Uppercut Deluxe - Featherweight Review

Uppercut Reviews

Uppercut Deluxe - Featherweight သည် ကမ္ဘာကျော် အရည်အသွေးမြင့် ခေါင်းလိမ်းဆီအမှတ်တံဆိပ် Uppercut Deluxe - Australia နိုင်ငံမှထုတ်လုပ်ထားသော အကောင်းဆုံး Strong Hold ထိန်းအားပါရှိပြီး၊ ဆံပင်အမျိုးအစားသိပ်မရွေးပဲ ဆံပင်ကိုသဘာဝကျကျ Natural Shine အနေတော်တောက်ပမှုနှင့် ခေါင်းလျှော်ရလွယ်ကူသော Water Based Pliable Paste အမျိုးအစားဖြစ်ပါသည်။

ဆံပင်ပုံသွင်းရာတွင်မျှတသော ချောမွေ့မှုနှင့် စေးကပ်မှုတို့ ထပ်တူပါရှိပြီး သပ်သပ်ရပ်ရပ်ဆံပင်ပုံစံများနှင့် အဖွပုံစံများအားလုံးကိုသွားနိုင်မည်ဖြစ်တဲ့ All-Rounded Hair Product တစ်ခုဖြစ်ပါတယ်။ တောင့်တောင့်တင်းတင်းပုံကျနေရုံသာမက၊ ဆံပင်ပုံပြန်ပြင်ရလွယ်ကူပြီး၊ ရာသီဥတုဒဏ်ကိုလဲခံနိုင်မည့် ကမ္ဘာတစ်ဝှမ်းလူကြိုက်များအသုံးပြုနေကြသော ခေါင်းလိမ်းဆီဖြစ်ပါသည်။

Uppercut Deluxe - Featherweight ရဲ့ အသေးစိတ်အချက်အလက်များကို ကျနော်တို့တစ်ချက်ကြည့်လိုက်ကြရအောင်ဗျာ...

1. ပထမဆုံးအမြင်

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 

Uppercut Deluxe - Featherweight ကို စမြင်လိုက်တာနဲ့ Classic ဆန်တဲ့ ခပ်ဝိုင်းဝိုင်းပုပုနဲ့သတ္ထုဘူးကို တွေ့လိုက်ရမှာပါ။ ဘူးအဖုံးပေါ်မှာတော့ ဘေးပတ်လည် အဖြူရောင်အပတ်နဲ့ Uppercut Deluxe - Featherweight ရဲ့ အမှတ်တံဆိပ်နဲ့အတူ လက်ဝှေ့သမားနှစ်ယောက်ကို တွေ့ရပါတယ်။ လက်ဝှေ့ထိုးနေရင်းနဲ့တောင် ခံ့ညားနေမယ်လို့ပြောချင်တာဖြစ်မယ်ဆိုပြီး ထင်မိရပါတယ်။ 

ဘူးရဲ့ အပေါ်ဖက် အဖုံးလက်ကိုင်နေရာနဲ့ ဘူးအောက်ဖက်အစွန်တွေမှာ လက်ကိုင်ပြီး ဘူးကိုဖွင့်ပိတ်လုပ်တဲ့အခါ ချော်မထွက်သွားအောင် Grip ကောင်းကောင်းရဖို့ အထစ်လေးတွေကို ပတ်ပတ်လည် ထည့်ထားပေးတာ တွေ့ရပါသေးတယ်။ အရည်အသွေးမြင့်ထုတ်ကုန်များဖြစ်တဲ့အလျောက် သုံးဆွဲသူများအဆင်ပြေစေရန် အသေးစိတ် စဉ်းစားထုပ်လုပ်ထားတာအသေအချာပါပဲ။

