Suavecito Premium Blends Matte Pomade Review

Suavecito Review

ဆံပင်ပုံစံကို အဖွ၊ အထောင်၊ Messy Look သွားချင်သူ၊ လက်နဲ့ပုံသွင်းတတ်သူ၊ ဆံပင်ပါးသူတို့အတွက် ကမ္ဘာကျော် ခေါင်းလိမ်းဆီတံဆိပ် Suavecito မှ ထုတ်လုပ်ထားသော ဆံပင်ကိုတောက်ပြောင်စေခြင်းမရှိပဲ၊ အချိန်နေရာမရွေး ဆံပင်ပြန်ပြင်နိုင်ပြီး၊ အားစိုက်ထုတ်မထားသလို Matte Finish နဲ့ ထိန်းအားကောင်းကောင်း High Hold ကိုပေးမည့်၊ USA Made, Suavecito Premium Blends Matte Pomade(အစိမ်းရောင်) ခေါင်းလိမ်းဆီ။

ဒီတစ်ခေါက်မှာတော့ Suavecito Premium Blends Matte Pomade (အစိမ်းရောင်)  ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့လက်တွေ့စမ်းကြည့်လိုက်ကြရအောင်.... ? 

1. ပထမဆုံးအမြင်

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 

Suavecito Premium Blends Matte Pomade ကိုစမြင်လိုက်ရတာတော့ သပ်သပ်ရပ်ရပ်နဲ့ ရိုးရိုးရှင်းရှင်း Classic ဒီဇိုင်းသွားထားတဲ့ သတ္တုဘူးဖြစ်ပါတယ်။ အဖုံးမှာ Suavecito Premium Blends line ရဲ့ S logo ကို ဖောင်းကြွ Stamped Design နဲ့ ထင်းထင်းကြီး ဖန်တီးထားတယ်။ ဘူးဘေးပတ်လည်နဲ့ အောက်ခံမှာတော့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုပုံကိုရေးထားပေးပြီးတော့ ဆံသားအတွက်အကျိုးရှိစေမဲ့ သဘာဝအဆီဓာတ်များကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

Suavecito Premium Blends Matte Pomade နဲ့ Suavecito Premium Blends Hair Pomade က သတ္တုဘူးချင်း ဆင်တူတာကို တွေ့ရမှာဖြစ်ပြီး ဘေးပတ်ပတ်လည်သုံးထားတဲ့အရောင်က Matte Pomade ဆို အစိမ်းရောင်နဲ့ Hair Pomade ဆို အဝါရောင်ဆိုပြီး ကွဲပြားသွားတာကိုတွေ့နိုင်ပါတယ်။

2. ရနံ့

ဘူးကိုဖွင့်လိုက်တာနဲ့ မူလဘူတ Suavecito ရနံ့ကနေ ခွဲထွက်ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ Lavender အမွှေးနံ့ကို တန်းပြီးတော့ရစေပါတယ်။ အခြားအနံ့တွေ ဘာညာအရောအစပ်မပါဘဲ သူ့ချည်းပဲ သီးသန့်ရစေမဲ့ ရနံ့ရှင်းရှင်းနဲ့ သင်းသင်းလေးပါပဲ။

3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

4oz/113g ပုံမှန်ပမာဏ အပြည့်နဲ့ Artificial Coloring မပါတဲ့ Suavecito Premium Blends Matte Pomade က မလိုင်နှစ်ရောင်ဖြစ်ပြီးတော့ လွယ်လွယ်ကူကူ ကော်ယူလို့ရတဲ့အနေအထားပါ။ လက်ထဲမှာကြာကြာချေစရာမလိုပဲနဲ့ခပ်ဖွဖွ ဖိလိုက်ရုံနဲ့ ပျော်ဝင်နိုင်ပါတယ်။

