Suavecito Premium Blends Hair Pomade Review

Suavecito Review

Water Based နဲ့ Oil Based Pomade တို့ရဲ့ စွမ်းဆောင်ရည်များကို ပေါင်းစပ်ပြီး ကမ္ဘာကျော် ခေါင်းလိမ်းဆီတံဆိပ် Suavecito မှ ထုတ်လုပ်ထားသော မာတောင့်ခဲသွားခြင်းမရှိ၊ အချိန်နေရာမရွေး ဆံပင်ပြန်ပြင်နိုင်၊ ထိန်းအားကောင်းကောင်း High Hold ကိုပေးပြီး၊ ဆံသားကို Medium Shine နှင့် တောက်ပြောင်နေစေမဲ့၊ USA Made, Suavecito Premium Blends Hair Pomade(အဝါရောင်) ခေါင်းလိမ်းဆီ။

ဒီတစ်ခေါက်မှာတော့ Suavecito Premium Blends Hair Pomade (အဝါရောင်) ရဲ့ အချက်အလက်တွေကို ကျွန်တော်တို့လက်တွေ့စမ်းကြည့်လိုက်ကြရအောင်....

1. ပထမဆုံးအမြင်

#mmgents မှပို့ဆောင်ပေးတဲ့ အပြင် Packaging ကတော့ မိတ်ဆွေတို့သိပြီးသားဖြစ်ကြတဲ့အတိုင်း လက်ဆောင်ပေးဖို့အသင့်နဲ့ လုံချုံမှုအပြည့်မို့လို့ တစ်ခုချင်းမပြောတော့ပါဘူး။ 😁

Suavecito Premium Blends Hair Pomade ကိုစမြင်လိုက်ရတာတော့ သပ်သပ်ရပ်ရပ်နဲ့ ရိုးရိုးရှင်းရှင်း Classic ဒီဇိုင်းသွားထားတဲ့ သတ္တုဘူးဖြစ်ပါတယ်။ အဖုံးမှာ Suavecito Premium Blends line ရဲ့ S logo ကို ဖောင်းကြွ Stamped Design နဲ့ ထင်းထင်းကြီး ဖန်တီးထားတယ်ဗျ။ ဘူးဘေးပတ်လည်နဲ့ အောက်ခံမှာတော့ ပါဝင်ပစ္စည်းတွေနဲ့ အသုံးပြုပုံကိုရေးထားပေးပြီးတော့ ဆံသားအတွက်အကျိုးရှိစေမဲ့ သဘာဝအဆီဓာတ်များကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

Suavecito Premium Blends Hair Pomade နဲ့ Suavecito Premium Blends Matte Pomade က သတ္တုဘူးချင်း ဆင်တူတာကို တွေ့ရမှာဖြစ်ပြီး ဘေးပတ်ပတ်လည်သုံးထားတဲ့အရောင်က Hair Pomade ဆို အဝါရောင်နဲ့ Matte Pomade ဆို အစိမ်းရောင်ဆိုပြီး ကွဲပြားသွားတာကိုတွေ့နိုင်ပါတယ်။

2. ရနံ့

ရနံ့ကတော့ မူလဘူတ Suavecito Original ရနံ့ကနေ ခွဲထွက်ပြီးတော့ အဝေးက ရှူနိုင်တဲ့ အနံ့မျိုးမဟုတ်ဘဲ သင်းသင်းလေးနဲ့ သဘာဝ ဆေးဘက်ဝင် အမွှေးအကြိုင်ရနံ့ ကို ဖန်တီးပေးထားတာတွေ့ရပါတယ်။ Lavendar နဲ့ Rosemary ရနံ့ လို့ပြောကြပြီး၊ တစ်ခါထဲ ကြွေသွားစေတဲ့အနံ့မျိုးမဟုတ်ပဲ၊ လိမ်းရင်းနဲ့ တဖြေးဖြေး သဘောကျလာစေတဲ့ အနံ့မျိုးပါ။

3. ခေါင်းလိမ်းဆီရဲ့ အသွင်အပြင်အနေအထား

ဘူးအတွင်းမှာတော့ Pomade 4oz/113g ပုံမှန်ပမာဏပါပြီးတော့ ဖွင့်ကြည့်လိုက်ရင် ဖယောင်းဖြူရောင် အနှစ်ကို ဘူးအပြည့်နီးပါးပါတာတွေ့ရပါမယ်။ Premium Blends မှာ artificial coloring မပါတဲ့အတွက် ကျွန်တော်တို့မြင်နေကျ ပရုတ်ဆီအဖြူရောင်နဲ့တောင် ခပ်ဆင်ဆင်တူပါတယ်။ လက်နဲ့ ကော်ယူလိုက်ရင်တော့ ပျစ်စေးတဲ့အတွက် မလိမ်းခင်လက်ပေါ်မှာ ကောင်းကောင်းလေး ပွတ်ပေးရမယ်ဗျ။ ပွတ်တိုက်ပေးပြီး လက်ပေါ်မှာ အကြည်ရောင်ဖြစ်သွားပြီဆိုရင်တော့ ဆံပင်ကိုစတင်လိမ်းလို့ရပြီဆိုတာကိုသိနိုင်ပါပြီ။

