Suavecito Oil Based Pomade Review

Suavecito Review

ကျနော်တို့ရဲ့ ဘိုးဘေးများလက်ထက်မှစပြီး ခေတ်အဆက်ဆက်အသုံးပြုခဲ့ကြတဲ့ ဂန္တဝင် Oil Based အမျိုးအစား Classic ခေါင်းလိမ်းဆီကို ပြန်လည်ဆန်းသစ်ထုတ်လုပ်ထားတဲ့ Suavecito Oil Based Pomade။ ဒီခေါင်းလိမ်းဆီရဲ့အသုံးဝင်ပုံအချက်အလက်တွေကို ကျနော်တို့တစ်ချက်ကြည့်လိုက်ကြရအောင်ဗျာ။

1. ပထမဆုံးအမြင်နှင့် ရနံ့

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 😁

ပထမဆုံးအနေနဲ့ Suavecito Oil Based Pomade ကို အလွန်သေသပ်လှပသော ဂန္တဝင် Western ခေတ် Victorian Era ဗူးဒီဇိုင်းနှင့်ထုတ်လုပ်ထားတာကိုတွေ့ရပြီး၊ ဗူးကိုဖွင့်လိုက်တာနဲ့ လူကြိုက်များသော Suavecito ရဲ့ မူလ Original ရနံ့သင်းသင်းကို ရရှိလိုက်မှာဖြစ်ပါတယ်။ ပြောရမဲ့ဆိုရင် ဗူးဒီဇိုင်းနဲ့ အနံ့မှာတင်အတော်ကြွေနေပါပြီ။

2. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

ပုံမှန် Water Based Pomade တွေလို မစိုဘဲ ချွဲပျစ်တဲ့အနှစ်ဘက်ကိုသွားတဲ့ ဒီ Suavecito Oil Based Pomade က ၁၉၂၀-၃၀-၄၀ လောက်တွေမှာ အထာကျကျ အနောက်တိုင်းဝတ်စုံ ဒါမှမဟုတ် တိုက်ပုံနဲ့ ရှုးဖိနပ်ဝတ်ဆင်ပြီး ဘိလပ်ခေါင်းလိမ်းဆီကို ဆံသားအုံထူထူမှာလိမ်း၊ အကျအနဖြီးခဲ့ကြတဲ့ ကျွန်တော်တို့ ဘိုးဘေးတွေလက်ထက်က Classic ဂန္တဝင်ခေါင်းလိမ်းဆီ formula ကိုမှ ပြန်လည်ပြင်ဆင်ဆန်းသစ်ထားတာပါ။ တနည်းပြောရရင် Oil Based Pomade တွေလိမ်းတဲ့ ကျွန်တော်တို့ဘိုးဘေးတွေက လူပျိုလှည့်ရင်း အိမ်ထောင်ရက်သားကျ၊ ကျွန်တော်တို့တွေအထိ မွေးလာတယ်ပေါ့ဗျာ။ Oil Based အစွမ်း အံ့မခန်းပေါ့။ 😅😅

3. ဆံပင်ပုံသွင်းခြင်း

Suavecito - Oil Based Pomade ကို ဆံပင်ထဲလိမ်းကြည့်တဲ့အချိန်မှာ လုံးဝချောချောမွေ့မွေ့နဲ့ အခက်အခဲမရှိပဲဝင်သွားတာကိုတွေ့ရပါတယ်။ ဆံပင်အမြစ်ထဲထိလွယ်လွယ်ကူကူလိမ်းပေးနိုင်တဲ့ အတွက် ဆံပင်ထူသူများအကြိုက်ပါပဲ။ ဆံပင်ပုံသွင်းတဲ့အခါမှာလဲ ဘီးနဲ့ အခက်အခဲမရှိဖြီးပေးနိုင်တာကိုတွေ့ရပြီး၊ လက်နဲ့ပြန်ပြီး ထိုးခွဲထားမယ်ဆိုလဲရပါတယ်။