4. ဆံပင်ပုံသွင်းခြင်း

Suavecito Premium Blends Matte Pomade က လက်နဲ့ပုံသွင်းဖို့အတွက်အကောင်းဆုံးဖြစ်မဲ့ ကပ်ကပ်စေးစေးအမျိုးအစားပါ။ ဆံပင်ကိုစပြီးလိမ်းကြည့်တဲ့အချိန်မှာ Volume အုံထူတဲ့ပုံကိုပေးနိုင်ဖို့ ပေါ့ပေါ့ပါးပါးရှိတာကို ပထမဆုံးအချက်အနေနဲ့စတွေ့ရမှာပါ။ ဆံပင်ကိုအရောင်မတောက်စေပဲ Matte Finish Product ဖြစ်တဲ့အတွက် ဆံပင်အုံကိုထူသယောင်ပုံရစေမဲ့ Dry Application ရှိတာကိုလဲတွေ့နိုင်ပါတယ်။

Suavecito Premium Blends Matte Pomade ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Matte Finish နဲ့ Volume အုံထူထူကိုရနိုင်ဖို့အတွက် ခြောက်သွေ့တဲ့ဆံပင်မှာလိမ်းပေးတာအကောင်းဆုံးပါပဲ။ Dry Application ရှိတဲ့အတွက် ပိုပြီးချောချောမွေ့မွေ့လိမ်းချင်မယ်ဆိုရင်တော့ ဆံပင်စိုရုံအနေအထားမှာလိမ်းပေးနိုင်ပါတယ်။ အရင်ဆုံး Dryer နဲ့မှုတ်အခြောက်ခံမယ်ဆိုရင်လည်း မမှုတ်ခင် မှာ Prestyler အဖြစ် အနည်းငယ် လိမ်းပေးမယ်ဆိုရင် တစ်နေ့တာအတွက် ထိန်းအားရော ထုထည်ရော ပိုရှိစေပါတယ်။

တစ်ကြိမ်ကို အနည်းငယ်စီကော်ယူပြီး လိုအပ်သလောက် လက်နဲ့နှံ့အောင် ဖိလိမ်းပေးပါ။ စစလိမ်းခြင်းမှာတော့ ခေါင်းလိမ်းဆီအဖြူသားက ဆံပင်ပေါ်မှာပြန့်သွားတာကို တွေ့ရမှာဖြစ်ပြီး။ နှံ့အောင်လူးပေးလိုက်တဲ့အချိန်မှာ အဖြူသာကဆံပင်ထဲကိုပျော်ဝင်သွားပြီး Matte Finish ပုံစံတဖြေးဖြေးနဲ့ ပေါ်လွင်လာပါလိမ့်မယ်။

ဆံသားပေါ်ကပ်သွားတဲ့အခါ လေးသွားတယ်လို့တော့ မခံစားရဘဲ ဖွလိုက်ရင် ထုနဲ့ အုံဖြစ်လာပါတယ်။ ဆံပင်အဖွာ/Messy Look ထားခြင်သူတွေ အကြိုက်တွေ့မဲ့ ပုံစံမျိုးပါပဲ။ ဆက်လက်ပြီးသင့်စိတ်တိုင်းကျ ပုံသွင်းနိုင်ပါပြီ။

5. ပုံသွင်းပြီးရလဒ်

Suavecito Premium Blends Matte Pomade နဲ့ ပုံသွင်းပြီးတဲ့အခါမှာတော့ ဆံပင်ကို Volume ထူထူထဲထဲ၊ Texture အရေးအကြောင်းတွေရှိစေပြီး၊ ဆံသားကိုတောက်ပမှုမပေးပဲ အမှိန်အတိုင်းပဲရှိနေစေပါတယ်။

ဒီလိုအချက်အလက်တွေက ပြင်ပြင်ဆင်ဆင် All Out ဒီဇိုင်းတွေကိုရှောင်ပြီး၊ ထသွားထလာ အထာကိုလိုချင်တဲ့ ရဲဘော်တို့အတွက် ကွက်တိဒက်ထိပါပဲ။ ဆံပင်အုံထူတဲ့ပုံကိုပေးသွားတဲ့အတွက်လည်း ဆံပင်ပါးသူ၊ ဦးရေပြားကိုမြင်နေရသူတို့အတွက်လည်း သင့်တော်မဲ့ အမျိုးအစားတစ်ခုပါ။

