😨

ဒီလိုမျိုးနဲ့ ဆံပင်ညှပ်တဲ့သူကို စိတ်ထဲက ရေလည်တင်းပြီး ကသိကအောက်နဲ့ ပြန်လာခဲ့ရတာမျိုးတွေ ကြုံခဲ့ဖူးလားဗျ?? ⁉️

အခုရော ကိုယ့်ရဲ့ ဆံပင်ပုံစံကို ကိုယ် စိတ်တိုင်းကျရဲ့လား?? ⁉️

ဒီလိုတွေဖြစ်လာတိုင်း ဆံသဆရာကြောင့်ပဲလို့ပြောလို့မရဘူးဗျ..

 သေချာပါတယ် ကျွန်တော်တို့ယောက်ျားလေးတော်တော်များများက ဆံပင်ပုံစံနဲ့ ပက်သက်လာရင် စိတ်ဝင်စားရင်တောင် ဆံပင်ညှပ်ဆိုင် ရောက်တော့ ဘာမှသိပ် ထူးထူးထွေထွေပြောမနေဘဲ ညှပ်လိုက်ကြတာပဲလေ။ (ကိုယ်တွေလဲအရင်တုန်းကအဲ့လိုပဲ 😅)

ဘာမှမပြောတတ်လို့ ဒီတိုင်းပဲ "ဟောသလို ဟောသလို ချဗျာ" ဆိုပြီးပြောလိုက်တာလွယ်ပေမဲ့... ညှပ်ပြီးတော့မှ တယုတယနဲ့ မွေးထားတဲ့ကိုယ့်ဆံပင်လေးကို နေ့တိုင်းမှန်ကြည့်ရင်း "ညှပ်လိုက်တာမှားသွားပြီကွာ" ဆိုတဲ့ ဖီးငုတ်မှုတွေ ရှောင်လွှဲနိုင်ဖို့ ကိုယ့်ဘက်ကလည်း လိုအပ်မဲ့ အချက်အလက်လေးတွေ ပေးဖို့လိုအပ်တာပေါ့ဗျာ။ (နောက်ဆုံး ကိုယ်ပဲခံရတာကိုး 😂😂)
အဓိကကတော့ ညှပ်တဲ့သူနဲ့ နားလည်မှုလွဲရတာဆိုတော့...
ကိုယ့်ဆံသဆရာနဲ့ဘယ်လို ဆွေးနွေးပြောဆိုပြီး၊ အကောင်းဆုံး ဆံပင်ညှပ် အတွေ့အကြုံတွေ ဖန်တီးမလဲဆိုတာကို နည်းနည်းပြောပြသွားမယ်ဗျာ။ 💯
စလိုက်ရအောင်...

ဆံသဆိုင်သို့မသွားမှီ


ပထမဆုံးအနေနဲ့က အချိန်ရွေးခြင်းပါပဲ။ ⏱ ဆံသဆရာလည်း တစ်နေ့လုံး ခေါင်းအလုံးပေါင်းများစွာကိုင်ရတာဆိုတော့ ကိုယ်သွားညှပ်တဲ့အချိန်က သူလန်းဆန်းအတက်ကြွဆုံးဖြစ်နေရင်တော့ အကောင်းဆုံးပေါ့ဗျာ။ စောစောသွားရင်ပဲဖြစ်ဖြစ် လူပါးတဲ့ရက်တွေရွေးပြီးသွားတာပဲဖြစ်ဖြစ် စီစဉ်ကြည့်ကြပါ။ လူကျတဲ့နေ့မှာမှ ကိုယ်ကနောက်ဆုံးတစ်ယောက်ဖြစ်နေရင်တော့ သူလည်း အူစကူဖြစ်နေမှာ အမှန်ပဲပေါ့။ 😵

