Suavecito - Firme Clay Pomade Review

Suavecito Reviews

Suavecito - Firme Clay Pomade သည် ကမ္ဘာကျော်အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Suavecito - USA မှ ထုတ်လုပ်ထားသော အကောင်းဆုံးထိန်းအား Strong Hold၊ ဆံပင်အရောင်တောက်ပစေခြင်းမရှိတဲ့ Natural Matte Finish ကိုပေးစွမ်းပြီး ဆံပင်အမျိုးအစားအားလုံးနှင့်သင့်တော်စေမဲ့ ချောချောမွေ့မွေ့၊ စေးစေးပိုင်ပိုင် ပုံသွင်းနိုင်အားပါရှိပါသည်။ ဆံပင်ကို တောင့်ခဲသွားစေခြင်းလည်းမရှိပဲ အချိန်မရွေးဆံပင်ပုံစံပြန်လည်ပြောင်းလဲနိုင်ပါတယ်။

Strong Hold နှင့် တစ်နေ့တာဆံပင်ပုံစံကို တာရှည်ခံပုံကျနေစေရုံသာမက၊ ဆံပင်ထူသူများအတွက် ချောချောမွေ့မွေ့နဲ့ လွယ်လွယ်ကူကူဆံပင်ပုံသွင်းနိုင်စေပြီး၊ ဆံပင်ပါးသူတွေအတွက်လည်း ထူထူထဲထဲဆံပင်ပုံစံများကိုပေးနိုင်တဲ့အတွက် ဆံပင်အမျိုးအစားမရွေးအသုံးပြုနိုင်ပါတယ်။

ဆံပင် Texture အရေးအကြောင်းများနှင့် Volume ကောင်းကောင်းပေးပြီး၊ သပ်သပ်ရပ်ရပ်နှင့် အဖွဆံပင်ပုံစံများအားလုံးနှင့်သင့်တော်သော ဆံပင်ကိုထူထူထဲထဲရှိစေမည့် Clay Pomade အမျိုးအစားခေါင်းလိမ်းဆီဖြစ်ပါတယ်။

Suavecito - Firme Clay Pomade ရဲ့ အသေးစိတ်အချက်အလက်များကို ကျနော်တို့တစ်ချက်ကြည့်လိုက်ကြရအောင်ဗျာ...

1. ပထမဆုံးအမြင်

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 

ဘူးအနေအထားကတော့ Suavecito Firme Hold Pomade ရဲ့ မူရင်းပုံစံအတိုင်း အရိုး Hombre လေး ကေသနေပုံကို ပန်းရောင်မကျတကျ အနိရောင်ခက်ဖျော့ဖျော့  Theme သုံးထားပါတယ်။ တစ်ခုသတိထားမိတာက Matte Finish ပေးတဲ့ Clay Pomade ဆိုတဲ့အတိုင်း ဘူးပေါ်က ဒီဇိုင်းအပြင်အဆင်ကအစ Matte စက္ကူအသားလေးသုံးထားတာပါ။ ဘူးအသွင်အပြင်အဆင်ကအစ အားစိုက်ထုတ်ထားတယ်လို့ပြောလို့ရပါတယ်။

အထဲမှာပါဝင်တဲ့ အလေးချိန်ကတော့ 4 ounces/113 gram ဖြစ်ပြီး အတော်အသုံးခံပါတယ်။ ပုံမှန်ဆံပင်အရှည်လောက်နဲ့ နေ့စဉ်သုံးမယ်ဆို နှစ်လကျော်ကျော်လောက်အေးဆေးသွားနိုင်တဲ့ အနေအထားပါ။

2. ရနံ့ 

ဘူးကိုစဖွင့်ကြည့်လိုက်မယ်ဆိုရင် ပထမဆုံးသိလိုက်မှာက Suavecito Product သုံးဖူးသူတော်တော်များများ ရှယ်ကြွေကြတဲ့ Suavecito ရဲ့ မူလဘူတ ရနံ့ပါပဲ။ Clay Pomade အမျိုးအစားဖြစ်တဲ့အတွက် အနံ့အရမ်းမပြင်းပဲ သဘာဝဆန်ဆန်ရနံ့လေးဖြစ်အောင်ပြင်ထားတာကိုလဲ သိရပါတယ်။