ဆံပင်အနေတော်အရှည်ရှိတဲ့ ပုံစံတွေအတွက် Suavecito Premium Blend Matte Pomade က High Hold ထိန်းအားကောင်းကောင်းရှိပြီး၊ ခေါင်းကိုလေးမနေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ထိန်းထားပေးနိုင်တာကိုတွေ့ရပါတယ်။

သူရဲ့အားသာချက်တစ်ခုဖြစ်တဲ့ ဆံပင်ကို အလွန်အမင်းတောင့်ခဲသွားခြင်းမရှိပဲ၊ လက်နဲ့သပ်ရုံနဲ့တင် တစ်နေ့လုံး ဆံပင်ပုံအလွယ်တကူပြန်ပြင်နိုင်တာကိုတော့ တော်တော် သဘောကျမိပါတယ်။

6. ခေါင်းပြန်လျှော်ခြင်း

ခေါင်းပြန်လျှော်တဲ့အခါမှာလဲ Water Based ပဲဖြစ်လို့ ဆံပင်ကို ရေနဲ့ ဆေးချရုံလောက်နဲ့တင် အဆင်ပြေပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်တွေကိုပေးဖို့အတွက် စေးကပ်မှုရှိပေမဲ့ ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်ကို Nourish လုပ်ပေးခဲ့သလို ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားစေတာကိုတွေ့ရပါတယ်။ ဒါကတော့ ပြောခဲ့တဲ့အတိုင်း ထည့်ထားတယ်ဆိုတဲ့ သဘာဝအဆီဓာတ်တွေရဲ့ အာနိသင်ဖြစ်ပါလိမ့်မယ်။

7. နိဂုံး သုံးသပ်ချက်များ

Suavecito Premium Blends Matte Pomade ဟာ ထိန်းအား High Hold အထိပေးပြီး၊ သဘာဝဆံပင်အမှိန်ရောင်နဲ့ အုံလည်းထူ ပွလည်းပွတဲ့ ဆံပင်ပုံစံကို လိုချင်သူ Casual Lifestyle သမားတွေအတွက် သင့်လျော်ပါတယ်။

အခုနောက်ပိုင်းမှာခေတ်စားနေတဲ့ Quiff တွေ French Crop တွေ၊ ဆံသားအဖွတွေနဲ့ အိပ်ရာထစ ပုံစံတွေမှာ အထူးအသုံးဝင်ပြီးတော့ ဆံသားပါးတဲ့သူတွေရဲ့ အခက်အခဲကိုတွေကိုလည်း ဖြေရှင်းပေးနိုင်မယ့် Product လည်းဖြစ်ပါတယ်။

သူ့ချည်းပဲ သုံးမယ်ဆိုရင်လည်း အချိန်မရွေးလက်နဲ့ထိုးဖွ ပြင်ဆင်နိုင်တဲ့ ပေါ့ပေါ့ပါးပါးအနေအထားရပြီးတော့၊ လုံးဝ အငြိမ်လေးဖြစ်စေချင်မယ်ဆိုရင်လဲ Hairspray နဲ့တွဲပေးပြီး တစ်နေ့တာ ခန့်ညားနိုင်ပါတယ်။

ဒီလိုအရည်အသွေးကောင်း Men's Grooming Product တွေကို အမြန်ဆုံး၊ အတန်ဆုံး ပို့ဆောင်ပေးမယ့် #mmgents ကနေ Suavecito Premium Blends Matte Pomade ကို အခုပဲမှာယူနိုင်ပါပြီ။

🔥Suavecito Premium Blends Matte Pomade🔥
🔥Made in USA🔥

✅Hybrid Type Hair Pomade
Great Volume & Texture for Messy Hair
All Day High Hold
✅Matte Finish (No Shine)
✅Hair Conditioning Natural Ingredients
✅Restylable Anytime, Anywhere
✅Great for Hand-Styling

Washes Out Easily With Just Water
Thin Hair Suitable
4oz/113g

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents


Older Post Newer Post