4. ဆံပင်ပုံသွင်းခြင်း

ဆံပင်ကိုစပြီးလိမ်းကြည့်တဲ့အချိန်မှာ ချောမွေ့စွာပျော်ဝင်သွားတာကိုတွေ့ရမှာပါ။ ဆံပင်ပုံစံကိုထိန်းပေးဖို့အတွက်လဲ စေးကပ်မှုအနည်းငယ်ပါဝင်ပါတယ်။ ဆံပင်လေးပြီး ပိကျသွားခြင်းမျိုးမရှိပဲ၊ အနေတော် weight ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့်နဲ့ ဘီးနဲ့ကော လက်နဲ့ပါ ပုံသွင်းလို့ရမယ်ဆိုတာကိုသိနိုင်ပါပြီ။ 

Suavecito Premium Blends Hair Pomade ကို ဆံပင်အနည်းငယ်စိုထိုင်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ အခြောက်ခံပြီးအချိန်မှာပဲဖြစ်ဖြစ် လိမ်းပေးနိုင်ပါတယ်။ Pomade တို့ရဲ့ ထုံးစံအတိုင်း ဆံပင်အစိုမှာလိမ်းပေးရင် ဆံပင်ကိုပိုပြီး အရောင်တောက်စေပြီး၊ ထိန်းအားတော့အနည်းငယ်ကျသွားတတ်ပါတယ်။

တစ်ကြိမ်ကို အနည်းငယ်စီကော်ယူပြီး လိုအပ်သလောက် လိမ်းပေးပါ။ လိမ်းပေးပြီးရင် ခေါင်းလိမ်းဆီနှံ့သွားအောင် ဘီးကိုအသုံးပြုပြီးညှိပေးနိုင်ပါတယ်။ တစ်ခေါင်းလုံးညီသွားပြီဆိုရင်တော့ ဆက်လက်ပြီး ဘီးကိုအသုံးပြုလို့သပ်သပ်ရပ်ရပ် Slick Look ပုံသွားတာပဲဖြစ်ဖြစ်၊ လက်နဲ့ထိုးဖွပေးပြီး ပေါ့ပေါ့ပါးပါး Casual ဆံပင်ပုံသွားတာပဲဖြစ်ဖြစ် ကြိုက်နှစ်သက်ရာပုံသွင်းနိုင်ပါပြီ။ ဒီနေရာမှာ ခေါင်းလိမ်းဆီကခြောက်ကပ်ခြင်းမရှိတဲ့အတွက် စိတ်တိုင်းကျတဲ့အထိ အကြာကြီးပုံသွင်းနိုင်တာကိုတွေ့ရမှာပါ။

5. ပုံသွင်းပြီးရလဒ်

ဆံပင်အရောင်မှာလဲ Suavecito Premium Blends Hair Pomade က တစ်နေ့တာအတွက် ဆံသားတောက်ပြောင်မှုကောင်းကောင်း High Shine ကိုပေးပြီး ဆံသားကောင်းသလိုပုံစံမျိုးကိုပေးသွားပါတယ်။

Pompadour အမောက်အတွက် Volume ကောင်းကောင်းကိုလဲပေးပြီး၊ Casual Look အတွက် ဆံသား Texture ကိုလဲ ပေါ်စေပါတယ်။ ဆံပင်ထိန်းသိမ်းရခက်သူ၊ ဆံပင်လှိုင်းနဲ့ အကောက်သားရှိသူတို့အတွက်လည်း ဘီးကိုအသုံးပြုပြီး သပ်သပ်ရပ်ရပ်ထိန်းထားပေးနိုင်တာကို တွေ့ရပါတယ်။

Suavecito Premium Blends Hair Pomade က High Hold ထိန်းအားကောင်းကောင်းနဲ့ ထိန်းထားပေးနိုင်တာကိုတွေ့ရပါတယ်။ ဆံသားတောက်ပြောင်မှုကတော့ လုံးဝ High Shine အနေအထားကို တစ်နေ့လုံးထိန်းပေးထားနိုင်တာကိုတွေ့ရပါတယ်။

ဆံပင်ကို အလွန်အမင်းတောင့်ခဲသွားခြင်းမရှိပဲ ထိန်းပေးသွားပြီး၊ သူရဲ့အဓိကအားသာချက်ဖြစ်တဲ့ ရေမလိုပဲ တစ်နေ့လုံး ဆံပင်ပုံအလွယ်တကူပြန်ပြင်နိုင်တာကတော့ သဘောအကျဆုံးအချက်ပါပဲ။ ဆံပင်ရှည်သူတွေအတွက်လဲ အဆင်ပြေမဲ့အနေအထားမှာရှိပါတယ်။ Hollywood ရုပ်ရှင်ကားတွေထဲကအတိုင်း လက်နဲ့ပြန်သပ်တဲ့ အထာတွေလုပ်လို့ရပြီပေါ့ဗျာ။