3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

 ခေါင်းလိမ်းဆီပုံစံကတော့ ဘူးပုံစံအတိုင်း ပန်းရောင်မကျတကျ အနိရောင်ခက်ဖျော့ဖျော့ အနှစ်ပုံစံမျိုးပါ။ လက်နဲ့အလွယ်တကူကော်ယူနိုင်ပြီး ခက်ပျစ်ပျစ်ရှိပါတယ်။ Suavecito ရဲ့ အခြားအမျိုးအစားများနဲ့ လုံးဝမတူပဲ အခြားသက်ရောက်မှုများကို ပေးသွားမယ်ဆိုတာပြောလို့ရနေပါပြီ။

လက်နဲ့ပွတ်တိုက်ကြည့်တဲ့အခါမှာတော့ အကြည်ရောင်ပြောင်းလဲသွားပြီး၊ စေးစေးပိုင်ပိုင်နဲ့ ဆံပင်ပုံသွင်းအားကောင်းကောင်းရှိမဲ့ ခံစားမှုကိုရမှာဖြစ်ပါတယ်။

4. ဆံပင်ပုံသွင်းခြင်း

Suavecito Firme Clay Pomade ကိုဆံပင်ထဲစလိမ်းပေးတဲ့အချိန်မှာတော့ ခက်ပျစ်ပျစ်နဲ့ ဆံပင်ကိုနှံ့အောင် အခက်အခဲမရှိ ချောချောမွေ့မွေ့လိမ်းပေးနိုင်တာကိုတွေ့ရပါတယ်။ ဆံပင်အမြစ်ထဲအထိ ဝင်အောင်လိမ်းပေးပြီး ဖွလိုက်တဲ့အချိန်မှာ ထူထူထဲထဲပုံစံရလာပါတယ်။ လိမ်းနေရင်း ဆံပင်ကိုခြောက်သွားစေခြင်းမရှိပဲ လက်နဲ့တိတိကျကျပုံသွင်းတာပဲဖြစ်ဖြစ် ဘီးနဲ့သပ်သပ်ရပ်ရပ်ပဲဖြစ်ဖြစ် ပုံသွင်းနိုင်စွမ်းကောင်းကောင်းပေးတာကိုလဲတွေ့ရပါတယ်။ 

ပေါ့ပေါ့ပါးပါး အဖွပုံစံတွေအတွက် အနည်းငယ်လိမ်းပေးနိုင်ပြီး၊ သပ်သပ်ရပ်ရပ် လုံးဝပုံကျနေစေဖို့အတွက် ပမာဏပိုလိမ်းပေးနိုင်ပါတယ်။ 

5. ပုံသွင်းပြီးရလဒ်

Suavecito Firme Clay Pomade က ပုံသွင်းပြီးမကြာခင်မှာ ဆံပင်ကိုမာသွားစေခြင်းနှင့် ခြောက်သွားစေခြင်းမရှိပဲ ပုံကျသွားစေပြီး၊ သူ့ရဲ့သဘာဝဆန်ဆန် ဆံပင်တောက်ပမှုမရှိတဲ့ Natural Matte Finish ကိုပေးပါတယ်။ ဆံပင်ကို Volume ထုထည်ကောင်းကောင်ပေးပြီး၊ အရေးအကြောင်းများကိုပေါ်လွင်စေတဲ့အတွက် ဆံသား Texture ပုံဖော်ခြင်းများကို ကောင်းကောင်းပြုလုပ်နိုင်ပါတယ်။

ထိန်းအားကလဲ အတော်ကောင်းတဲ့ Strong Hold ရှိပြီး သင့်ဆံပင်ကိုတစ်နေ့တာပုံကျနေစေမှာဖြစ်ပါတယ်။ ဆံပင်ကိုမာသွားစေခြင်းလဲမရှိပဲ အချိန်မရွေးဆံပင်ပုံပြန်ပြင်နိုင်စေပြီး ထိန်းအားလျော့ကျသွားခြင်းမရှိပါဘူး။ အပူချိန်နဲ့ ချွေးဒဏ်ကိုလဲ အတော်ခံနိုင်သလို ညဘက်အိပ်ရာဝင်ပြီး နောက်နေ့မနက်မှာတောင် ဆံပင်ကိုအလွယ်တကူ ပုံပြန်သွင်းနိုင်စေတာကိုတွေ့ရပါတယ်။ 