2. ရနံ့

ဘူးကို လှည့်ဖွင့်လိုက်တာနဲ့ရလိုက်မှာကတော့ သင့်မနက်ခင်းကို လန်းလန်းဆန်းဆန်းရှိသွားစေမဲ့ Citrus Lemongrass အနံ့ပါ။ အနီးဆုံးပြောရရင်ဗျာ ခပ်ရှိန်းရှိန်းလေးနဲ့ လတ်လတ်ဆပ်ဆပ်ရှိတဲ့ သံပုရာသီးတစ်လုံးရဲ့အနံ့ကို ပေါင်းထားသလိုပဲ။ ဒါပေမယ့် လိမ်းလိုက်တဲ့အခါကျတော့ တစ်နေကုန်ခေါင်းပေါ်မှာ အဲ့ဒီအနံ့ရှိနေတယ်ဆိုတာကို ကိုယ်တိုင်တော့ သတိမထားမိတော့ပါဘူး။

3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

ခရီးသွား၊ လေယာဉ်ပေါ်အလွယ်တကူယူဆောင်သွားနိုင်မဲ့ 2.5oz/70g ပါရှိတဲ့ ဒီခေါင်းလိမ်းဆီက လုံးဝအဖြူရောင်အတိပါ။ လက်နဲ့ကော်ယူကြည့်တဲ့အခါမှာတော့ ခက်ပြစ်ပြစ်စေးစေးနဲ့ အနီးစပ်ဆုံးပြောရရင် Cheese ကိုကော်ယူလိုက်သလိုပါပဲ။ လက်နဲ့ပွတ်တိုက်ကြည့်တဲ့အခါမှာတော့ ဆံပင်ကိုပုံကျနေစေမယ့် စေးကပ်မှုအားကောင်းကောင်းကို တွေ့ရသလို တစ်ချိန်တည်းမှာပဲ ပျော့ပျော့ပျောင်းပျောင်းရှိပါတယ်။

4. ဆံပင်ပုံသွင်းခြင်း

Uppercut Deluxe - Featherweight ကို လက်နဲ့ပျော်ဝင်အောင်ပွတ်တိုက်ပြီး စလိမ်းကြည့်တဲ့အချိန်မှာ ထူးခြားကွဲထွက်နေတဲ့ ထုတ်ကုန်တစ်ခုလို့ပြောရပါမယ်။ အကြောင်းကတော့ သူ့ရဲ့စေးကပ်မှုနဲ့ လိမ်းတဲ့အခါ ချောမွေ့မှုဆိုတာတွေကို တစ်ခုတည်းမှာ ညီမျှအောင်ပေါင်းပေးထားနိုင်လို့ပါပဲ။

ဆံပင်ထဲကို စေးစေးလေးဝင်သွားပေမဲ့ မြန်မြန်ဆန်ဆန် ခြောက်မသွားတာကိုတွေ့ရပါတယ်။ ဘီးနဲ့အသုံးပြုနိုင်လောက်အောင် ချောမွေ့မှုတစ်စိတ်တစ်ပိုင်းကိုပေးပြီး၊ လက်နဲ့လည်း ဖွပေးနိုင်စေမဲ့ စေးကပ်မှုပါရှိပါတယ်။ သူ့ကို ဆံပင်အတို၊ အရှည် နဲ့ အထူ၊ အပါးမရွေးပဲ ဆံပင်ပုံစံတော်တော်များများကို အရယူနိုင်မဲ့ All Rounded Product တစ်မျိုးပါပဲ။ 

ဆံပင်ကိုသပ်သပ်ရပ်ရပ်ထားမလား?? Volume ထူထူနဲ့ထားမလား?? ဖွပြီးပဲထားမလား?? Uppercut Deluxe - Featherweight နဲ့ ဘာလုပ်မလဲဆိုတဲ့အဖြေက ဘော်ဒါတို့ဆီမှာပဲရှိနေမှာပါ။ 

5. ပုံသွင်းပြီးရလဒ်

Uppercut Deluxe - Featherweight ရဲ့ ပုံသွင်းနိုင်စွမ်းကတော့ သင့်စိတ်ကြိုက်ဆံပင်ပုံကိုပုံသွင်းပြီးပြီဆိုတာနဲ့ သိပ်အချိန်အကြာကြီးပေးစရာမလိုပဲ ကွက်တိပုံကျသွားစေမှာပါ။ ပုံကျသွားတဲ့အချိန်မှာလည်း သဘာဝဆံပင်တောက်ပြောင်မှု Natural Finish အနေအထားနဲ့ အရမ်းကြီးလဲမပြောင်၊ အရမ်းကြီးလဲမမှိန်ပဲ အနေတော်လေးပေးပါတယ်။ 