6. ခေါင်းပြန်လျှော်ခြင်း

ရေလျှော်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ပြောရရင် ခေါင်းမှာလိမ်းပြီးချိန် လက်ဆေးတဲ့အခါမှာတောင် ဆပ်ပြာမလိုဘဲ လွယ်လွယ်ကူကူ ရေဆေးသွားနိုင်ပါတယ်။ ခေါင်းလျှော်တာတော့ ပြောမနေတော့ပါဘူးနော့။

ခေါင်းလျှော်ပြီးချိန်မှာလည်း ဆံပင်ကို Nourish လုပ်ပေးခဲ့သလို ပျော့ပျော့ပြောင်းပြောင်း ဖြစ်သွားစေတာကိုတွေ့ရပါတယ်။ ဒါကတော့ ပြောခဲ့တဲ့အတိုင်း ထည့်ထားတယ်ဆိုတဲ့ သဘာဝအဆီဓာတ်တွေရဲ့ အာနိသင်ဖြစ်ပါလိမ့်မယ်။ ဒီလိုကရိကထ မများစေတဲ့အပြင် ဆံသားကိုဂရုစိုက်ပေးတာကလဲ Suavecito Premium Blends Hair Pomade ရဲ့ အားသာတဲ့အချက်တစ်ခုပါပဲ။

7. နိဂုံး သုံးသပ်ချက်များ

Suavecito Premium Blends Hair Pomade ရဲ့ လုပ်ဆောင်ချက်တော်တော်များများက Lifestyle မျိုးစုံနဲ့ကိုက်ညီပြီး၊ ဆံပင်အတိုအရှည် အသက်အရွယ်လဲမရွေးပဲ စွယ်စုံသုံးနိုင်လောက်တဲ့ ခေါင်းလိမ်းဆီမျိုးဖြစ်မယ်ဗျ။ တနေကုန် High Hold ထိန်းအားကောင်းကောင်းနဲ့ အရောင်တောက်ပမှုကလည်း High Shine အထိရောက်တယ်။ ဘီးရော လက်ပါ ဘယ်လိုပုံသွင်းသွင်းအဆင်ပြေတော့ ကာလံဒေသံနဲ့ ချိန်ပြီး သပ်သပ်ရပ်ရပ် Slick ပုံစံမျိုးတွေကော၊ အဖွပုံစံမျိုးတွေလဲသွားလို့ရတာကိုတွေ့ရတယ်ဗျ။ Side Part, Pompadour, Slick Back, Quiff အစရှိတဲ့ ပုံစံအမျိုးမျိုးနဲ့ ကိုက်ညီပါတယ်။

ခဲပြီး မာမသွားတာကတစ်ကြောင်း၊ ဘယ်အချိန်ပုံပြင်ပြင် လွယ်လွယ်ကူကူပြင်ဖြီးနိုင်တဲ့တစ်ချက်ကလည်း အပေါ်ထင်ဆုံး အားသာချက်ဖြစ်နေပြန်တော့ အိတ်ဆောင်ဘီးတစ်ချောင်းသာ လက်စွဲထားမယ်ဆို လေတဖြူးဖြူးနဲ့ ကားမောင်း၊ ဆိုင်ကယ်စီးလည်း စိုးရိမ်စရာ ဘယ်လိုတော့မလဲ။ ဒါကလဲ Biker ညီအကိုတို့နဲ့ နေ့စဉ် ဦးထုပ်ဆောင်းရတဲ့ အင်ဂျင်နီယာတွေလို ဘော်ဒါတွေအတွက်တော့ သင့်တော်တဲ့အချက်တစ်ခုဖြစ်မှာပါ။

ဒီလိုအရည်အသွေးကောင်း Men's Grooming Product တွေကို အမြန်ဆုံးအတန်ဆုံး ပို့ဆောင်ပေးမယ့် #mmgents ကနေ Suavecito Premium Blends Hair Pomade ကို အခုပဲမှာယူနိုင်ပါပြီ။



🔥Suavecito Premium Blends Hair Pomade🔥
🔥Made in USA🔥

✅Hybrid Type Hair Pomade
✅All Day High Hold

✅Medium Shine
✅Restylable Anytime, Anywhere
✅Great for Comb & Hair Styling
✅Hair Conditioning
✅Wash Out Easily With Just Water

AVAILABLE NOW at:

🎩 The Myanmar Gentlemen Supplies 🎩
Myanmar's First Men's Grooming Webstore

အရည်အသွေးမြင့် အမျိုးသားခေါင်းလိမ်းဆီများနှင့် ဆက်စပ်ပစ္စည်းများကို လက်လီ၊ လက်ကား ရရှိနိုင်ပါပြီ။
----------------------------------------------
မှာယူရန်နှင့် ကြည့်ရှုရန်... 👇
🌎www.mmgents.com
📱Facebook Messenger: m.me/mmgents
----------------------------------------------
🇲🇲#mmgents နှင့်အတူ ပုံမှန်များထဲမှဖောက်ထွက်လိုက်ပါ။


Older Post Newer Post