6. ခေါင်းပြန်လျှော်ခြင်း

Suavecito Firme Clay Pomade က ဆံပင်ပုံစံတာရှည်ခံအောင် ဖော်စပ်ထားတဲ့အတွက် ရေချည်းပဲအသုံးပြုပြီး ခေါင်းလျှော်တဲ့အခါ Build Up အဆီဓာတ်အနည်းငယ်ကျန်ခဲ့တာကိုတွေ့ရပေမဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ပြောင်စင်အောင်ဆေးချနိုင်ပါတယ်။ 

ကျန်ခဲ့တဲ့ အဆီဓာတ်တွေကလည်း သင့်ဆံပင်လျှော်ပြီး လေမှုတ်အခြောက်ခံတဲ့အခါ အပူဒဏ်ကိုကာကွယ်ပေးတဲ့ အနေနဲ့အကျိုးပြုသွားမှာဖြစ်ပါတယ်။

7. နိဂုံး သုံးသပ်ချက်များ

ဒီအချက်တွေအားလုံးကိုချုံပြောရမယ်ဆိုရင်တော့ Suavecito Firme Clay Pomade က ဆံပင်ထူသူများအတွက် ချောချောမွေ့မွေ့နဲ့ လွယ်လွယ်ကူကူဆံပင်ပုံသွင်းနိုင်စေပြီး၊ ဆံပင်ပါးသူတွေအတွက်လည်း ထူထူထဲထဲဆံပင်ပုံစံများကိုပေးနိုင်တဲ့အတွက် ဆံပင်အမျိုးအစားသိပ်မရွေးတဲ့ခေါင်းလိမ်းဆီတစ်မျိုးပါ။ 

သူ့ရဲ့ တာရှည်ခံမှုနဲ့ဆံပင်ကို မာသွားစေခြင်းမရှိပဲ အချိန်မရွေးပုံပြန်ပြင်နိုင်စွမ်းကလည်း သင့်ရဲ့တစ်နေ့တာအတွက် အလွန်စိတ်ကျေနပ်စရာကောင်းစေမှာဖြစ်ပါတယ်။

Strong Hold ထိန်းအားနဲ့ ဆံပင်ပုံစံတော်တော်များများနဲ့ သင့်တော်မဲ့ ခေါင်းလိမ်းဆီဖြစ်တဲ့အတွက် သင့်အတွက်သေချာပေါက် မြည်းစမ်းကြည့်ရမဲ့ အမျိုးအစားတစ်မျိုးဖြစ်ပြီး၊ #mmgents မှလည်း အလွယ်တကူမှာယူနိုင်ပြီဖြစ်တဲ့အတွက် အခုပဲ မှာယူပြီး Gentlemen တို့ ခန့်ငြားလိုက်နိုင်ကြပါပြီ။

 

 


🔥Suavecito - Firme Clay Pomade🔥
🔥Made in USA🔥

✅ဆံပင်တောင့်ခဲသွားစေခြင်းမရှိ
✅အကောင်းဆုံး Strong Hold ထိန်းအား 
သဘာဝဆန်ဆန် ဆံပင်အရောင်တောက်စေခြင်းမရှိ (Natural Matte Finish)
ချောချောမွေ့မွေ့ ခက်စေးစေး ပုံသွင်းနိုင်မှု
Volume နှင့် Texture ပိုပေးနိုင်ခြင်း
လွယ်လွယ်ကူကူ ဆံပင်ပြန်ပြင်နိုင် 
ခေါင်းပြန်လျှော်ရလွယ်ကူ (Build Up အနည်းငယ်ပါရှိ)
✅Suavecito ၏ လူကြိုက်များသော မူလ Original ရနံ့
4oz/113g ဘူး size

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's Finest Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။


Older Post