ပြီးတော့လည်း သိထားသင့်တာက ဆံပင်ညှပ်ခြင်းက ပန်းပုထုသလိုပါပဲ။ ဆံသဆရာက လက်နက်ကိရိယာအပြည့်အစုံနဲ့ လက်ရာကောင်းတစ်ခုပုံဖော်မှာဖြစ်ပြီးတော့ သူ့ကို လိုချင်တဲ့အတိုင်း ပြောပြညှိနှိုင်းလို့ရတယ်ဆိုတာကို ယုံလိုက်ပါ။ ဆံပင်ညှပ်ပေးခြင်းက သူ့ရဲ့ ဝါသနာ၊ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့အလျောက် အကောင်းဆုံးလက်ရာတွေဖန်တီးပေးနိုင်ရင် သူကိုယ်တိုင်လည်း ဝမ်းသာပီတိ ဂွမ်းဆီထိတာပေါ့ဗျာ။ ဒီတော့ကာ... ခုံမှာ စထိုင်လိုက်တာနဲ့ ကျွန်တော်က ဒီလိုပုံ ဒီလိုပုံလိုချင်တယ် ဘရားသား၊ အဆင်ပြေမလား၊ ဘယ်လိုဆိုကြည့်ကောင်းမလဲ ဒီလိုကနေစပြီးတော့ ဆွေးနွေးရမှာပေါ့။ အကယ်၍သာ သာမန်ဝတ်ကျေတန်းကျေလောက်ပဲ စိတ်ဝင်စားပုံပြတဲ့ ဆံသဆရာမျိုးနဲ့တွေ့လာခဲ့ရင်တော့ ဝေါင်ဝေါင်ရှေးစေခြင်ပါတယ်။ ❗️❗️❗️

နောက်ထပ်ပြင်ဆင်သွားဖို့ အကြံပေးချင်တာက "A Picture Speaks A Thousand Words" ဆိုတဲ့အတိုင်း ကိုယ်က မညှပ်ခင် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကာလာ ဘာညာနဲ့ အနီးစပ်ဆုံး ဓာတ်ပုံတွေကို ရှာပြီး ဖုန်းထဲကနေပြလိုက်တာ အကောင်းဆုံးပဲဗျ။ သူလည်း ကွက်ကွက်ကွင်းကွင်းမြင်သွားတာပေါ့။ ပြီးတော့လည်း ကိုယ့်လူရဲ့ လိုအပ်ချက်ကလည်း သင့်တင့်မျှတရမှာပေါ့။ ကတုံးဆံပင်ပေါက်နဲ့သွားပြီး အနောက်ဆံပင်ကို စည်းဖို့ဘယ်လိုလုပ်ရမလဲ ဆိုတာမျိုးတော့ သွားမလုပ်နဲ့ပေါ့ဗျာ 😂😂

ရှည်ရှည်ဝေးဝေး မရှာခြင်သူတို့အတွက်လည်း "ခေတ်အဆက်ဆက် ရိုးမသွားမဲ့ ဆံပင်ပုံစံများအကြောင်း" ကို ကျနော်တို့ Facebook Page ရဲ့ Note Section ထဲမှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။ 👌

 ကဲ… သူနဲ့ ဘယ်လိုပုံစံမျိုးကို ညှပ်မယ်လို့ အကြမ်းမျဉ်းသိပြီတဲ့ဗျား...ဘာဆက်လုပ်ရမလဲ 🤔🤔