ထိန်းအားကလဲ အတော်ကောင်းတဲ့ Strong Hold နဲ့မို့လို့ သင့်ဆံပင်ကို တစ်နေ့တာပုံကျနေစေမှာပါ။ အပူချိန်နဲ့ ချွေးဒဏ်ကိုလဲ အတော်ခံနိုင်တာကိုတွေ့ရပါတယ်။ ဆံပင်ပုံကျသွားတဲ့အချိန်မှာတော့ အနည်းငယ်မာသွားစေပေမဲ့ အကယ်၍ဆံပင်ပုံကို ပြန်ပြောင်းချင်ခဲ့မယ်ဆိုရင်တောင် အချိန်မရွေးလက်နဲ့ပြန်သပ်တာပါဖြစ်ဖြစ်၊ ရေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် ပြန်ပြောင်းလို့ရစေပါတယ်။

6. ခေါင်းပြန်လျှော်ခြင်း

သူက ရေဓာတ်ကိုအခြေခံထားတဲ့ Water-Based Pliable Paste ဖြစ်တဲ့အလျောက် ရေနဲ့ဆံပင်ပုံစံကိုပြန်ပြင်နိုင်တာကိုတွေ့ရပြီး၊ ခေါင်းပြန်လျှော်တဲ့အခါမှာလည်း ရေနဲ့တင်အလွယ်တကူဆေးချသွားနိုင်တာကိုတွေ့ရပါတယ်။

7. နိဂုံး သုံးသပ်ချက်များ

ဒီအချက်တွေအားလုံးကိုချုံပြောရမယ်ဆိုရင်တော့ Uppercut Deluxe - Featherweight က တစ်မူထူးခြားပြီး ချောမွေ့မှုနဲ့ စေးကပ်မှုကို မျှမျှတတရှိစေမဲ့ ဆံပင်အမျိုးအစား၊ ဆံပင်ပုံစံသိပ်မရွေးပဲ နေ့စဉ်ကောင်းကောင်းအသုံးပြုနိုင်စေမှာဖြစ်တဲ့ Daily Driver All Rounded Product တစ်မျိုးဖြစ်မှာပါ။ အခြေအနေအချိန်အခါအမျိုးမျိုးအတွက် အမြဲတန်းအဆင်သင့်ရှိနေစေဖို့Uppercut Deluxe - Featherweight ကသင့်အတွက် ရွေးချယ်စရာအမျိုးအစားတစ်ခုပါပဲ။

ဒီတော့ အခုပဲ Uppercut Deluxe - Featherweight ကို #mmgents မှ အိမ်အရောက်မှာယူပြီး အပြည့်အဝ ခံ့ညားလိုက်နိုင်ပါပြီ။


🔥Uppercut Deluxe - Featherweight🔥
🔥Made in Australia🔥

✅တောင့်တောင့်တင်းတင်းတစ်နေကုန်ပုံကျစေသည်
✅အကောင်းဆုံး Strong Hold ထိန်းအား 
✅သဘာဝဆံသားအတိုင်း အနေတော်တောက်ပြောင်စေမှု Natural Finish
✅ဆံပင်အမျိုးအစား၊ ပုံစံအမျိုးမျိုးအတွက်မျှတသော ချောမွေ့မှုနဲ့ စေးကပ်မှု
ဘီးကိုအသုံးပြုပြီး ဆံပင်ကောက်သားကိုပြေစေနိုင်ခြင်း
လွယ်လွယ်ကူကူ ဆံပင်ပြန်ပြင်နိုင် 
ခေါင်းပြန်လျှော်ရလွယ်ကူ
✅လန်းဆန်းစေသော Citrus Lemongrass ရနံ့
✅2.5oz/70g ဘူး size

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။


Older Post Newer Post