4. ပုံသွင်းပြီးရလဒ်

Suavecito USA မှ ဆံပင်ထိန်းအားကို Medium Hold လို့သတ်မှတ်ထားပေမဲ့ လက်တွေ့အသုံးပြုကြည့်တဲ့အခါ ပိုကောင်းတဲ့ High Hold ထိန်းအားရှိတာကိုတွေ့ရပါတယ်။ ဆံပင်တောက်ပစေမှုကောင်းကောင်း High Shine ရှိတာကိုတွေ့ရပြီး၊ သူ့ရဲ့ဆံပင်ပုံစံကိုထိန်းပေးပုံက မာခဲသွားစေခြင်းမရှိပဲ ပျော့ပျော့ပြောင်းပြောင်းနဲ့ ပုံကျနေစေတဲ့ပုံစံမျိုးပါ။ 

တစ်နေ့လုံး ရေမလိုပဲ အချိန်မရွေးအလွယ်တကူဆံပင်ပုံစံပြန်ပြင်နိုင်ခြင်းက သူ့ရဲ့အားသာချက်တစ်ခုဖြစ်ပြီး၊ ဆံပင်ထူသူတွေအကြိုက်ဖြစ်မဲ့ ဆံပင်ကိုခြောက်ကပ်စေခြင်းမရှိ၊ ဘီးကိုအသုံးပြုကာ ဆံပင်ကောက်သားကိုပြေစေနိုင်ပြီး၊ စိုစိုစေးစေး ချောချောမွေ့မွေ့နဲ့ အချိန်နေရာမရွေး စိတ်ကြိုက်ပုံသွင်းခြင်း၊ ဆံပင်ပုံစံ ပြန်ပြောင်းခြင်းတို့ကို ပြုလုပ်လို့ရစေနိုင်ပါတယ်။ ဆံပင် undercut မဟုတ်ပဲ ဘေးအရှည်ကိုသိမ်းထားချင်သူတွေအတွက်လည်း အံကိုက်ပါပဲ။

အဆီဓာတ်ကိုအခြေခံထားတဲ့ Oil Based ဖြစ်တဲ့အလျောက်ရာသီဥတုအပူ၊ ချွေးနဲ့ မိုးရေဒဏ်တွေကိုအံတုနိုင်ပြီး၊ ဆံပင်ပုံစံတာရှည်ခံစေရုံသာမက ဆံပင်ခြောက်တာတွေ ဗောက်ထတာတွေအတွက်လည်း ပြန်လည်အားဖြည့်တင်းပေးနိုင်မဲ့ အဆီအခဲအမျိုးအစားဖြစ်ပါတယ်။ အားကစားသမားတွေကလည်း ဒီလို Pomade မျိုးကို အသုံးပြုလေ့ရှိပါတယ်။

ဒီအချက်တွေကြောင့်လည်း ဆံပင်ပုံစံကိုတစ်နေ့လုံး လိုသလိုစိတ်ကြိုက်ပြောင်းချင်သူများနဲ့၊ ဆိုင်ကယ်ဦးထုပ် သို့မဟုတ် အလုပ်မှာဦးထုပ်ဆောင်းဖို့လိုအပ်သူတွေအတွက် ဆံပင်ပုံစံကို စိတ်ပူစရာမလိုပဲ၊ အလွယ်တကူအချိန်နေရာမရွေး ပြောင်းလဲနိုင်စေမှာဖြစ်ပါတယ်။ အိပ်ပြီးပြန်ထလာရင်တောင် ဆံပင်ကိုအနည်းငယ်ပြန်သပ်ပေးလိုက်ရုံနဲ့ ပြန်လည်ခန့်ညားသစ်လွင်သွားစေမှာပါ။

ပြောရမယ်ဆိုရင်တော့ Hollywood ရုပ်ရှင်တွေထဲကလိုမျိုး ညအပြင်ထွက်ပြီး အိပ်ချင်တဲ့နေရာမှာအိပ်။ ပြီးရင်တော့ ဆံပင်က အော်တိုကြော့မော့နေမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ အိပ်ဆောင်ဘီးလေးတစ်ချောင်းတော့ ဆောင်ထားဖို့လိုတာပေါ့ဗျာ။