ဆွေးနွေးတိုင်ပင်ပါ


အခုဆို သူ့ကို ဒီပုံစံရဖို့ ဘယ်လောက်အရှည်အထိထားချင်တယ် ဘယ်လောက်အထိ ညှပ်ချင်တယ်ဆိုတာကို ပြောလို့ရပြီ။ ဒါကတော့ မိတ်ဆွေတို့ရဲ့ ဆံပင်အမျိုးအစားနဲ့ သက်ဆိုင်သွားပါပြီ။ ကိုယ်က ဆံလုံးသေးတဲ့သူဆို ဆံပင်ကတိုနေလဲ ခွဲပြုလို့ရတယ်။ ဆံလုံးကြီးခဲ့ရင်တော့ တိုနေရင် ထိုးထိုးထောင်ထောင်တွေထွက်လာမှာပါ။ အဲ့တော့ ကိုယ့်ဆံပင်က ဘယ်အရှည်လောက်ဆို ဖြီးလို့ရ၊ ခွဲလို့ရပြီလဲဆိုတာကို လက်မအတိုင်းအတာနဲ့ ပြောပြပါ။ ဆံသဆရာတွေအတွက် လက်ဆက တစ်ယောက်နဲ့တစ်ယောက်မတူဘူးဗျ။ ကိုယ်က ဒီနားနည်းနည်းတိုပေးပါလို့ ပြောလိုက်ပေမဲ့ သူက နည်းနည်းဆိုတာကို ၂ လက်မလို့လည်းယူဆနိုင်တယ်။ အတိုင်းအတာလေးတစ်ခုနဲ့ဆိုတော့ တိတိကျကျထွက်လာတာပေါ့။ 📏✂

အပြန်အလှန်ဆွေးနွေးရင်း ဘယ်လိုကေနဲ့ အရှည်မျိုးသွားမယ်ဆိုတာ ထွက်လာပါပြီတဲ့...

နောက်ထပ် သေချာပေါက် ပြောပြဖို့လိုအပ်တာက ကိုယ်လုပ်နေကြ အလေ့အထနဲ့ ကိုယ့်ဆံပင်ရဲ့ အကြောင်းတွေပါပဲ။ ကိုယ်က ဘယ်လိုခေါင်းဖြီးတယ်၊ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ခွဲနေကြနေရာ၊ ခွဲရင် ဘယ်လောက်အုံအထူလိုချင်တယ်၊ အနောက်ကိုဆံပင်အကျ၊ ဗွေကြောင့်ဆံပင်ကဘယ်လိုတွေဖြစ်တတ်တယ် ဆိုတာတွေကလည်း သူသိအောင်ကို ပြောရမယ်ဗျ။ ဖြစ်နိုင်ရင် ကိုယ်တိုင်ဘီးယူ ဖြီးပြပြီး နေရာကိုအသေအချာပြလိုက်ပါ။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်အကြိုက်မတူတဲ့အပြင် ဒါက သူအကဲခတ်ကြည့်ရုံနဲ့လည်း မသိနိုင်တဲ့ ကိုယ့်ရွေးချယ်မှုလေ။ ကိုယ်နဲ့ဘယ်လိုမျိုးလိုက်ဖက်တယ်ဆိုတာ ကိုယ်အသိဆုံးပဲကိုး။ ဒါလေးတွေကိုတော့ သူ့ကို လုံးဝ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြထားဗျ။ မဟုတ်ရင် ညှပ်ပြီး ကိုယ်ဖြီးနေကြအတိုင်းသွားဖြီးတဲ့အခါ သူကဘေးခွဲဖို့ ညှပ်ပေးထားတဲ့အရှည်ကို အနောက်ကိုလည်းသွားချလိုက်ကော အရှည်အတိုတွေမညီပဲ ငါးပါးတွေမှောက်၊ ဟိုဖောင်းဒီဖောင်းတွေဖြစ်ကုန်ကော။ 😩😩

 

နောက်ပြီး ညှပ်ရင်းနဲ့လည်း ကိုယ့်ရဲ့အကြိုက်ကို ပြောရင်း ပြန် remind လုပ်ပေးပါ။ သူလည်းအလွတ်ကျက်ထားတာမဟုတ်တော့ မေ့သွားနိုင်ပါတယ်။

လိုအပ်မယ်ထင်ရင်တော့ ကိုယ်က ဆံသားထူလို့ ပါးပေးပါ၊ ထိပ်တွေကောက်တတ်တဲ့အတွက် တိပေးပါ စတာတွေလည်း ပြောပြပေးနိုင်ပါတယ်။

ကိုယ့် Barber နဲ့ကိုယ့်ရဲ့ ကြားက ဆက်ဆံရေးဟာ 🤜bro🤛 တွေ၊ လုံးဝ ရင်းနှီးတဲ့သူတွေနှစ်ယောက်ကြား တိုင်ပင်တဲ့ပုံဖြစ်နေသင့်တယ်။ ကိုယ့်ဆံသဆရာကိုရွေးချယ်တဲ့အခါမှာလည်း တကယ်ကို passion ရှိ စိတ်ပါဝင်စားပြီး၊ ကိုယ့်ရဲ့ ညှပ်နေကြဆံပင်ပုံစံ ပြောင်းချင်တယ်ဆိုရင်လည်း အကြံဥာဏ်တောင်းလို့ရတဲ့သူမျိုးကိုပဲ ရွေးချယ်ထားဖို့လိုအပ်ပါတယ်။ ✔️✔️

ဒီလောက်ဆို ပြည့်စုံမယ်လို့ထင်တယ်ဗျ။ အကျဉ်းချုပ်ပြန်ပြောရမယ်ဆိုရင်တော့...
  • ဆံသဆိုင်သွားဖို့အချိန်ကောင်းတစ်ခုကိုရွေးပါ။ ⏱
  • ညှပ်လိုတဲ့ အနီးစပ်ဆုံး ဆံပင်ပုံစံဓာတ်ပုံများ ပြင်ဆင်သွားပါ။ 📱
  • ကိုယ့်ဆံပင်အကြောင်းနှင့် ထားသင့်တဲ့ အရှည်အတို၊ အထူအပါးကို ဆံသဆရာနှင့် မျှဝေပေးပါ။ 🗣
  • ကိုယ်ဖြီးနေကြ လိုက်ဖက်မဲ့ ဆံပင်အထားအသိုကို ဖြီးပြပါ၊ ညှပ်ရင်းနဲ့လည်း ပြောပြသွားပါ။ 🗣

ဒီလိုနဲ့ပဲ မိတ်ဆွေတို့နဲ့ ကီးကိုက်မဲ့ ဆံသဆရာကိုတဖြေးဖြေးရှာဖွေသွားနိုင်ပြီး၊ စိတ်တိုင်းကျဆံပင်ပုံစံကိုရယူနိုင်ကြပါပြီဗျာ။ 💯💯

----------------------------------------------

ကျွန်တော်မေ့သွားခဲ့တာရှိရင်လည်း comment လေးနဲ့ ပြောပြရင်း အတွေ့အကြုံလေးတွေ share လိုက်ပါဦးဗျာ နောက်လည်း ဒီလို ယောက်ျားသားတို့သိသင့် သိထိုက်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာမို့ Like နဲ့ Follow လေးချီးမြှင့်ရင်း စောင့်ကြည့်ဖို့ အကြံပြုမယ်နော့...

ဆံပင်ညှပ်ခြင်းလုပ်ငန်းပြီးမြောက်သွားတဲ့အခါမှာတော့ မှန်ကန်တဲ့ ပုံစံရအောင် ဘယ်လို ဖီးလိမ်းပြင်ဆင်ရမလဲဆိုတဲ့ အပိုင်းကိုရောက်ရှိလာပါပြီ။ 🎩 The Myanmar Gentlemen Supplies 🎩 တွင် အခုအချိန်မှစပြီး မိတ်ဆွေတို့အတွက် အသင့်တော်ဆုံးဖြစ်မဲ့ အရည်အသွေးမြင့် ခေါင်းလိမ်းဆီများ နဲ့ တကိုယ်ရည်သုံးပစ္စည်းများကို လွယ်ကူစွာကြည့်ရှု၊ မှာယူနိုင်ပြီး အလျှင်မြန်ဆုံးပို့ဆောင်ပေးနေပါတယ်။ 🔥

မိတ်ဆွေတို့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာများပြီးမြောက်နိုင်ရန်

🎩 The Myanmar Gentlemen Supplies 🎩

Myanmar's First Men's Grooming Webstore

📱Facebook Messenger: m.me/mmgents
🚚Home Delivery (YGN, MDY | 2-5 days)

💰Cash on Delivery (YGN | MDY)

ကိုအခုပဲဆက်သွယ်လိုက်မယ်ဗျာ။
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။

Older Post Newer Post