5. ခေါင်းပြန်လျှော်ခြင်း

Suavecito Oil Based Pomade ကိုအသုံးပြုတဲ့အခါမှာသိထားရမဲ့ နောက်တစ်ချက်ကတော့ ခေါင်းပြန်လျှော်တဲ့နေရာမှာ Oil Based Pomade ရဲ့ Build Up Effect ပါရှိတဲ့အတွက် ပြောင်စင်အောင်ရေဆေးချပေးစရာမလိုပါဘူး။ Build Up အဆီကျန်ခဲ့တဲ့အတွက် နောက်တစ်ကြိမ်ပြန်လိမ်းတဲ့အခါမှာ အနည်းငယ်သာအသုံးပြုပေးဖို့လိုပြီး Hold ကိုလည်းပိုပြီးမြှင့်တင်ပေးသွားပါတယ်။ နေ့စဉ်ခေါင်းလိမ်းဆီလိမ်းနေကြသူများနဲ့ ဆံပင်ပျော့လွန်းလို့အိကျနေပြီး၊ ကြည့်ကောင်းအောင်အမြဲတစ်ခုခုလိမ်းထားဖို့လိုအပ်သူတို့အတွက် အသုံးတည့်စေမှာဖြစ်ပြီး၊ ခေါင်းလိမ်းဆီအကုန်လည်းသက်သာစေပါတယ်။ ဒီ Build Up Effect အချက်ကြောင့်ပဲ Oil Based Pomade ကို ပြောင်စင်အောင်ဆေးချချင်မယ်ဆိုရင်တော့ အချိန်အနည်းငယ်ပေးရပါတယ်။

6. နိဂုံး သုံးသပ်ချက်များ

ဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် နေ့စဉ်ခေါင်းလိမ်းဆီလိမ်းနေကြသူများ၊ ဆံပင်ပုံစံကိုတစ်နေ့လုံး လိုသလိုစိတ်ကြိုက်ပြောင်းချင်သူများ၊ ဆံပင်ထူပြီး ခေါင်းလိမ်းဆီနှံ့အောင်လိမ်းရခက်နေသူများ၊ ဆံပင်ပျော့လွန်းလို့အိကျနေပြီး ကြည့်ကောင်းအောင်အမြဲတစ်ခုခုလိမ်းထားဖို့လိုအပ်သူများနဲ့၊ ဆံပင်ခြောက်ခြင်း ဗောက်ထခြင်းများရှိတတ်သူများအတွက် Suavecito Oil Based Pomade က စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကျနော်တို့ကိုလုံးဝ ရှေးရိုး Classic Traditional Feel အပြည့်ပေးနိုင်မဲ့ Product အမျိုးအစားတစ်ခုဆိုတာ မိတ်ဆွေတို့လည်းသိနိုင်ပြီပေါ့ဗျာ။

ဒီတော့ အခုပဲ Suavecito Oil Based Pomade ကို #mmgents မှ အိမ်အရောက်မှာယူပြီး အပြည့်အဝ ခံ့ညားလိုက်နိုင်ပါပြီ။

🔥Suavecito Oil Based Pomade🔥
🔥Made in USA🔥

✅လှပသေသပ်သော Classic ဗူးဒီဇိုင်း
✅မာခဲစေခြင်းမရှိ၊ ဆံပင်အစိုဓာတ်ကိုအားဖြည့်ပေးသော အဆီအမျိုးအစား Oil Based Pomade
✅အချိန်နေရာမရွေး ဆံပင်ပြန်ပြင်နိုင်
✅ထိန်းအားကောင်းကောင်း High Hold 
✅ဆံသားတောက်ပြောင်စေမှုကောင်းကောင်း High Shine
✅ဖြီးလိမ်းရချောမွေ့စေမည့် Smooth Application
✅ဘီးကိုအသုံးပြုပြီး ဆံပင်ကောက်သားကိုပြေစေနိုင်ခြင်း
✅Build Up Effect ကြောင့် ခေါင်းလျှော်ပြီး နောက်အကြိမ်ပြန်လိမ်းရာတွင် အကုန်သက်သာစေပြီး၊ ထိန်းအားပိုကောင်းစေခြင်း
✅Build Up Effect ကြောင့် ခေါင်းလျှော်ရာတွင် အချိန်အနည်းငယ်ပိုယူရခြင်း
✅Suavecito ၏ လူကြိုက်များသော မူလ Original ရနံ့
✅3oz/85g အရွယ်အစား

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents

----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။


Older Post Newer Post